Tuesday, December 21, 2010

ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင် ပြီးစီးလု

ဒေါ်အောင်ဆန်းစုကြည်အဖြစ် ၀ုပ်ဆောင်ထားတဲ့ 
ဇာတ်ဝင်ခန်းတခုမှ မင်းသမီး မီရှလ်ယို
ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ပြယုဂ်၊ မြန်မာအမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည် အကြောင်း ရိုက်ကူးထားတဲ့ (The lady)အမည်ရှိ ရုပ်ရှင်ကားဟာ မကြာမီတွင် ရိုက်ကူး ပြီးစီးတော့မှာဖြစ်ကြောင်း သိရပါတယ်။

ထိုရုပ်ရှင်ကားကို လူဘေဆင် (Lu Besson)က ရိုက်ကူးပြီး၊ ဒေါ်အောင်ဆန်းစုကြည် အဖြစ် မလေးရှားမင်းသမီး မီရှလ်ယို (Michelle Yeoh)က သရုပ်ဆောင်ထားကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်လ်အဲရစ်အဖြစ် ဒေးဗစ် သယူးလစ်စ် (David Thewlis) က သရုပ်ဆောင်ထားပါတယ်။ ထို ရုပ်ရှင်ကားဟာ ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ်က သာမန် အိမ်ထောင်သည်ဘ၀မှ မြန်မာစစ်အာဏာရှင်တွေ ထိပ်လန့်ကြောပ်ရွံ့ရတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်ရဲ့ဘ၀ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး မီရှယ်လ်ယို (Michell Yeoh)

(The lady) ရုပ်ရှင်ကားကို ၂၀၁၀ အောက်တိုဘာလတွင် ထိုင်းနိုင်ငံမှာ ရိုက်ကူးခဲ့ပြီး၊ ယခုအခါ အောက်စ်ဖို့က ရိုက်ကူးမှုများ ပြီးဆုံးခါနီးပြီ ဖြစ်ကြောင်း လန်ဒန်အခြေဆိုက် ဂါးဒီးယန်းသတင်းစာ အင်တာနက်စာမျက်နှာမှာ (၁၉ ။ ၁၂၊ ၂၀၁၀)ရက်နေ့က ရေးသားဖော်ပြထားပါတယ်။

ထို (The lady) ရုပ်ရှင်ကားကို ပြင်သစ်ရုပ်ရှင်ကုပဏီ (Europacorp) နဲ့ ယူကေက လွတ်လပ်တဲ့ရုပ်ရှင်ကုပဏီတခုဖြစ်တဲ့ (left Bank pictures)တို့က ပူးပေါင်းရိုက်ကူးတာဖြစ်ပါတယ်။


(The lady) ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေစဉ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး မီရှယ်လ်ယို (Michell Yeoh)ဟာ ရန်ကုန်ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သရုပ်ဆောင် မီရှယ်ယိုဟာ မလေးရှားမယ်အဖြစ် ၁၉၈၃ ခုနှစ်က ရွေးချယ်ခံခဲ့ရပြီး၊ ဂျက်ကီချမ်းအပါအ၀င် ဟောင်ကောင် ရုပ်ရှင်မင်းသားများနဲ့ တွဲဖက်ရိုက်ကူးခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်တွင် ရိုက်ကူးခဲ့တဲ့ ၁၈ ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကား (Tomorrow Never Dies)တွင် ပါဝင်သရုပ်ဆောင်ခဲ့သလို။ ၁၉၉၀ ခုနှစ်က တရုပ်သိုင်းရုပ်ရှင်ကား (Chroching Tiger, Hidden Dragon)တွင် ပါဝင်ခဲ့ရာ ပိုမိုကျော်ကြားလာခဲ့ပါတယ်။

No comments:

Post a Comment