Tuesday, April 17, 2012

နယူးဇီလန်နိုင်ငံ ၊ အော်ကလန်မြို့တော်ဝန်မှ မြန်မာ့နှစ်သစ်ကူးသင်္ကြန်သို့  သ၀ဏ်လွှာပို့ 

အော်ကလန်မြို့တော်ဝန်လင်ဘရောင်း (Len Brown)မှပေးပို့ သော သ၀ဏ်လွှာကို ဖတ်ကြားနေစဉ် (ဓါတ်ပုံ - ရာဇ၀င်)
နယူးဇီလန်နိုင်ငံ ၊ အော်ကလန်မြို့ ရောက် မြန်မာမိသားစုများရဲ့  ၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာနှစ်သူးအတာသင်္ကြန်ပွဲတော်ကို ဧပြီလ (၁၃)ရက်နေ့ ညနေက အော်ကလန်မြို ၊ ဂလင်းအင်နစ်ရပ်ကွက်ရှိ တမာကီ ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲတော်သို့  အော်က လန်မြို့တော်ဝန် လင်ဘရောင်း (Len Brown)မှ သ၀ဏ်လွှာပေးပို့ ခဲ့ပါတယ်။ 

ထို သင်္ကြန်ပွဲတော်မှာ မြန်မာ့ရိုးရာ သင်္ကြန်အကများ၊ ခေတ်ပေါ်အကများ၊ ကာရာအိုကေ သီချင်းများနဲ့  (4 Star Live Band) နှင့်တွဲဖက်၍ တေးသီချင်းများက်ုသီဆိုဖျော်ဖြေခဲ့ပါတယ်။ အော်ကလန်မောင်တို့  အဖွဲ့ မှလည်း မြန်မာ့ရိုးရာ သံကြပ်ဖြင့် တင်ဆက်ခဲ့ပြီး၊ သင်္ကြန်ပွဲတော်သို့  လာရောက်ကြသော ပရီတ်သတ်အပေါင်းကို မြန်မာ့ရိုးရာ မုန့် ဟင်းခါးဖြင့် တည်ခင်းခဲ့ကြောင်း သိရပါတယ်။ (ရာဇ၀င်)

No comments:

Post a Comment