Tuesday, June 21, 2011

နယူးဇီလန်နိုင်ငံ အော့က်လန်တွင် ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့်မွေးနေ့ အခမ်းအနား

ရာဇ၀င် (နယူးဇီလန်) 19 June 2011

မန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒ်ါအောင်ဆန်းစုကြည် ရဲ့ (၆၆)နှစ်မြောက်မွးနေ့ ပွဲအခမ်းအနားကို နယူးဇီလန်နိုင်ငံ ၊အာ့က်က လန်မြို့တွင် ၂၀၁၁၊ ဇွန်လ ၁၉ ရက် (တနင်္ဂနွေနေ့) နယူးဇီလန် စံတော်ချိန် ညနေ ၃ နာရီမှ ၅ နာရီအထိ ကျင်းပခဲ့ပါတယ်။

အခမ်းအနားတွင် ဗုဒ္ဓဘာသာ ရဟန်းတော်များက ဒေါ်အောင်ဆန်းစုကြည်အတွက် ပရိတ်တရားတော်ကို ရွတ်ဖတ်ကာ မွေးနေ့ဆုတောင်း မတ္တာပို့သပေးခဲ့ပါတယ်။ ထို အခမ်းအနားကို နယူးဇီလန် လွှတ်တော်အမတ်များ ဖြစ်ကြတဲ့ ဂရင်းပါတီ (Green Party) ပါလီမန်အမတ် မစ္စတာ ကိသ်လော့ (Keith Lock) နဲ့ လေဘာပါတီ (Labor Party) အမတ် ကာရို ဗျူးမောက် (Carol Beaumont) တို့ ဧည့်သည်တော်အဖြစ် တက်ရောက် ကာ၊ မွးနေ့ နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ကြပြီး၊ ဒ်ါအောင်ဆန်းစုကြည် မွေးနေ့ကိတ်ကိုခွဲ၍မွးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များနဲ့ မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားသူများကလည်း ဒ်ါအောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး၊ လှုမှုရေး လှုပ်ရှားမှုအချို့အကြောင်းနဲ့ နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစကြည် ရဲ့ မွေးနေ့ ဟာ မြန်မာနိုင်ငံ အမျိုးသမီးများနေ့လည်း ဖစ်တဲ့အတွက် အခမ်းအနားကို တက်ရောက်လာကြတဲ့ အမျိုးသမီးများက လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်စိတ်ဓါတ်၊   မန်မာအမျိုးသမီးခေါင်းဆောင်တဦးရဲ့ ဒီမိုကရေစီရေးကို အမျိုးသားများနဲ့ ရင်ဘောင်တန်း လှုပ်ရှားနေမှုများကို ပြောကြားခဲ့ကြပါတယ်။

အခမ်းအနားတွင် နယူးဇီလန်ရောက် မြန်မာ့မျိုးဆက်သစ်လူငယ်လေးများအတွက်ရည်ရွယ်ကာ (အမေစုနှင့် မြန်မာပြည် ခါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ ပုလုပ်ပေးခဲ့ပြီး၊ ဆုရရှိသူများနဲ့ ပြိုင်ပွဲဝင်သူအားလုံးကို ဆုအသီးသီး ချီးမြှင့်ပေးခဲ့ပါတယ်။ ထို့နောက် တက်ရောက်လာသူအားလုံးကဒ်ါအောင်ဆန်းစုကြည် သက်တော်ရာကျော် ရှည်ပါစေဟု သုံးကြိမ် ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသူများအားလုံးကို မြန်မာ့ရိုးရာ အစားအစာ အုန်းနို့ခေါက်ဆွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါတယ်။ (သတင်း၊ ဓါတ်ပုံ - ရာဇ၀င် )

No comments:

Post a Comment