Thursday, October 18, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်က ငြိမ်းချမ်းရေးဆု ချီးမြှင့်

၁၉၈၅ ခုနှစ် အမေစု ဂျပန်မှာ ပညာ သင်ကြားနေတုန်းက ရိုက်ထားတဲ့ ဓါတ်ပုံလေးပါ။ ဒေါ်အောင်ဆန်းစုကြည်ဘေးနားက Colonel Suzuki's ၏ ဇနီး။ (၂၉.၄.၁၉၈၆)

အောက်တိုဘာ ၂၅ ရက်နေ့မှာ Sakai မြို့တော်မှာ ချီးမြှင့်ပေးအပ်မယ့် တတိယ အကြိမ်မြောက် Sakai ငြိမ်းချမ်းရေးဆုကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မယ့်အကြောင်း ဂျပန်နိုင်ငံက ကြေညာလိုက်ပါတယ်။

ဒီဆုဟာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး တိုးတက် ထွန်းကားစေဖို့ ဆောင်ရွက်သူများကို ချီးမြှင့်တဲ့ ဂျပန်နိုင်ငံ Osaca ပြည်နယ် Sakai မြို့အုပ်ချုပ်ရေးအဖွဲ့ က (၂) နှစ် တစ်ကြိမ် ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။

No comments:

Post a Comment