Saturday, November 6, 2010

နယူးဇီလန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ဆန္ဒပြပွဲပြုလုပ်

မြန်မာစစ်အစိုးရကပြုလုပ်မဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့်၊ နိုဝင်ဘာလ (၆)ရက်နေ့ နံနက် (၁၀)နာရီမှ စတင်ကာ နယူးဇီလန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက ဆန္ဒပြပွဲတရပ်ပြုလုပ်ခဲ့ပါတယ်။

ထိုဆန္ဒပြပွဲကို အော်ကလန်မြို့လယ်ရှိ (Aotea square) ရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြပွဲသို့ နယူးဇီလန်နိုင်ငံရေးပါတီများဖြစ်သည့် လေဘာပါတီ၊ ဂရင်းပါတီ မှ အမတ်များ၊ နယူးဇီလန်အလုပ်သမားသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ နယူးဇီလန်နိုင်ငံသားများလည်း ပူးပေါင်းပါဝင် ဆန္ဒပြကြပြီး ဆန့်ကျင်ဆန္ဒပြပွဲကို ထောက်ခံအားပေးစကားများ ပြောကြားပေးခဲ့ ကြပါတယ်။  

လေဘာပါတီအမတ် (Phil Twyford)ကလည်း လေဘာပါတီမှ ဆန္ဒပြပွဲသို့ ပေးပို့သော ၂၀၁၀ ရွေးကောက်ပွဲနှင့် ပါတ်သက်သည့် သဘောထားထုတ်ပြန်ကြေငြာချက်ကို ဖတ်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစုများမှ နအဖကပြုလုပ်သည့် မြန်မာနိုင်ငံအလံသစ်ကို မီးရှို့ကာ ရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်သည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြပါတယ်။

ထို့နောက် (Aotea square) ရင်ပြင်မှ မြို့လည်လမ်းမကြီးတလျှောက် ချီတက်ကာ နအဖ စစ်အစိုးရဧ။် ၂၀၁၀ ရွေးကောက်ပွကြို ဆန့်ကျင်သည့် ကြွေကြော်သံများဖြင့် လှည့်လည် ဆန္ဒပြခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။
(ရာဇ၀င်)

No comments:

Post a Comment