Sunday, November 14, 2010

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းခံမှ ပြန်လွတ်ပြီ

ပြည်သူလူထုရှေ့ ပြုံးရွှင်နေသော ဒေါ်အောင်ဆန်းစုကြည်
(ဓါတ်ပုံ မဇျွိမ)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၁၃ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ယနေ့ ညနေပိုင်းတွင် လွတ်မြောက်အပြီး နေအိမ်ခြံဝင်းရှေ့၌ စောင့်ကြိုနေသည့် ပြည်သူများကို နှုတ်ခွန်းဆက်သနေစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ။ လွတ်မြောက်လာချိန်တွင် ပြည်သူ ၄ ထောင်ကျော်က နေအိမ်အနီး စောင့်မျှော်နေခဲ့ပြီး၊ သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်ဘက်တွင်လည်း လူဦးရေ တသောင်းကျော် စောင့်ဆိုင်းနေခဲ့သည်။

"တက်ညီလက်ညီ ရှိရမယ်" ဆိုတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည် က ပြည်သူတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လွတ်လာပြီးနောက် ခြံရှေ့မှာ ပြည်သူလူထုရှေ့ ပြောသွားတဲ့ စကားကတော့ ''နောက်ကလူတွေ မကြားရရင် ရှေ့ကလူက ပြန်ပြောပြပေါ့နော်။ အဲဒီလို တယောက်နဲ့ တယောက် မျှတစွာ ယူသွားကြဖို့ ၊ တယောက်နဲ့ တယောက် စာနာစိတ်ထားပေးပါ/ အားလုံး မနက်ဖြန် တွေ့ချင်ရင် မနက် ၁၂ နာရီ ရုံးကို လာခဲ့ပါ'' လို့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဆယ်စုနှစ်တခုကြာ မမြင်တွေ့ရသည့် သူမ၏ သားအငယ် ကင်မ် ခေါ် ကိုထိန်လင်းကို ဒီကနေ့ ဖုန်းနဲ့ စကားပြောခဲ့ပါတယ်။ ကိုထိန်လင်းဟာ မိခင်ဆီ အလည်အပတ် လာရောက်ဖို့အတွက် မြန်မာနိုင်ငံထဲ ပြည်ဝင်ခွင့်ဗီဇာရဖို့ ထိုင်းနိုင်ငံမှာ ကြိုးပမ်းနေပါတယ်။

(မဇျွိမသတင်းမှ စုစည်းတင်ပြသည်)

No comments:

Post a Comment