Friday, July 27, 2012

နှစ်၁၀၀ ကျော်သက်တမ်းရှိ ကမ်းနားဟိုတယ်ကို ပြုပြင်တိုးချဲ့မည်

ရန်ကုန်မြို့ရှိ ကမ်းနားဟိုတယ်
ကိုလိုနီခေတ်၏နောက်ဆုံးလက်ရာတခုဖြစ်သော ရန်ကုန်မြို့ ကမ်းနားဟိုတယ်ကို ယ္ခုနှစ် ခရီးသွားရာမတိုင်မှီ တိုးချဲ့ပြုပြင်ပြောင်းလဲ မှုများပြီးစီးအောင် လုပ်ဆောင်သွားမည်ဟု နှစ်ရှည်ငှာရမ်း လုပ်ကိုင်နေသော ဟောင်ကောင်အခြေစိုက်ဟိုတယ်လုပ်ငန်းအုပ်စုမှ တာဝန်ရှိသူကပြောကြားခဲ့သည်။

အင်္ဂလိပ်ကိုလိုနီခေတ်လက်ထက်တွင် Sarkies Brothers ရှောကီးညီအကိုတို့မှ ၁၈၉၆ခုနှစ်မှစတင်တည်ဆောက်ခဲ့ပြီး ၁၉၀၁ခုနှစ်၌ ဟိုတယ်အဖြစ်စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် ရန်ကုန်စားသောက်ဆိုင်ပိုင်ရှင် Peter Bugalar Aratoon and Ae Amovsie တို့အားပြန်လည်ရောင်းချခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ဖက်ဆစ်ဂျပန်အောက်ကျရောက်စဉ် ဂျပန်တို့သည် ကမ်းနားလမ်းဟိုတယ်အား ဂျပန်စစ်ဆင်ရေးဌာနချုပ်ရုံးအခြေစိုက်ကာ တိုကျိုမြို့မှ Imperial Hotel မှလက်လွဲယူကာ ဟိုတယ်ဆက်လက်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၂ခုနှစ်တွင် မြန်မာ့စီးပွားတိုးတက်ရေးကော်ပိုရေးရှင်းက လက်လွှဲယူပြောင်းလှစ်ဖွင့်လှစ်ခဲ့ရာတွင် ဟိုတယ်၏အဆင့်အတန်းမှာအလွန်နိမ့်ကျသွားခဲ့ရသည်။၁၉၈၉ခုနှစ်နောက်ပိုင်းတွင် မြန်မာစီးပွားရေးသမားတဦးဖြစ်သူ Bernard Pe Win ထံသို့ရောင်းချခဲ့ပြီး ရင်နှီးမြုပ်နှံမှုအစုအဖွဲ့ပြန်လည်ပြီး ဖွင့်လှစ်ခဲ့သည်။


၁၉၉၅ခုနှစ်တွင်ကမ်းနားဟိုတယ်ကို ပြန်လည်ပြင်ဆင်ပြီးကျွန်းသစ်များဖြင့်အလှဆင်ထားသော ရှေးလက်ရာများကိုထိမ်းသိမ်း၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ကမ်းနားဟိုတယ်သည် ကိုလိုနီခေတ်လက်ကျန်တခုတည်းသောဟိုတယ်ဖြစ်ပြီး ရေကူးကန်၊တင်းနစ်အားကစားကွင်းများမပါရှိသော ကမ္ဘာကျော်အဆင့်မြင့်နှစ် ၁၀၀ကျော်သက်တမ်းရှိ ဟိုတယ်တခုဖြစ်သည်။

ကမ်းနားလမ်းဟိုတယ်တွင် ကမ္ဘာ့အကျော်အမော်များတည်းခိုနေထိုင်ခဲ့ဘူးသည်။ Prince Edward၊ Somerset Maugham၊ Lord Mountbatten၊ Rudyard Kipling စသောပုဂ္ဂိုလ်များအပြင် Mr. Pierre Cardin September 22, 1995၊ Oliver Stone July 23, 1997၊ Mr. Alexander Downer October 3, 2000၊ Mr. Keng Yam Tony Tan December 31, 2002၊ Mr. David Rockefeller January 14, 2003၊ Sir Mick Jagger (Michael P. Jagger) December 24, 2003 တို့တည်းခိုနေထိုင်ဖူးခဲ့ကြသည်။ (အောင်ပန်)

No comments:

Post a Comment