Monday, November 22, 2010

နယူးဇီလန်တွင် အခြေချနေထိုင်သော နိုင်ငံတကာမှ ဒုက္ခသည်များရဲ့ အတွေ့အကြုံနှီးနှောဖလှယ်ပွဲ

ကရင်အမျိုးသမီးတဦးမှ ၄င်းဖြတ်သန်းခဲ့ရaသာ
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်ဘ၀အခြေအနေများကို
တင်ပြဆွေးနွေးစဉ်။ (ရာဇ၀င်)

နိုဝင်ဘာလ ၂၁ ရက်နေ့က နယူးဇီလန်နိုင်ငံ ၊ အော်ကလန်မြို့ရှိ အော်ကလန် တက္ကသိုလ်မှာ နယူးဇီလန်နိုင်ငံတွင် လာရောက်အခြေချ နေထိုင်ကြသော ကမ္ဘာအနှံ့အပြားမှ ဒုက္ခသည်များက မိမိတို့ဖြတ်သန်းခဲ့ရသော ပြည်တွင်းပြည်ပ အတွေ့အကြုံများကို ရှင်းလင်းတင်ပြတဲ့ ( Refugee Stories Symposium Program) နှီးနှောဖလှယ်ပွဲတခု ပြုလုပ်ခဲ့ပါတယ်။

ထိုပွဲကို နယူးဇီလန်နိုင်ငံတွင် လာရောက်အခြေချနေထိုင်သူများအတွက် ဖွင့်လှစ်ပေးသော လူမှုရေး၊ ဘာသာစကားနှင့် ပညာရေး အထောက်အကူ ပေးနေသာ (AUT Center for Refugee Education, School of Languages and Social Sciences, Applied Humanities) အဖွဲ့၊ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (Refugee Manangemant Service) တို့က ကြီးမှူး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ထိုနှီးနှောဖလှယ်ပွဲသို့ မြန်မာနိုင်င့မှ ရောက်ရှိအခြေချနေထိုင်လျှက်ရှိသော ကရင်၊ မွန်၊ မြန်မာ တိုင်းရင်းသားများကလည်း မိမိတို့ ဖြတ်သန်းခဲ့ရသော ပြည်တွင်းနိုင်ငံရေးအခြေအနေ နှင့် မြန်မာနိုင်ငံနယ်စပ် ဒုက္ခသည်ဘ၀အခြေအနေများ၊ နယူးဇီလန်သို့ ရောက်ရှိပြီးနောက် မိသားစုဘ၀အခြေအနေများကို ကိုယ်ပိုင်အတွေ့အကြုံများဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ ယင်းနှီးနှော ဖလှယ်ပွဲကို နှစ်စဉ်ကျင်းပကြောင်းလည်း သိရပါတယ်။ နယူးဇီလန်အစိုးရမှ နှစ်စဉ် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဒုက္ခသည် ၇၀၀ ခန့် ကို အခြေချ နေထိုင်ရန်အတွက် ခေါ်ယူလျှက်ရှိပါသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲကို နံနက် (၉)နာရီ မှ ညနေ (၃)နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး၊ တက်ရောက် လာသူများကို နေ့လည်စာဖြင့် ဧည့်ခံကာ၊ မွန်အက၊ ကရင်အက၊ ဘရူဒီယံအက(Burundian Dance)၊ အီယီတီယံအက (Eritrean Dance)များဖြင့် ဖျော်ဖြေခဲ့ကြ ပါတယ်။ အာဖဂန်နိုင်ငံမှ လာရာက် အခြေချနေထိုင်သူတဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ပုံအပါအ၀င် သူကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားများကိုလည်း ပြသခဲ့ပါတယ်။ (ရာဇ၀င်)

No comments:

Post a Comment