ပြည်ထောင်စုမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ သဘောထား။
နိုင်ငံတကာသို့ မေတ္တာရပ်ခံခြင်း။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အေးချမ်းတည်ငြိမ်စွာနေလိုသော နိုင်ငံတော်ကိုချစ်မြတ်နိုး သော မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် တစ်ယောက် အနေနှင့် နိုင်ငံတကာရှိအစ္စလာမ်ဘာသာဝင်များ၊အစိုးရအဖွဲ့များ၊ကုလသ မဂ္ဂအဖွဲ့အစည်းများ၊လူ့အခွင့် အရေးအဖွဲ့အစည်းများ၊ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများ သို့ အောက်ပါအတိုင်း မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစ ည်းသည် ရှေးယခင် နှစ်ပေါင်းများစွာ ရှေးမြန်မာဘုရင်များလက်ထက်က ထဲကလူမျိုးစုံ ဘာသာတရားမျိုး စုံနှင့်အတူ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နေခဲ့ကြသူများဖြစ်ပါသည် ။
တမိထဲမှမွေးဖွားလာသောတအူတုံ ဆင်းညီအစ်ကိုမောင်နှမအရင်းအ ချာများအတွင်းတွင်ပင် ပြသနာဆိုသည်မှာရှိတတ်ပါသည်။
ကျွန်ုပ်တို့လူ့အဖွဲ့အစည်းတွင်လည်းလူမျိုးစုံဘာသာစုံဖြ စ်သည့်အားလျှော်စွာသဘောထားအ မြင်ကျဉ်းမြောင်းသူများ-အယူ သီးသူများ-တယူသန်သူများ ထိပ်တိုက်တွေ့သောအခါ ပဋိပက္ခ အထိကရုန်းအသွင်ဆောင်သောပြသနာများ ဖြစ်ပွားခဲ့သည်မှာ မငြင်းနိုင်သော ကိစ္စများဖြစ်ပါသည်။
မကြာခဏ ဖြစ်ပွားခဲ့သောပြသနာများကို နိုင်ငံတော်မှတာဝန်ရှိသူများကမှန်မှန်ကန်ကန်ဖြေရှင်းပေးသည်ဖြစ်စေ-မဖြေရှင်းပေးသည် ဖြစ်စေ ကျွန်ုပ်တို့ အချင်းချင်း ဖြစ်သည့်နည်းနှင့် ပြေလည်အောင် တည်ငြိမ်မှုရှိအောင် ဖြေရှင်းခဲ့သည်သာဖြစ်ပေသည်။
ကျွန်ုပ်တို့အချင်းချင်းဖြစ်သောပြသနာများအတွက် မည်သည့်ပြည်ပအကူအညီမှမပါဘဲ ကျွန်ုပ်တို့ဖြေရှင်းနိုင်ပါသည်။
ပြည်ပမှ ကျွန်ုပ်တို့၏ပြသနာများအတွ င်းဝင်ရောက် စွက်ဖက်မှုများရှိလာသည့်အခါ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေ ထိုင်ကြသော အစ္စလာမ် ဘာသာဝင်များအတွက် ပိုမိုခက်ခဲသော အခြေအနေများကိုသာဖြစ်ပေါ်စေခဲ့သော သာဓကများရှိခဲ့ပါသည်။
မည်သည့် အကြောင်းပြချက်နှင့်ပြုလုပ် သည်ဖြစ်စေ
တာလီဘန်များက ဗုဒ္မရုပ်ပွားတော်များကို ဖျက်စီးခဲ့သည့် အကျိုးဆက်များသည်
ကျွန်ုပ်တို့အတွက် ဆိုးယွားလှစွာသော ဘာသာရေးစော်ကားမှုအမည်းစက်အြ ဖစ် အပြစ်တင်ခံနေရဆဲဖြစ်နေပါသည် ။ရုပ်ပွားတော်များကို ဖျက်ဆီးခဲ့သူများ သက်ရှိထင်ရှား ရှိနိုင်တော့မည်မဟုတ်တော့ပါ ။သို့သော် သူတို့၏ မှားယွင်းသော လက်တုန့်ပြန် ဖျက်ဆီးမှုဒဏ်ကို ကျွန်ုပ်တို့က ယနေ့တိုင်ခံစားနေရဆဲဖြစ်ပါသ ည်။
ယခုတဖန် ရခိုင်ပြည်နယ် တွင်ပြသနာများဖြစ်ပွားလာသော အခါ နိုင်ငံတကာမှ ဂယက်ရိုက်မှုများ ဖြစ်ပွားလာပြန်ပါသည်။
ရခိုင်ပြသနာသည် မြန်မာ့နိုင်ငံရေးခေါင်းဆော င်
ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားခဲ့သလို တရားဥပဒေ စိုးမိုးရေးပြသနာကို
နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းမှု မရှိသည့်အတွက် မလိုလားအပ်သောပြသနာများ
ဆက်လက်ပြန့်ပွားဖြစ်ပေါ်ခြဲ့ ခင်းသာဖြစ်ပါသည်။
နိုင်ငံအုပ်ချုပ်သူများ၏ လျှင်မြန် မှန်ကန်စွာဖြေရှင်းမှုမရှိခြ င်း၊ပြည်တွင်းမီဒီယာများ၏ မှားယွင်းသောသတင်းတင်ပြမှုများစိတ်ဆန္ဒစောတင်ပြမှုများအပေါ်အခြေခံကာ ပြည်တွင်းအင်တာနက်စာမျက်နှာ များပေါ်တွင် နယ်စပ်ပြသနာကို ပြည်တွင်းနေထိုင်သော အစ္စလာမ်ဘာသာဝင်များထံသို့ပါ ကူးစက်ပြန့်ပွားလာစေရန်ကျိုးပမ်းအားထုတ်မှုများ၊အစ္စလာမ် ဘာသာဝင်များကိုဆဲဆိုစော်ကား မှုများ၊ခြိမ်းခြောက်မှုများ များစွာဖြစ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကိုလိုလား သော ဗုဒ္မဘာသာဝင် သံဃာတော်များ၊လူပုဂ္ဂိုလ်များ၏ ပူးပေါင်းကူညီမှုဖြင့် ပြသနာရပ်များပြန့်နှံ့မလာအောင် ကျွန်ုပ်တို့ တားဆီးထားနိုင်ခဲ့ပါသည်။
ကျန်ရှိနေသေးသော ပြသနာများကိုဖြေရှင်းရန်မှာ နိုင်ငံတော်ကို အုပ်ချုပ်နေသော အစိုးရ၏တာဝန်သာဖြစ်ပါသည်။
ထိုသို့ဖြေရှင်းရာတွင် နှစ်ရှည်လများဖြစ်ခဲ့သည့်ပြ သနာဖြစ်ခြင်းနယ်စပ်မှတရားမဝ င်ဖြတ်ကျော်ဝင်ရောက်မှုများရှိနေခြင်း-တဘက်နှင့် တဘက် မဖြစ်နိုင် သောတောင်းဆို အပြစ်တင်မှုများရှိနေခြင်း-များပြားလှစွာသော
ပြသနာများ ဖြေရှင်းရန်ရှိနေခြင်း တို့ကြောင့် လည်းကောင်း ၊နိုင်ငံတော်၏
ဘဏ္ဍာရေး အခြေအနေအရလည်းကောင်း ထိုက်သင့်သည့် အချိန်ယူဖြေရှင်းရမည့်
ကိစ္စဖြစ်နေပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၊အ စိုးရများအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များ အတွက် စစ်မှန်သော အကူအညီ ပေးအပ်လိုသည်ဆိုပါက-နိုင်ငံ တော်သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အစို့ရအဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းပြီး လိုအပ်သောရုပ်ဝတ္ထုပစ္စည်းအကူ အညီများ၊ငွေရေးကြေးရေးအကူအညီများ၊နည်းပညာ အကူအညီ များပေး ရန်သာ အကြောင်းရှိပါသည်။
ယခုလုပ်ဆောင်နေသော နိုင်ငံတကာရှိမြန်မာသံရုံးများရှေ့တွင် ဆန္ဒပြခြင်း၊ပြည်ထောင်စုမြန် မာနိုင်ငံတော်အလံအားစော်ကား မော်ကားပြုမီးရှို့ပြခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသမ္မတကြီး၏ ဓာတ်ပုံအား မဖွယ်မရာပြုလုပ်ခြင်း၊မြန်မာနိုင်ငံ၏အကျိုးစီးပွား များ အား တိုက်ခိုက် ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခြင်းများသည် မည်သည့် အကျိုးတရားကိုမှ ရရှိလာမည်မဟုတ်ဘဲ-ပြည်တွင်း မှ အစ္စလာမ်ဘာသာဝင်များအတွက် ပိုမို ခက်ခဲကျပ်တည်းသော အခြေအနေတရပ်သို့ တွန်းပို့ပေးသလိုသာဖြစ်မည်ကို သတိချပ်သင့် ပါသည်။
အီရန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံကိစ္စအပေါ် ကုလသမဂ္ဂတပ်များစေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေပိုမိုဆိုးယွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါသည်။ထိုနည်းတူစွာ ဟစ်ဘိုလာအဖွဲ့သည်လည်း အီရန်နိုင်ငံ၏နောက်မှ သံယောင်မလိုက်သင့်ပါ။ ပါကစ္စတ န်နိုင်ငံအနေနှင့်လည်း မြန်မာ နိုင်ငံအပေါ်ရန်လိုသော သဘောထားများမထားသင့်ပါ။တာလီ ဘန်အဖွဲ့အနေနှင့် လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ-မြန်မာနိုင် ငံ၏အကျိုးစီးပွားများ၊ သံတမန်များ၊အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှုလုပ်ခွင့်မရှိပါ။
မြန်မာနိုင်ငံ၏အကျိုးစီးပွားကိုကာကွယ်ရန်မှာကျွန်ုပ်တို့ မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏တာဝန်လည်းဖြစ်ပါသည်။သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကိုထိခိုက်လာပါက ကျွန်ုပ်တို့မှလည်း အသက်ပေး ကာကွယ်တိုက်ခိုက်သွား မည်ဖြစ်ကြောင်းသိစေအပ်ပါသည်။
သို့ဖြစ်သည့်အတွက်သက်တမ်းနု နယ်လှသေးသော မြန်မာ့ဒီမိုကရေစီစနစ်တိုးတ က်ရာတိုးတက်ကြောင်းအတွက်လည်းကောင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျ နေသောနိုင်ငံတော်လျှင်လျှင် မြန်မြန်ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက်လည်းကောင်း၊နိုင် ငံတော်တည်ငြိမ်အေးချမ်းရေး အ တွက်လည်းကောင်း အပြုသဘောနှင့် ဝိုင်းဝန်းအကူအညီပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
အစ္စလာမ်သာသနာတော်၏အဆုံးအမများနှင့် ကိုက်ညီမှုမရှိသော-နိုင်ငံတကာမှလက်မခံနိုင်သော-ပြည်ထောင်စုမြန်မာနိုင်ငံသား လူမျိုးမရွေး ဘာသာ မရွေး က လက်မခံနိုင်သောအကျပ်ကိုင်ခြ င်း၊ခြိမ်းခြောက်ခြင်း၊သတင်းမှားထုတ်ပြန်ခြင်း၊သတင်းမှ န်ကိုချဲ့ကား ဝါဒဖြန့်ခြင်း၊ နိုင်ငံတော်-နိုင်ငံတော်အလံ နှင့် နိုင်ငံခေါင်းဆောင်ကြီးများ အားစော်ကားမော်ကားပြုလုပ်ခြ င်းများကို ရပ်တန့်ပေးပါ ရန် လေးနက်တည်ကြည်စွာမေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။
မြန်မာမွတ်စလင်မ်အဖွဲ့
မန္တလေးမြို့။
၂၀၁၂ခုနှစ်၊ဇူလိုင်လ(၃၀)ရက် ၊တနင်္လာနေ့။
ပြည်ထောင်စုမြန်မာနိုင်ငံတေ
ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစ
တမိထဲမှမွေးဖွားလာသောတအူတုံ
ကျွန်ုပ်တို့လူ့အဖွဲ့အစည်းတ
မကြာခဏ ဖြစ်ပွားခဲ့သောပြသနာများကို
ကျွန်ုပ်တို့အချင်းချင်းဖြစ
ပြည်ပမှ ကျွန်ုပ်တို့၏ပြသနာများအတွ
မည်သည့် အကြောင်းပြချက်နှင့်ပြုလုပ်
ယခုတဖန် ရခိုင်ပြည်နယ် တွင်ပြသနာများဖြစ်ပွားလာသော
ရခိုင်ပြသနာသည် မြန်မာ့နိုင်ငံရေးခေါင်းဆော
နိုင်ငံအုပ်ချုပ်သူများ၏ လျှင်မြန် မှန်ကန်စွာဖြေရှင်းမှုမရှိခြ
ကျန်ရှိနေသေးသော ပြသနာများကိုဖြေရှင်းရန်မှာ
ထိုသို့ဖြေရှင်းရာတွင် နှစ်ရှည်လများဖြစ်ခဲ့သည့်ပြ
နိုင်ငံတကာအဖွဲ့အစည်းများ၊အ
ယခုလုပ်ဆောင်နေသော နိုင်ငံတကာရှိမြန်မာသံရုံးမ
အီရန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံကိစ္စအပေါ် ကုလသမဂ္ဂတပ်များစေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေပိုမိုဆိုးယွားနေသော
မြန်မာနိုင်ငံ၏အကျိုးစီးပွာ
သို့ဖြစ်သည့်အတွက်သက်တမ်းနု
အစ္စလာမ်သာသနာတော်၏အဆုံးအမမျ
မြန်မာမွတ်စလင်မ်အဖွဲ့
မန္တလေးမြို့။
၂၀၁၂ခုနှစ်၊ဇူလိုင်လ(၃၀)ရက်
by Maungmaung Skw on Monday, July 30, 2012
No comments:
Post a Comment