Monday, May 16, 2011

နိုင်ငံရေးအကျဉ်းသားအခွင့်အရေး အရှင်ဂမ္ဘီရ ဦးဆောင်တောင်းဆို

စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ရောက်   နိုင်ငံရေး အကျဉ်းသားတွေကထောင် တွင်း ဆေးကုသခွင့် ကောင်းကောင်းမွန်မွန်ရရှိဖို့နဲ့ တခြား နေထိုင်မှု အခွင့်အလမ်းတွေရဖို့ မြန်မာ အစိုးရသစ် နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြ တောင်းဆိုလိုက်ပါတယ်။

ဒီ တောင်းဆိုစာကို ကလေးမြို့အကျဉ်းထောင် မှာ ထောင်ဒဏ် ကျခံနေရတဲ့ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရ က ပြီးခဲ့တဲ့ရက်က ထောင်ဝင်စာ သွားရောက်တွေ့ဆုံတဲ့ အမဖြစ်သူ မခင်သူဌေး က တဆင့် ထောင်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ပေးလိုက်တာလို့ သိရပါတယ်။


တောင်းဆိုချက်မှာ အကျဉ်းထောင်အတွင်း ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အခြေအနေတွေ၊ လူမှုရေးဆိုင်ရာ အချက်တွေအပြင် အကျဉ်းထောင်လက်စွဲ စာအုပ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ နိုင်ငံရေးအကျဉ်းသား အခွင့်အရေးတွေ ရရှိဖို့ စသဖြင့် အချက် (၆) ချက် ပါဝင်တယ်လို့ မခင်သူဌေးက RFA ကို ပြောပါတယ်။

ဒီစာကို ပြီးခဲ့တဲ့ မေလ (၁၁) ရက်နေ့မှာ ထောင်အာဏာပိုင်တွေကို တင်ပြလိုက်တာ ဖြစ်ပြီး မိတ္တူကို သမ္မတ ဦးသိန်းစိန် အပါအဝင်၊ ဒု-သမ္မတတွေ၊ အကျဉ်းဦးစီးဌာန၊ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် နဲ့ အာရှ လူ့အခွင့်အရေး ကော်မတီတို့ကို ပို့ပေးဖို့ နိုင်ငံရေး အကျဉ်းသားတွေက ပန်ကြားလိုက်တယ်လို့ ဆိုပါတယ်။

အခုလို တောင်းဆိုရတဲ့ အဓိက အကြောင်းရင်းကတော့ ကလေးမြို့ အကျဉ်းထောင်မှာ အမြဲတမ်း တာဝန်ယူ စောင့်ရှောက်တဲ့ ထောင်ဆရာဝန် မရှိတဲ့အတွက် အကျဉ်းသားတွေ အခက်အခဲ ရှိနေတာကြောင့်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နိုင်ငံရေးအကျဉ်းသား ဦးညီပုနဲ့ ဦးတင်ယု ကို အပြင် ထောင်ဆေးရုံ ထုတ်ပြီး ဆေးကုရခဲ့ရတယ်လို့ သိရပါတယ်။ (RFA)


No comments:

Post a Comment