Thursday, August 19, 2010

ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေး နိုင်ငံတကာရောက် မြန်မာများ ထောက်ခံ

War Criminals
War Crime Genocide- Crimes Against Humanity
"Supports creation of U.N. commission of inquiry into war crimes in Burma"

For centuries such crimes were committed against millions of victims around the world, yet few of the perpetrators have been brought to justice. Now, with the establishment of the world's first permanent International Criminal Court, individuals will be held accountable for the most serious atrocities against human dignity: war crimes, crimes against humanity and genocide. In addition, the Court will also deal with the crime of aggression once it is defined.
(International Criminal Court )

မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများကို စုံစမ်း စစ်ဆေးမည့် လွတ်လပ်သော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အမေရိကန် ပြည်ထောင်စုက ထောက်ခံရန် ဆုံးဖြတ်လိုက်ခြင်းအပေါ် နိုင်ငံတကာရောက် မြန်မာများ၊ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်းများက အပြည့်အ၀ ထောက်ခံကြောင်းထုတ်ဖော် ပြသရန် မိမိတို့နေထိုင်ရာနိုင်ငံများတွင် ဆန္ဒပြပွဲများ ကျင်းပပြုလုပ် ကြတော့မည်ဖြစ်ကြောင်း ကြားသိရပါသည်။

နိုင်ငံတကာရောက် မြန်မာပြည်ဖွား ညီအကို မောင်နှမများခင်ဗျာ-မြန်မာပြည်ကို စစ်ကျွန်ဇာတ်သွင်းနေတဲ့ နအဖ စစ်ဗိုလ်ချုပ်ဟောင်းများ၊ စစ်ဗိုလ်ချုပ်သစ်တွေရဲ့ လူသား မျိုးနွယ် အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ် မှုများရပ်တန့်ဖို့၊ ၈ လေးလုံး၊ ဒီပဲယင်း၊ရွှေဝါရောင် ဒီမိုကရေစီရေးတောင်းဆိုမှုအရေအခင်းတွေ၊ နားဂစ်သဘာဝဘေး ကပ်ဆိုးကြီးတွေမှာ ရာဇ၀တ်မှုတွေကျူးလွန်ခဲ့ပြီး ရာဇ၀တ် ဘေးက ရှောင်ပြေး နေကြတဲ့ မြန်မာ နိုင်ငံက စစ်ရာဇဝတ်ကောင်တွေကို အရေးယူနိုင်ဖို့ မိမိတို့ရောက်ရာနေရာကနေ ၀ိုင်းဝန်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်

No comments:

Post a Comment