Thursday, October 21, 2010

အော်ကလန်တက္ကသိုလ်တွင် လက်ရှိမြန်မာ့အရေး ရှင်းလင်းတင်ပြပွဲတခုပြုလုပ်ခဲ့


အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ (၇)နာရီက နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့ရှိ Lecture Theatre Library, Auckland University မှာနိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ခိုင်မင်း (AAPP)က ပြည်သူများ၊ တက္ကသိုလ် ကျောင်းသားများအား လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ နအဖက ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲ အကြောင်းနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြပွဲတခုပြုလုပ်ခဲ့ပါတယ်။ ထိုပွဲကို Amnesty International – New Zealand က ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပြီး၊ ကိုအောင်ခိုင်မင်း ရဲ့ နယူးဇီလန်ခရီးစဉ်အတွက် နောက်ဆုံး အခမ်းအနားတခုလည်းဖြစ်ပါတယ်။



ဒီနေ့ပြုလုပ်တဲ့ပွဲမှာ မြန်မာ့အရေးနဲ့ပါတ်သက်လို့ ကိုအောင်ခိုင်းမင်းက အခုလိုပြောပါတယ်။

“နယူးဇီလန်အစိုးရနဲ့ပြည်သူတွေကို မြန်မာပြည်သားတွေဘက်ကနေ ရပ်တည်ပေးဖို့၊ အကူအညီပေးဖို့၊ ရွေးကောက်ပွဲကို ကန့်ကွက်ဖို့၊ ရွေကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုဖို့၊ မြန်မာစစ်အစိုးရအနေနဲ့ အတိုက်အခံအားလုံးနဲ့ တိုင်းရင်းသားအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့အတွက် ၀ိုင်းဝန်းဖိအားပေးကြဖို့နဲ့ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ကို တင်ပြပြောဆိုခဲ့ပါတယ်။”

နယူးဇီလန်ပြည်သူတွေနဲ့ တကသိုလ်ကျောင်းသားတွေရဲ့ ပြန်လည်မေးမြန်းချက်တွေကို သူကဆက်လက်ပြီး “ သူတို့အနေနဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားနေသူတွေကို ကူညီချင်ကြောင်း၊ ဘယ်လိုကူညီရမလဲဆိုတဲ့အကြောင်းနဲ့ နယူးဇီလန်အစိုးရရဲ့ မြန်မာပြည်အပေါ် ဘယ်လိုထောက်ခံမှု အကူအညိတွေ ပေးသလဲဆိုတာကို သိချင်တဲ့အကြောင်းတွေပါပါတယ်။” လို့ ပြောပြပါတယ်။

အခမ်းအနားအပြီးမှာတော့ Amnesty International – New Zealand ကမကထပြုလုပ်တဲ့ ကိုအောင်ခိုင်မင်း မိသားစုအပါအ၀င် မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် မိမိတို့ဓါတ်ပုံနဲ့တကွ လက်မှတ်ထိုးတဲ့ အစီအစဉ်တခုကိုလည်း ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။

ကိုအောင်ခိုင်မင်းဟာ နယူးဇီလန်ခရီးစဉ် (၁၀)ရက်တာအတွင်းမှာ နယူးဇီလန်မှာရှိတဲ့ ၀ယ်လင်တန်၊ ခရိုက်ချပ်ခ်ျ၊ ဒနီးဒင်း နဲ့ အော်ကလန်မြို့တွေမှာရှိတဲ့ တကသိုလ်ကော်လိပ်နဲ့ အထက်တန်းကျောင်းများကို သွားရောက်ခဲ့ပြီး၊ ၀ယ်လင်တန်မှာရှိတဲ့ နယူးဇီလန်ပါလီမန်မှာလည်း Cross parliamentary group on Burma နဲ့လည်း တွေ့ဆုံကာ မြန်မာ့အရေးနဲ့ နိုဝင်ဘာလ ၂၀၁၀ မှာ မြန်မာ့အရေးကြားနာပွဲကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ (ရာဇ၀င်)
 

No comments:

Post a Comment