Thursday, July 26, 2012

ဘာလုပ်နေလဲ မြို့တော် စည်ပင်သာယာရေး ကော်မတီ......

ယနေ့ည ၇ နာရီအချိန်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းမကြီး (ယခင် တာမွေအ၀ိုင်းအနီး) ပေါ်တွင် မိုးရေများ လျှံနေလျှက်ရှိရာ ဘတ်စ်ကားကြီးများပင် သွားလာမရဘဲ ရပ်ထားကြရသည်။ အချို့ အရဲစွန့် မောင်းခဲ့သော ဆလွန်းကားများမှာ လမ်းလယ်ခေါင်တွင် ရေတစ်ဝက်မြုပ်လျှက် ရပ်သွားသည်အထိ ဒုက္ခရောက်လျှက် ရှိနေသည်။

"ကျွန်တော်တို့ က ဘတ်စ်ကားကြီးနဲ့ လာခဲ့တာ။ ရေမြုပ်နေတဲ့ နေရာမှာ ကားက စက်ရပ်သွားလို့ ဆင်းပြီးလမ်းလျှောက်လာရတယ်။ ဘယ်မြို့တော်ဝန်ဘဲ အုပ်ချူပ်အုပ်ချူပ် လမ်းတွေကတော့ မိုးရွာရင် ပင်လယ်ပြင် ဖြစ်တော့တာဘဲ။" ဟု ခြေလျှင် လမ်းလျှောက် လာသူ တာမွေမြို့နယ်သား ကိုကျော်မြင့် က ပြောသည်။

မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ရန်ကုန် မြို့တော်ကြီးကို အဆင့်မှီ မြို့တော်ကြီးဖြစ်စေရမည် ဟု ကြွေးကြော်ခဲ့သော်လည်း ယခုအချိန်အထိ တိုးတက်မှု အရိပ်အရောင်မျှပင် မြင်တွေ့ရခြင်း မရှိသေးကြောင်း အချို့ပါတီများရှိ လွှတ်တော် အမတ်များ အနေဖြင့်လည်း မဲဆွယ်သည့် အချိန်တွင်သာ ဘာလုပ်ပေးမည် ညာလုပ်ပေးမည်ဟု ပြောဆို ဂတိပေးလေ့ ရှိသော်လည်း မဲရရှိပြီးနောက် မည်သည့် အကျိုးပြုလုပ်ငန်းကိုမျှ ထိထိရောက်ရောက်လုပ်ဆောင်ခြင်း မရှိကြောင်း အဆိုပါ တာမွေသားမှ ဆက်လက်ပြောကြားခဲ့သည်။ ကိုသောင်း-(ပုလဲမြေဖ့စ်ဘုတ်ခ်စာမျက်နှာမှ)

No comments:

Post a Comment