၂၀၊၇၊၂၀၁၂ရက်နေဗန်းမော်ဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သော ရှပ်ပြေးယာဉ်နစ်မြုတ်မှု၌ ကယ်ဆယ်ရေးပြုလုပ်ပေးခဲ့သည့် အဖွဲ့များ အနေဖြင့်
ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် လိုအပ်ချက်များစွာရှိခဲ့ကြောင်း လွှတ်မြောက်လာသူ ဇနီးမောင်နှံနှစ်ဦးတို့ မှ ပြောကြားခဲ့ပါသည်။
“အဓိကကတော့ ရှပ်ပြေးမှောက်ပြီး မသေဘဲပြန်လွှတ်လာတဲ့ ခရီးသည်တွေအတွက် ယာယီ နေထိုင်နိုင်မယ့် ကယ်ဆယ်ရေးစခန်း
မဖွင့်ပေးခဲ့တာပါဘဲ၊ ကျွန်မတို့ခရီးသွားတယ်ဟာ ကုန်ဝယ်ရင်းသွားတာပါ၊ ကျွန်မတို့ဇနီးမောင်နှံ ရှပ်ပြေးပေါ်ရောက်တဲ့အချိန်မှာ ငွေ
လက်ကျန်က မရှိတော့ဘူး၊ ၂၀၀၀၀နီးပါးပဲကျန်တယ်၊ရှပ်ပြေး မထွက်ခင်မှာ ရှပ်ပြေးမောင်းတဲ့သူဟာ အရက်စော် နံထောင်းနေအောင်
သောက်ထားတယ်၊ခရီးသည်တွေလည်း ဒါကို သိကြတယ်။ ၊နောက် ရှပ်ပြေးကသေးတယ်၊ခရီးသည်နဲ့ ကုန်ပစ္စည်းတွေများလွန်းတယ်၊
ရှပ်ပြေးမှောက်တာဟာ ကမ်းနားမှာ ထပ်ပြီးရပ်ထားတဲ့ ရှပ်ပြေးအကြီး (၇)စီးထပ်လောက်ရဲ့ရှပ်ပြေး ဦးကို ကျွန်မတို့ ရှပ်ပြေးအသေးလေးနဲ့
ဘေးတိုက်ဝင်တိုက်ပြီး နစ်မြုတ်တာပါ၊ရှပ်ပြေးနစ်တော့ ခရီးဆောင်အိပ်တွေ ဘာတွေအကုန်ရေထဲပါသွားတယ်။
ကျွန်မက ရွှေဘိုသူဆိုတော့ ရေမကူးတတ်ပါဘူး၊ရေနစ်သွားတယ်၊ ကျွန်မကို လှေတစ်စီးက ကယ်တယ်၊ကမ်းပေါ်ရောက်တယ်၊ ကမ်းပေါ်
ရောက်တော့ ကန်တော့ပါရဲ့ အတွင်းခံဘောင်းဘီပဲ ကျန်တော့တယ်၊ညာဘက်လက်မောင်းမှာလည်းယောင်ပြီး နာကျင်နေတယ်၊အပေါ်ရောက်တော့
စစ်ဗိုလ်တစ်ယောက်က နားကျပ်နဲ့စမ်းသပ်ပြီး ဘာမှမဖြစ်ဘူးလို့ပြောတယ်၊ ကျွန်မလည်းကြောင်တောင်တောင်နဲ့ မြစ်နဘေးမှာ ငုတ်တုတ်ထိုင်
နေမိတယ်၊ရေထဲက တက်လာတဲ့ ဘောင်းဘီနဲ့ပါပဲ။
အဲဒီအချိန်မှာ ------ပါတီတစ်ခုက အလံတော်ကိုင်ပြီး ဦးထုပ်ဆင်တူတွေဆောင်းထားပြီးရောက်လာတယ်၊
ဘာမှတော့ မလုပ်ပေးပါဘူး၊ခဏလေးနေတော့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က ဥက္ကဌလို့ပြောတဲ့ အဖိုးကြီးတစ်ယောက်က ရောက်လာပြီး အနားမှာရှိတဲ့ သူ့အိမ်
ကိုခေါ်သွားပြီး ထမိန်နဲ့ အင်္ကျီတွေ ထုတ်ပေးတယ်၊ဆေးခန်းကို လိုက်ပို့တယ်၊အဲဒီနောက် ကျွန်မအမျိုးသားနဲ့အတူ ကယ်ဆယ်ရေးစခန်းလိုက်ရှာတော့ ကျွန်မတို့လို
ဒုက္ခသည်တွေကိုထားတဲ့ ဒုက္ခသည်စခန်း မရှိဘူးဖြစ်နေတယ်၊အဲဒါနဲ့ ရှပ်ပြေးဂိတ်နားမှာထိုင်နေရတယ်၊စာရင်းပေးရတယ်၊အံ့သြစရာကောင်းတာက ကျွန်မတို့ရှပ်ပြေးနဲ့
တိုက်မိခဲ့တဲ့ ရှပ်ပြေး ၂၀လောက်ဟာ တစ်စီးမှ မရှိတော့ဘူး ပျောက်ကုန်တယ်၊ကယ်ဆယ်ရေးလုပ်ပေးတာ မဟုတ်ဘဲ လူတွေမမြင်အောင် ကိုယ်လွှတ်ရုန်းပြေးကုန်
ကြတာပါပဲ။
၊နောက်တစ်ခုက ကျွန်မတို့ ရေနစ်သူတွေ ကမ်းနဘေးမှာ အချို့ မူးဝေအော့အံနေသလို အချို့ကလည်း သူ့နဲ့ပါလာတဲ့သူတွေသေ လို့ အော်ဟစ်
ငိုကြွေးနေကြတာကို ကယ်ဆယ်ရေးအကြီးအကဲဆိုသူတွေက ဧည့်ခံထားတဲ့ ဘူးသီးကြော်အစားမပျက်ဘဲ ကြည့်နေကြတဲ့ဟာလည်း တွေ့မြင်နေရတယ်၊နောက်ပြီး
မလှမ်းမကမ်းမှာ အိုးအကြီးကြီးနဲ့ထမင်းချက်နေတာတွေ့လို့ “ကျွန်မတို့ ဒုက္ခသည်တွေအတွက်လားလို့ သွားမေးတော့” “မဟုတ်ဘူး၊ကယ်ဆယ်ရေးလုပ်ပေးနေတဲ့
သူတွေကို ကျွေးဖို့”ဆိုပြီးပြောလို့ ကျွန်မတို့လည်း ဗိုက်ဆာဆာနဲ့ သစ်ပင်ရိပ်အောာက်မှာထိုင်နေတယ်၊ခဏကြာတော့ ကျွန်မတို့ အသိဖေါက်သည်ဆိုင် ကရောက်လာပြီး
သူ့တို့အိမ်ခေါ် ထမင်းကျွေးပြီး ကျွန်မတို့လင်မယား(၂)ယောက်စလုံးကို အ၀တ်အထည်တွေပေးတယ်၊ငွေ တစ်သိန်းပေးတယ်၊အဲဒါကြောင့်လည်း ကျွန်မတို့
ဒုက္ခ မရောက်ရတာပါ၊ကယ်ဆယ်ရေးအဖွဲ့က တော့ စကားဝါတံဆိပ် ပါတဲ့ ဆေးလိပ်ကြော်ငြာတီရှပ်(၂)ထည်ပဲပေးပါတယ်၊ကျွန်မအခုလိုပြောတယ်ဆိုတာ
နောက်နောင် ကယ်ဆယ်စရာ ကိစ္စတွေ ပေါ်လာရင် တကယ်ထိရောက်တဲ့ ကယ်ဆယ်မှုမျိုးလုပ်နိုင်အောင် ပြောပြတာပါ၊ကျွန်မပြောတာတွေ မယုံရင် ရှပ်ပြေးမောက်
တုန်းက လွတ်လာတဲ့ခရီးသည်တိုင်းကို မေးကြည့်လို့ရပါတယ်၊”
ယခုလိုဖြစ်စဉ်များနှင့် ပါတ်သက်၍ ရှပ်ပြေးမှောက်ရာတွင် ရေနစ်သေဆုံးခဲ့သူတစ်ဦး၏ ဖခင်ထံ ဖုန်းဆက်သွယ်မေးမြန်းရာ
“သေတဲ့သူ တစ်ဦးကို ငါးသိန်းပေးတာ မဟုတ်ပါဘူး၊ခုထိရတာဆိုလို့ ကချင်ပြည်နယ်ဝန်ကြီးက ပေးတဲ့တစ်သိန်းရယ် ၊နောက်တစ်ဖွဲ့ကပေးတဲ့ တစ်သိန်းရယ်
စုစုပေါင်း(၂)သိန်းပဲ ရရှိပါတယ်”ဟုဖြေဆိုခဲ့ပါသည်၊
အချို့သတင်းဂျာနယ်နှင့် အွန်လိုင်း သတင်းမီဒီယာများတွင် ရေးသားထားသလို ရှပ်ပြေးတစ်စီးချင်းနဲ့တိုက်ခဲ့တာမဟုတ်ဘဲ မြောက်များစွာ စည်းကမ်းမဲ့
ဆိုက်ကပ်ထားသောရှပ်ပြေးယာဉ်များစွာရဲ့ ထိပ်ဦးနဲ့ တိုက်မိခဲ့မှုကြောင့်နစ်မြုတ်ခဲ့ရတာဖြစ်ပြီး သေဆုံးသူများ (၅)သိန်းလျော်ကြေးပေးမှုများ မရှိသေးပါကြောင်း ရေး
သားလိုက်ရပါသည်။
ဟာဂျူလီ(ကသာ) - ပေဖူးလွှာမှ ကူး.ူဖော်ပြသည်။
No comments:
Post a Comment