Saturday, September 18, 2010

လူချစ်လူခင်များသော နိုင်ငံရေးသမား သတင်းစာဆရာ သခင်အုန်းမြင့် ကွယ်လွန်


အနှစ် ၈ဝ ခန့် နောက်ကွယ်မှ နိုင်ငံရေးလှုပ်ရှားခဲ့သူ၊ ဗိုလ်ချုပ်အောင်ဆန်း-ဒေါ်ခင်ကြည်မှ ဒေါ်အောင်ဆန်း စုကြည်ထိ အောင်ဆန်းမိသားစု၏ လူယုံ၊ လွတ်လပ်ရေး တိုက်ပွဲဝင် လက်ဝဲနိုင်ငံရေးသမား သခင်အုန်းမြင့် (၉၃ နှစ်) ယနေ့ နံနက် ၄ နာရီခွဲက ရန်ကင်း ဆူနီယံပတ် နေအိမ်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။

လူငယ်တယောက်လို အစဉ်သွက်လက် ပေါ့ပါးနေသော သခင်အုန်းမြင့်သည် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ ကို ကွယ်လွန်ခါနီးထိ အမြဲတွေ့ဆုံကူညီနေခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့ ဒုဥက္ကဋ္ဌအဖြစ်လည်း ကာလရှည်ကြာဆောင်ရွက်ပေးခဲ့သည်။



“ အေးအေးချမ်းချမ်း၊ ညီညီညွတ်ညွတ်နဲ့ တို င်းပြည် ကောင်းစေချင်လို့ ငြိမ်းချမ်းသော နိဗ္ဗာန်ဘုံသို့ ရောက်သွားပြီဖြစ်သော လက်ဝဲနိုင်ငံရေးသမား သခင်အုန်းမြင်တသက်လုံး နိုင်ငံရေး လုပ်ငန်းတွေဘဲ လုပ် ခဲ့တာဘဲ။ အဖေ တသက်လုံး လူမှုရေး တွေလည်း လုပ်ခဲ့တယ်။ နိုင်ငံရေးမှာရော၊ မိသားစုအတွက်ရော သူ တာဝန်ကျေပါတယ်”ဟု သားဖြစ်သူ ဦးဌေးအောင်က အမှတ်တရ ပြောသည်။

ဦးအုန်းမြင့်ကို ပဲခူးတိုင်း လက်ပံတန်းမြို့ တွင် ၁၉၁၈ ဧြ ပီ၂၁ ရက်၌ တရုတ်ကပြားမိသားစုမှ မွေးဖွားပြီး ၁၅ နှစ်သား ကျောင်းသားဘဝတွင် တို့ဗမာအစည်းအရုံးဝင်အဖြစ် နိုင်ငံရေးနယ်တွင် ခြေချခဲ့သည်။

ကြီးပွားရေး မဂ္ဂဇင်း၊ တိုးတက်ရေးသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့တွင်ပါဝင်ခဲ့ရုံမက ဆရာရင်းဦးချစ်မောင်နှင့် အတူ ဂျာနယ်ကျော်ကို ထုတ်ဝေပြီး ဆောင်းပါးများ ရေးသားခဲ့သည်။ စစ်ြပီးခေတ် ရန်ကျော်ဂျာနယ်၊ ကျော်လင်းစာပေများကို ဦးစီးပြီး လက်ဝဲစာပေ ဘာသာပြန်များထုတ်ဝေခဲ့ရုံသာမက သိန်းဖေမြင့်၏ နာမည်ကျော် “အရှေ့ ကနေဝန်းထွက်သည့်ပမာ” ဝတ္ထုကြီးကိုလည်း ၁၉၅၈ က ထုတ်ဝေပေးခဲ့သည်။

၁၉၅၈-၆ဝ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းအစိုးရခေတ်တွင် အခြာြးေ မပေါ်လက်ဝဲနိုင်ငံရေးသမားများနည်းတူ ဦးအုန်းမြင့်လည်း ပုဒ်မ ၅ ညဖြင့် ကိုကိုးကျွန်းအပို့ခံခဲ့ရသည်။

အရေးအခင်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပွဲ ဦးထွက်ကာလတွင် အထူးအားပေးစောင့်ရှောက်ခဲ့၍ နဝတအာဏာသိမ်းအပြီး ၁၉၈၉ ဇူလိုင်တွင် ဦးအုန်းမြင့်အဖမ်းခံရကာ ၃ နှစ်ခွဲ ထောင်ထဲနေခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝမှ ကျဆုံးသည့်အထိ သူ့တ ပည့်ရင်း ဦးအုန်းမြင့်က “သူ့အကြောင်း ကျနော် မှတ်မိသိရှိ သမျှ” ဆောင်းပါးများ ရေးသားခဲ့သည်။ ဘီဘီစီရုပ်မြင်သံကြားမှ တင်ဆက်သော ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုအကြောင်း Who Killed Aung San? မော်ကွန်းတင် ရုပ်သံ ဇာတ်လမ်းတွဲတွင်လည်း ဦးအုန်းမြင့်နှင့် တွေ့ဆုံခန်းကို ကြည့်ရှုနိုင်သည်။ လူငယ်များကို နိုင်ငံရေး သမိုင်းဆက် မပြတ်စေလို၍ အစဉ်ပြောဆိုရေးသားနေခဲ့သည်။

“ထောင်အရသာ”စာအုပ်ကို သခင်သန်းထွန်း၊ သခင်တင်မြ၊ သခင်မျိုးညွန့်၊ သခင်အေးကြူတို့နှင့် အတူ စုပေါင်း ရေးသားခဲ့သေး သည်။

“ ထောင်က ပြန်လာတဲ့လူတွေက ထောင်ကိုမကြောက်ကြနဲ့၊ ထောင်ဆိုတာ ဘာမှ ကြောက်စရာမဟုတ်ဘူး၊ ထောင်ထဲမှာ ဒို့ဘယ်လိုေ ကြွးကြော်တယ်၊ နယ်ချဲ့အာဏာရှင်တွေကို တော်လှန်ခဲ့တယ်ဆိုတာတွေ အဓိက ရေးထားတယ်။ ကျနော်ထောင်က ထွက်လာတဲ့အခါမှာ အဲဒီစာအုပ်ကို အမြဲတမ်း သတိရနေတယ်”ဟု NLD ဗဟိုအလုပ်မှုဆောင် နှစ် ၂ဝ နီးပါး အကျဉ်းကျခံခဲ့ရသော ဦးဝင်းတင်က ပြောသည်။

“နိုင်ငံရေးလုပ်ငန်းတွေမှာ နောက်ကနေ အမြဲတမ်း စိတ်အား ထက်သ န် လှုပ်ရှားနေတဲ့သူဘဲ၊ နိုင်ငံရေးသမား အမည်မခံဘူး။ ဒါပေမဲ့ နိုင်ငံရေးအခြေခံတဲ့ လူမှုရေး လုပ်ငန်းတွေကို သေတဲ့အထိ လုပ်သွားတယ်။ အဲဒါ စံနမူနာ ယူရမယ်”ဟု ဦးဝင်းတင်က ထပ်ပြောသည်။

ထောင်မကြောက်သည့် ဦးအုန်းမြင့်ကို အသက် ၈ဝ အရွယ်တွင် စစ်အစိုးရက ထောင် ၇ နှစ် ချ၍ ၃ နှစ်ခွဲ နေခဲ့ရသေးသည်။ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းပြုစုသူ ကိုအောင်ထွ န်းကို ကူညီမှုဖြင့် ဒေါက်တာမောင်မောင်ကျော် စသည့် ကျောင်းသားခေါင်းဆောင်ဟောင်းများနှင့်အတူ ထောင်ချခံရသည်။

ကွယ်လွန်ချိန်တွင် သားသမီး ၄ ဦးကျန်ရစ်ခဲ့ပြီး လာမည့် တနင်္ဂ နွေ ညနေ ၄ နာရီတွင် ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည် ဖြစ်သည်။
(ချင်းမိုင်(မဇ္စျိမ)

No comments:

Post a Comment