ပဲခူး မြို့နယ်မှာ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၂ အတွင်း ပြန်လည် လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၀၀ ကျော်ကို အခမ်းအနားနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ပဲခူး နာရီစင် အနီးမှ ဂရင်းဆိုရှယ် ခန်းမမှာ ဒီကနေ့ မနက် ကိုးနာရီက စတင်ခဲ့တဲ့ ဒီဂုဏ်ပြုပွဲကို မကြာသေးခင်က လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ကော်မတီဖွဲ့ စီစဉ်တာပါ။
ကိုမင်းကိုနိုင်တို့ အပါအဝင် ရှစ်ဆယ့်ရှစ်မျိုး ဆက် ကျောင်းသားခေါင်းဆောင်တွေလည်း ဒီပွဲ ကို တက်ရောက်ဂုဏ်ပြုခဲ့သလို ပရိသတ် ၄၀၀ ကျော် တက်ရောက်ကြပါတယ်။
အခမ်း အနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦးရဲ့ သဝဏ်လွှာကို ဖတ်ကြားသလို ပဲခူးတိုင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြတ်လှနဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့ကလည်း ဂုဏ်ပြု အမှာစကား ပြောပါတယ်။
အေးနိုင် · (DVB)
No comments:
Post a Comment