Monday, October 1, 2012

လက်ပံတောင်းတောင် နှီးနှောဖလှယ်ပွဲ မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ပြောကြားချက်

 
-- ''စစ်အစိုးရလက်ထက်က နှစ်ဦးသဘောတူ ကြိတ်ပြီးတော့ ရေးခဲ့တဲ့ စာရွတ်ပေါ်က သဘောတူညီချက်တွေကို ကျွန်တော်ကို တိုင်းသူပြည်သားများက မျက်စိမှိတ်ပြီးတော့ သဘောတူလက်ခံမှာ မဟုတ်ဘူးဆိုတာ အားလုံးကိုရှင်း ရှင်းလင်းလင်း ပြောထားခဲ့ပါ မယ်။ ဖွံ့ဖြိုးမှုကို မငြင်းပယ်ပါဘူး။ သို့သော် အဲဒီဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ ဘာတွေ ပေးဆပ်ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရင် အကြောင်းအရာ တစ်ခုချင်းစီအလိုက် စီမံကိန်း တစ်ခုချင်းစီအလိုက် ရွေးချယ်ခွင့် ရှိရပါမယ်။ အဲဒီဒေသခံပြည်သူတွေရဲ့ သဘောထားတွေ သူတို့ဆန္ဒတွေ၊ ဘ၀တွေကို မထိခိုက်အောင် ကာကွယ်ပေးနိုင်တဲ့ စီမံကိန်းမျိုးတွေ ဖြစ်ရပါမယ်။ ပြည်သူ့အတွက် ဘယ်လောက်ရမှာလဲဆိုတာကအစ သဘာဝပတ်ဝန်း ကျင်ဘယ်လောက် ထိခိုက်မှာလဲ နောက်မျိုးဆက်တွေအတွက် ဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာကို အားလုံးကို ပွင့်ပွင့်လင်းလင်း သိဖို့ စပြီးတော့ နားထောင်ရတော့မယ်။ တစ်ဘက်ကလဲ ဒီအကြောင်းအရာ နဲ့ ပတ်သတ်ပြီး ချေပချင်တာ ရှင်းလင်းချင်တာရှိရင် ရှင်း။ ကျွန်တော်တို့ လိုချင်တာက ပွင့်လင်းမြင်သာမှုကို လိုချင်တာ။ အဲဒီကျမှ အထုပ်တွေပြေသွားပြီးတော့ ကိုယ့်ဟာကိုယ် မရှင်းနိုင်ရင်တော့ ခင်ဗျားတို့ ကိစ္စပေါ့ဗျာ။ အရင်က လုပ် ထားကိုင်ထားတာတွေ သိရတော့ ကျွန်တော်တို့ အမြတ်ထွက်တာပေါ့။ ဒါကြောင့် ဒီလက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ စိုးရိမ်ပူပန်သူတွေ အားလုံးရဲ့အသံတွေ၊ အရုပ်တွေကို စပြီးထုတ်ပေးလိုက်ပြီ..........။ ဒါကြောင့် ချေပချင်တဲ့သူတွေ ဒီစီမံကိန်းကြီး ဘယ်လောက်အကျိုး ရှိကြောင်း ပြောချင်တဲ့သူတွေပြောပါ။ အားလုံးကလည်း နားထောင်လိုက်ပါ။ ဒါမှလည်းမျှတမယ်'' COPY FROM-ငရဲ သား ယနေ့ အကြိုက်ဆုံး စကား....။ (၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်) လက်ပံတောင်းတောင် နှီးနှောဖလှယ်ပွဲ မှ

No comments:

Post a Comment