Sunday, December 5, 2010

လူ့အခွင့်အရေးတွေအတွက် စာရေးကြပါ

ခန္တီးအကျဉ်းထောင်မှာ ထောင်ဒဏ် ၈ နှစ်ခွဲ ကျခံနေရတဲ့ 
နိုင်ငံရေးအကျဉ်းသား မစုစုနွေး
မြန်မာ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လန်ဒန် အခြေစိုက် Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ကြီးနဲ့ နယူးဇီလန်နိုင်ငံရောက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign New Zealand (BCNZ) အဖွဲ့တို့ ပူးပေါင်းပြီး “Write for Rights”- “မိမိ မွေးရာပါ လူ့အခွင့်အရေးအတွက် စာရေးကြပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတရပ်ကို Auckland နဲ့ Wellington မြို့တွေမှာ မနေ့က စတင်ခဲ့တယ်လို့ သိရပါတယ်။

လောလောဆယ် ပထမဦးဆုံး လှုပ်ရှားမှုအဖြစ် ခန္တီးအကျဉ်းထောင်မှာ ထောင်ဒဏ် ၈ နှစ်ခွဲ ကျခံနေရတဲ့ မစုစုနွေးနဲ့ ပူတာအိုထောင်မှာ ၃၅ နှစ် ကျခံနေရတဲ့ ကိုဇာဂနာ တို့အတွက် လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ BCNZ အဖွဲ့တာဝန်ခံ ကိုနိုင်ကိုကိုက RFA ကို ပြောပြခဲ့ပါ တယ်။

အကြောင်းစုံကို အာအက်ဖ်အေ အဖွဲ့သား ဦးဘအောင်က စုစည်းတင်ပြထားပါတယ်။
(RFA) မြန်မာပိုင်းအစီအစဉ်တွင် နားဆင်နိုင်ပါသည်။

ဒီလင့်ကိုဖွင့်၍ မစုစုနွေး လွတ်မြောက်ရေးအတွက် ကူညီပါ၊

No comments:

Post a Comment