Monday, July 30, 2012

အမိန့်မနာခံသည့် ရှေ့တန်းတပ်မှူးများ ရှိလာ

ကချင်ဒေသတွင် ထိုးစစ်ဆင်တိုက်ခိုက်နေသော တပ်ဖွဲ့ဝင်များတို့သည် နောက်တန်းစစ်ဆင်ရေး ကွပ်ကဲရေးဗျူဟာစခန်း မှ စစ်ဆင်ရေးညွှန်ကြားမှုကို လိုက်နာရန် ငြီးငွေ့လာနေကြောင်း သိရှိရသည်။
အချို့တပ်ဖွဲ့ဝင်များသည် တစ်နှစ်ကျော်ခန့် ရှေ့တန်းတွင်သာ အချိန်ဖြုန်းနေရပြီး တပ်ဖွဲ့ဝင်အင်အား များစွာ ပြုန်းတီးနေကြရသည်။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာရေး ယိုယွင်းဖြစ်ကြရကာ စိတ်ဓါတ်ကျဆင်းနေကြရသည်။ ဤကဲ့သို့ အခက်အခဲများစွာကို ရင်ဆိုင်နေကြရသဖြင့် အထက်မှ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိကြတော့ချေ။
ဗျူဟာမှူး မှ ညွှန်ကြားလာသော KIA ကို နေ့စဉ်ရင်ဆိုင်တိုက်ခိုက်ရန် ညွှန်ကြားချက်ကို လိုက်နာရန် ဆန္ဒမရှိတော့ သဖြင့်၊ ရှေ့တန်းရောက် စစ်ကြောင်းမှူးများသည် အထက်သို့ အစီရင်ခံစာကို လိမ်လည်၍ တင်ပြနေကြကြောင်း သိရှိရသည်။ နေ့စဉ် KIA နှင့် မည်သည့်အရပ်တွင် ရင်ဆိုင်တိုက်ခိုက်နေကြ ကြောင်း၊ ရန်သူအလောင်း မည်မျှသိမ်းဆည်းရမိကြောင်းကို မဟုတ်မမှန် အစီရင်ခံတင်ပြနေကြ ကြောင်း သိရှိရသည်။(myitkyina.blog.comမှ ပြန်လည်ဖော်ပြသည်။)

No comments:

Post a Comment