Saturday, September 4, 2010

နယူးဇီလန်နိုင်ငံတွင် ၇.၄ မဂ္ဂနီကျူ့ရှိ မြေငလျှင်တခု လှူပ်ခတ်သွား

မြေငလျှင်လှူပ်ခတ်သွားပြီးနောက် တွေ့ရသော ခရိုက်ချတ်ခ်ျမြို့လည်က အဆောက်အဦးတခု

နယူးဇီလန်နိုင်ငံ၊ တောင်ကျွန်းမှာရှိတဲ့ ခရိုက်ချတ်ခ်ျ (Christchurck) မြို့လည်မှာ အင်အား ၇.၄ မဂ္ဂနီကျူ့ ရှိတဲ့ မြေငလျှင်တခု စနေနေ့မနက် ၄ နာရီ ၃၅ မိနစ်အချိန်က လှူပ်ခတ်သွားပါတယ်။ ခရိုက်ချတ်ခ်ျ (Christchurck) မြို့လည်မှာရှိတဲ့ အိမ်၊ လမ်း နဲ့ ကားတွေအတော်များများပျက်ဆီးသွားပြီး။ လူအသေအပျော က်ရှိမရှိကိုတော့ အခုထိ တရားဝင် ထုတ်ပြန်တာမရှိသေးပါဘူး။
“ဆူနားမီး သတိပေးချက်တွေ ဘာတွေလည်းကြားဘူး။ လူတွေဘယ်လောက် ထိခိုက် ဒါဏ်ရာရတယ်ဆိုတာလည်း မသိရသေးပါဘူး။”လို့ မြို့ခံတဦးရဲ့ပြောပြချက်အရသိရပါတယ်။

မြို့ရှိ လမ်းမတွေအတော်များများ ပျက်ဆီးသွားပြီး၊ အဓိက ရေပေးတဲ့နေရာတွေလည်း ပျက်ဆီးသွားပါတယ်။ ပင်လယ်ကမ်းေ ခြတွေမှာ ရှိတဲ့ အိမ်တွေမှာနေတဲ့သူတွေကတော့ ဆူနားမီး လာမှာကိုကြောက်ပီးတော့ ပင်လယ်နဲ့ဝေးတဲ့နေရာတွေကို အလျှင်အမြန်ပြောင်းရွှေ့ကြောင်း သိရပါတယ်။ (ရာဇ၀င်)

No comments:

Post a Comment