နှစ်သစ်အတွက် အမှတ်တရ ဘာရေးရင် ကောင်းမလဲလို့  စဉ်းစားလိုက်တဲ့အခါ၊ ခေါင်းထဲမှာ
ရေးချင်တာတွေကများလွန်းလို့ ရယ်၊ ဖတ်တဲ့သူတွေကိုလည်း စိတ် အနှောက်အယှက်ဖြစ်မှာ စိုးရိမ်တာကတကြောင်းရယ်ကြောင့် ကိုယ်တိုင်မရေးတော့ဘဲ၊ အရင်တုန်းက ဖတ်ခဲ့ပြီး၊ ကြိုက်နှစ်သက်ရာလေးတွေကို ကောက်နှုတ်ထားတဲ့
စာစုလေးတခုကို ပြန်လည်ဖော်ပြရင်း ရာဇ၀င် စာဖတ် ပရိတ်သတ်အပေါင်းကို နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ၊ ချမ်းသာ စေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
၂၀၁၃ ခု နှစ်သစ်ကိုကြိုဆိုရင်………..
(ရာဇ၀င်)
ဒို့ နိုင်ငံ
မြန်မာ့လူ့ အဖွဲ့ အစည်းအတွင်း အရက် နှင့် ဆေးလိပ်တို့ကို နေရာဒေသမရွေး အချိန်အခါ၊
အသက်အရွယ်မရွေး ၀ယ်ယူရရှိနိုင်သော တိုင်းပြည်။
နိုင်ငံ့အရေးသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည်ဟု အခြေခံဥပဒေတွင် ပါဝင်သော်လည်း ကျောင်းဝင်ခွင့်လျှောက်လွှာများ တွင် နိုင်ငံရေးကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာရပ်ကွက်ထောက်ခံစာများ
ထည့်ခိုင်းသောတိုင်းပြည်။