Monday, October 8, 2012

ဘယ်မြေဘယ်နေရာရောက်ရောက် မျိုးချစ်စိတ်မပျောက်တဲ့ အောင်လ ထိုးသတ်ကြေးရသမျှ စစ်ဘေးဒုက္ခသည်များကို လှူမည်


အမေရိကန်နိုင်ငံတွင်ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သောMixed Martial Artist MMA ဘက်စုံသုံးကိုယ်ခံပညာပြိုင်ပွဲဝင် တစ်ဦးဖြစ်သူ ကချင်တိုင်းရင်းသား အောင်လအန်ဆောင်က လာမည့်အောက်တိုဘာလ ၁၃ ရက်နေ့တွင်ထိုးသတ်ရမည့်ပွဲစဉ်မှ ရရှိသော ငွေများအား ကချင်ဒုက္ခသည်များအား ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။ ကချင်ပြည်နယ်မြစ်ကြီးနားဇာတိဖြစ် သူအောင်လအန်ဆောင်သည် အမေရိကန်နိုင်ငံ မစ်ချီကန်ပြည်နယ်၊ အင်ဒရူးတက္ကသိုလ်မှစီးပွားရေးနှင့် မွေးမြူရေး သိပ္ပံဘွဲ့ရရှိခဲ့သူ တစ်ဦးဖြစ်ပြီး Mixed Martial Artist ပညာကို ၂၀၀၄ ခုနှစ်မှ စတင်သင်ကြားခဲ့သူတစ်ဦးဖြစ်သည်။

အမေရိကန်နိုင်ငံတွင်ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သောMixed Martial Artist MMA ဘက်စုံသုံးကိုယ်ခံပညာပြိုင်ပွဲဝင် တစ်ဦးဖြစ်သူ ကချင်တိုင်းရင်းသား အောင်လအန်ဆောင်က လာမည့်အောက်တိုဘာလ ၁၃ ရက်နေ့တွင်ထိုးသတ်ရမည့်ပွဲစဉ်မှ ရရှိသော ငွေများအား ကချင်ဒုက္ခသည်များအား
The Burmese Pythonဟုအမည်ပြောင်ခေါ်ကြသော အောင်လ အန်ဆောင်သည် ၂၀၀၇ ခုနှစ်မှစတင်ကာပရော်ဖက်ရှင်နယ်ပြိုင်ပွဲများ သို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ လက်ရှိအချိန်အထိ ၂၃ ပွဲယှဉ်ပြိုင်ကစားအပြီးတွင် ၁၅ ပွဲနိုင်၊ ၈ပွဲ ရှုံး၊ သရေပွဲမရှိ စံချိန်ရရှိထားသူဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံRollins Center တွင် မိုက်ဝယ်ကော့ခ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။


လက်ရှိကချင်ပြည်နယ်အတွင်းဖြစ်ပေါ်လျက်ရှိသောပဋိပက္ခများကြောင့်ဘေးလွတ်ရာသို့ထွက်ပြေးနေရသည့် ကချင်တိုင်းရင်းသား များနှင့် ပတ်သက်၍ အောင်လအန်ဆောင်က.....

“ကျွန်တော်ကငယ်ငယ်လေးကတည်းကမြန်မာနိုင်ငံမှာကြီးပြင်းလာတာပါ။ ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ကျွန်တော်ကြားသိနေရပါတယ်။ ဒါကြောင့်လာမယ့်အောက်တိုဘာလ ၁၃ ရက်မှာထိုးမယ့်ပွဲကနေရလာတဲ့ငွေတွေ၊ စပွန် ဆာကြေးတွေ၊လက်မှတ်ရောင်းရငွေတွေအားလုံးကိုကချင်ဒုက္ခသည်တွေဆီကိုလှူဒါန်းမှာပါ။ ဒုက္ခရောက်နေတဲ့သူတွေဆီကိုလည်း ကျွန်တော့်မှာရှိတဲ့ နည်းလမ်းတွေနဲ့အားပေးစကားပြောကြားမှာပါ။ သူတို့ရဲ့ငိုသံတွေကိုကျွန်တော်နားထဲမှာအမြဲကြားနေရပါတယ်” ဟု ပြောကြားခဲ့သည်။ (Weekly Eleven Journal မှ)

No comments:

Post a Comment