Monday, September 27, 2010

မြန်မာ့ဒီမိုကရေစီ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား အမေရိကန်ပြည်ထောင်စုတွင်တရားဝင် လွှင့်ထူခွင့်ရရှိ

စစ်အာဏာရှင်တိုက်ပွဲတွင် ဒီမိုကရေစီအင်အားစုများ ကိုင်စွဲလွှင့်ထူခဲ့သော တိုက်ပွဲဝင် ခွပ်ဒေါင်းအလံအား အမေရိကံပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် သက်ဆိုင်ရာအာဏာပိုင်များ၏ တရားဝင်ခွင့်ပြူချက်ဖြင့် စက်တင်ဘာလ (၂၅)နေ့ နံနက် ၁၁နာရီအချိန် ဘတ်ဖဲလိုးမြို့ မြို့တော်ခန်းမရှေ့ ပန်းခြံရှိ အမေရိကန်ပြည်ထောင်စု နိုင်ငံတော်အလံလွှင့်ထူရာ အလံတိုင်တွင် လွှင့်ထူခွင့်ရခဲ့ပါသည်။
ယင်းအလံလွှင့်ထူခြင်း အခန်းအနားသို့ အဝေးရောက်ညွှန့်ပေါင်းအစိုးရအဖွဲ့ ၀န်ကြီးချူပ်မှ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး၊ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှရဲဘော်ဟောင်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များ၊ ဒီမိုကရေစီရေးတက်ကြွလှုတ်ရှားသူများပါ ချီတက်အလေးပြူခဲ့ကြပါသည်။ ယင်း တိုက်ပွဲဝင်ခွပ်ဒေါင်းအလံအား အမေရိကံပြည်ထောင်စုတွင်တရားဝင်လွှင့်ထူခွင့်ပေးခြင်းမှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ့ဒီမိုကရေစီလှုတ်ရှားမှု့ကိုအသိမှတ်ပြူထောက်ခံခြင်းဖြစ်သလို၊မြန်မာနိုင်ငံတိုက်ပွဲဝင်ခွပ်ဒေါင်းအလံအား အလေးမြတ်ထားခြင်းလည်းဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်တစ်ဦးမှပြောကြားသွားခဲ့ပါသည်။

ဘတ်ဖဲလိုးဒီမိုကရက်တစ်အင်အားစုများ
အမေရိကန်ပြည်ထောင်စု




No comments:

Post a Comment