![]() |
နိုင်ငံရေးအကျဉ်းသားဟောင် ကိုအောင်ခိုင်မင်း (AAPP) |
ထိုတွေ့ဆုံပွဲတွင် ကိုအောင်ခိုင်မင်းက နယူးဇီလန်နိုင်ငံသို့ လာရသည့်ခရီးစဉ်အကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းဧ။် လုပ်ငန်းစဉ်များနှင့် သူကိုယ်တိုင်ဖြတ်သန်းခဲ့ရသည့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် မတရားဖမ်းဆီးခံ ထားရသည့် နိုင်ငံရေးအကျဉ်သားများဧ။် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများဧ။် မြန်မာ့ဒီမိုကရေစီရေး၊ ရွေးကောက်ပွဲ အခြေအနေ၊ နယ်စပ်အခြေဆိုက် တိုင်းရင်းသားအဖွဲ့အစည်းများအပါအ၀င် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများဧ။် လက်ရှိအခြေအနေများ စသည့်မေးမြန်ချက်များကို ပြန်လည်ဖြေကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။
ကိုအောင်ခိုင်မင်းဧ။် နယူးဇီလန်ခရီစဉ်ကို Amnesty International Aotearoa (New Zealand) အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (နယူးဇီလန်)ဧ။် အစီအစဉ်ဖြင့် ရောက်ရှိလာတာဖြစ်ပြီး၊ အော်ကလန်၊ ၀ယ်လင်တန်၊ ခရိုက်ချပ်ခ်ျ၊ ဒနိဒင်း မြို့များရှိ တကသိုလ်များ၊ အထက်တန်း ကျောင်းများနှင့် သို့သွားရောက်ပြီး ဌာနေပြည်သူများနှင့် တွေ့ဆုံကာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို တင်ပြမည်ဖြစ်ပြီး၊ နယူးဇီလန်အစိုး ရနှင့် မြန်မာ့အရေးကို အစဉ်တစိုက်အားပေးကြိုးပမ်း လုပ်ဆောင်ပေးလျှက်ရှိသော နယူးဇီလန်ပါလီမန်အမတ်များနှင့် တွေ့ဆုံမည်ဖြစ်ပါသည်။
ကိုအောင်ခိုင်မင်းသည် ၁၉၈၈ ခုနှစ် မြန်မာဒီမိုကရေစီအရေးတော်ပုံတွင်ပါဝင်ခဲ့မှုကြောင့် ကျောင်းထုတ်ခံခဲ့ရသည်။ ရန်ကုန်တကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို တက်ရောက်သင်ကြားစဉ် တကသိုလ်နောက်ဆုံးနှစ်အရောက်တွင် ၁၉၉၆ ကျောင်းသား လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ၁၉၉၇ ခုသြဂုတ်လတွင် စစ်ထောင်လှမ်းရေးမှ ဖမ်းဆီးခဲ့ပြီး၊ အောက်တိုဘာလတွင် ထောင်တွင်းတရားရုံးမှ ပုဒ်မ(၅)ညဖြင့် ထောင်ဒါဏ် ၇ နှစ်ပြစ်ဒါဏ်ပေးခံခဲ့ရသည်။ အင်းစိန်ထောင်နှင့် တောင်ငူထောင်တို့တွင် နိုင်ငံရေး အကျဉ်သားအဖြစ် ကျခံခဲ့ရသည်။
၂၀၀၂ ခုနှစ် အောက်တိုဘာလတွင် လွတ်မြောက်လာခဲ့သည်။ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ တွင် ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)တွင် ၂၀၀၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှပေးအပ်သည့် ပညာသင်စုကိုရရှိခဲ့ပြီး၊ ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ နိုင်ငံရေးနှင့်နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ကို အမေရိကန်ပြည်ထောင်စုရှိ (Indiana University)တွင် တက်ရောက်သင်ကြား ခဲ့သည်။ ၂၀၀၉ ခုနှစ် မေလတွင်ဘွဲ့ရရှိပြီး နောက် မိခင်အဖွဲ့အစည်းဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)တွင် ပြန်လည်တာဝန်ထမ်းဆောင်လျှက်ရှိသည်။
(ရာဇ၀င်)
No comments:
Post a Comment