Friday, March 4, 2011

မြန်မာ့အရေး နယူးဒေလီတွင် ဆွေးနွေး

မြန်မာပြည် ဒီမိုကရေစီပြောင်းလဲရေး
ကွန်ဖရင့်၏ မနက်ပိုင်းတွင် ပြုလုပ်သည့် 
စားပွဲဝိုင်းဆွေးနွေးပွဲ (ဓာတ်ပုံ - မဇ္ဈိမ)
မြန်မာနိုင်ငံ ဒီမိုကရေစီရေးဆိုင်ရာ ညီလာခံတရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီရှိ Zakir Husain ကောလိပ်၌ ကြာသပတေးနေ့တွင် စတင်လိုက်သည်။

၂ ရက်ကြာ ကျင်းပမည့် ညီလာခံသို့ ဒေလီနှင့် နေရူး တက္ကသိုလ်များမှ ပါမောက္ခများ၊ အိန္ဒိယ နိုင်ငံရေးသမားများနှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများ တက်ရောက်ဆွေးနွေးခြင်း ဖြစ်သည်။ 
မြန်မာ့ဒီမိုကရေစီရေးအတွက် မည်သို့လုပ်ကိုင်သင့်ကြောင်းစားပွဲဝိုင်းဆွေးနွေးပွဲကို မနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ သဘာပတိဖြစ်သူ နိုင်ငံခြားရေး အတွင်းဝန်ဟောင်း မစ္စစ် Shyam Saran က “အခု (မြန်မာ) အစိုးရသစ်က People to people ပေါ့။ အိန္ဒိယနဲ့ မြန်မာ ပြည်သူလူထုချင်း ဆက်ဆံမှု တိုးမြှင့်သင့်တယ်” ဟု ပြောဆိုခဲ့သည်။

အိန္ဒိယ အာဏာရပါတီ ကွန်ဂရက်စ်မှ နိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်သူ အောက်လွှတ်တော်အမတ် မစ္စတာ Shashi Tharoor နှင့် အထက်လွှတ်တော်အမတ် Mani Shankar Aiyar တက်ရောက်ခဲ့ကာ၊  ညနေပိုင်း ဟောပြောပွဲသို့ Zakir Husain ကောလိပ်မှ နိုင်ငံရေးသိပ္ပံ ကျောင်းသား ၃ဝဝ ကျော် လာရောက် နားထောင်ခဲ့သည်။

ယနေ့ညီလာခံမှာ ညနေ ၅ နာရီ ရပ်ဆိုင်းခဲ့ကာ၊ မနက်ဖြန်တွင် ထိုင်းနှင့် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဦးဆောင်ဆွေးနွေးမည်။((မဇ္ဈိမ
)

No comments:

Post a Comment