Wednesday, October 3, 2012

ကျောက်ဆည်မြို့သို့ မင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့ရောက်ရှိ

ဓါတ်ပုံ-အောင်နေမျိုး
၈၈ မျိုး ဆက်ကျောင်းသား ခေါင်းဆောင်ကိုမင်းကိုနိုင်
ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေးခရီးစဉ်အဖြစ် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဦးဆောင် သည့်အဖွဲ့သည် အောက်တိုဘာလ၊(၂)ရက် ညနေ(၃)နာရီတွင် မလှိုင်မြို့ရွှေမုဋ္ဌောဘုရားစေတီတန်ဆောင်း၌ ကျင်းပသည့် ၈၈မျိုး ဆက်ကျောင်းသားများနှင့်မလှိုင်မြို့ဒေသခံပြည်သူများ၏ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ အစည်းဖော်ဆောင်ရေး တွေ့ဆုံဆွေးနွေး ပွဲသို့တက်ရောက်ခဲ့ကြသည်။ 
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ လယ်သမားရေးရာတာဝန်ခံ ကိုထွန်းမြင့်အောင်မှ တက်ရောက် လာသည့်ဒေသခံပြည်သူများနှင့် ၈၈မျိုးဆက်ကျောင်းသားများအားတစ်ဦးချင်းမိတ်ဆက်ပေး၍ မင်းကိုနိုင်၊ ကိုမြအေး၊ မနီလာသိန်း၊ မမီးမီးနှင့်မနုနုအောင်တို့ကဒေသခံပြည်သူ များအားငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသခံပြည်သူများ၏သိရှိလိုသည့်မေးမြန်းချက်များကိုပွင့်လင်းစွာရှင်းလင်းဖြေကြားခဲ့ကြသည်။ (သတင်း - 88 Generation Students)

No comments:

Post a Comment