မြန်မာနိုင်ငံသို့ ဒုံးကျည်လက်နက်နှင့် ဆက်စပ်ပစ္စည်များ သယ်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား ကုန်တင်သဘောင်္ တစီးသည် အမေရိကန် ရေတပ်က တားမြစ်သောကြောင့် မိခင်နိုင်ငံသို့ လွန်ခဲ့သည့် ၂ ပတ်ခန့်က လှည့်ပြန် သွားခဲ့ရကြောင်း သိရသည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တောင်ဘက် ပင်လယ်ပြင်တွင် M/V Light အမည်ရှိ မြောက်ကိုရီးယားသင်္ဘောကို တာဝေး မိုင် ၃၅၀ ခန့်အထိ ပစ်ခတ်နိုင်သည့် ဝေဟင်ပစ် ဒုံးကျည်များနှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများကို သယ်ဆောင်လာခဲ့ သည်ဟု သံသယရှိ၍ အမေရိကန် ရေတပ် ဖျက်သင်္ဘော McCompbell က တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း New York Times ၏ ယမန်နေ့က သတင်းတပုဒ်တွင် ဖော်ပြထားသည်။