Friday, October 15, 2010

နယူးဇီလန်ပါလီမန်တွင် မြန်မာ့အရေးကြားနာပွဲ

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ခိုင်မင်း (AAPP)က
နယူးဇီလန်ပါလီမန်တွင် မြန်မာ့အရေးထွက်ဆိုနေစဉ်။
(ဓါတ်ပုံ - ရာဇ၀င်)
 (၁၃)ရက်နေ့ညနေ (၆)နာရီက မြန်မာနိုင်ငံမှာ နယူးဇီလန်နိုင်ငံ ၀ယ်လင်တန်မြို့ရှိ နယူးဇီလန်ပါလီမန်မှာ မြန်မာစစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း နယူးဇီလန်ပါလီမန်ရဲ့ နိုင်ငံခြားရေးရာ သီးသန့် ကော်မတီမှာ ကြားနာခဲ့ပါတယ်။
ဒီကြားနာပွဲမှာ ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)က အကျဉ်းသားဟောင်း ကိုအောင်ခိုင်မင်းကိုယ်တိုင် တက်ရောက်ထွက်ဆိုခဲ့ ပါတယ်။ ကိုအောင်ခိုင်မင်းဟာ နယူးဇီလန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International)က အစီအစဉ်နဲ့ နယူးဇီလန်ကို ရောက်ရှိနေ တာဖြစ်ပါတယ်။

ကိုအောင်ခိုင်မင်းက မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ နအဖ စစ်အစိုးရရဲ့ ပြည်သူလူထုကို ဖိနှိပ်မှုများ နဲ့ အဓိက အနေဖြင့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အောကာင်းနဲ့ မြန်မာပြည်မှာကျင်းပတော့မဲ့ ရွေးကောက်ပွဲတွေဟာ တရားမျှတမှု မရှိကြောင်း၊ ပြည်သူလူထုအတွက် လုပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ကြောင်း။ ဒီမိုကရက်တစ် စံနှုန်းတွေနဲ့ မပြည့်စုံကြောင်း။ ထို့အပြင် စစ်အစိုးရကို တရားဝင်အောင် လုပ်နေတဲ့ ရွေးကောက်ပွဲတွေသာ ဖြစ်ကြောင်းကို အထောက်အထားများနဲ့တကွ တင်ပြခဲ့ပါတယ်။”

လက်ရှိ နယူးဇီလန်ပါလီမန်အမတ်နဲ့ လေဘာပါတီအမတ် (Cross –Party Parliament Group on Burma)ရဲ့ ဥက္ကဌဖြစ်သူ မာရီယန်စရိထ် (Maryan Street)ကလည်း နယူးဇီလန် အစိုးရ နိုင်ငံခြားရေးဝန်ကြီး မာရီမက်ကော်လီ (Murray McCully)ပေးပို့တဲ့ မြန်မာအရေးနဲ့ပါတ်သက်တဲ့ စာကိုလည်း ဖတ်ကြားတင်ပြသွားပါတယ်။

ထိုကြားနာပွဲကို နယူးဇီလန် ပါလီမန်အမတ်များ၊ သံင်္ဃာ့ဥသျှောင်အဖွဲ့ -နယူးဇီလန် ရဲ့ ဥက္ကဌ ဦးသြဘာသနဲ့ နယူးဇီလန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများလည်း တက်ရောက်ခဲ့ပါတယ်။ (ရာဇ၀င်)



နယူးဇီလန်ပါလီမန်တွင် ပြုလုပ်သော မြန်မာ့အရေးကြားနာပွဲတွင်
နိုင်ငံရေးအကျဉ်းသားဟောင် ကိုအောင်ခိုင်မင်း (AAPP)မှ မြန်မာ့အရေးတင်ပြနေစဉ်။

No comments:

Post a Comment