Sunday, December 30, 2012

နှစ်သစ်ဆုတောင်း နဲ့  ဒို့ နိုင်ငံ



နှစ်သစ်အတွက် အမှတ်တရ ဘာရေးရင် ကောင်းမလဲလို့  စဉ်းစားလိုက်တဲ့အခါ၊ ခေါင်းထဲမှာ ရေးချင်တာတွေကများလွန်းလို့ ရယ်၊ ဖတ်တဲ့သူတွေကိုလည်း စိတ် အနှောက်အယှက်ဖြစ်မှာ စိုးရိမ်တာကတကြောင်းရယ်ကြောင့် ကိုယ်တိုင်မရေးတော့ဘဲ၊ အရင်တုန်းက ဖတ်ခဲ့ပြီး၊ ကြိုက်နှစ်သက်ရာလေးတွေကို ကာက်နှုတ်ထားတဲ့ စာစုလေးတခုကို ပန်လည်ဖော်ပြရင်း ရာဇ၀င် စာဖတ် ပရိတ်သတ်အပေါင်းကို နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ စေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။



၂၀၁၃ ခု နှစ်သစ်ကိုကြိုဆိုရင်………..
(ရာဇ၀င်)

ဒို့ နိုင်ငံ

မြန်မာ့လူ့ အဖွဲ့ အစည်းအတွင်း အရက် နှင့် ဆေးလိပ်တို့ကို နေရာဒေသမရွေး အချိန်အခါ၊ အသက်အရွယ်မရွေး ၀ယ်ယူရရှိနိုင်သော တိုင်းပြည်။

နိုင်ငံ့အရေးသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည်ဟု အခြေခံဥပဒေတွင် ပါဝင်သော်လည်း ကျာင်းဝင်ခွင့်လျှောက်လွှာများ တွင် နိုင်ငံရေးကင်းရှင်းကြာင်း ရဲစခန်းထောက်ခံစာရပ်ကွက်ထောက်ခံစာများ ထည့်ခိုင်းသောတိုင်းပည်။


ကိုးနီစံနစ်နှင့် လုပ်စားဥပဒေများ မလိုအပ်သောဝန်ဆောင်မူအဆင့်ဆင့်နှင့် လာဘ်စားသောယဉ်ကျေးမူ့ ကြောင့် နိုင်ငံခြားမှတင်သွင်းသော ပစ္စည်းများမှာ မြန်မာပြည်တွင် နိုင်ငံခြားမှာထက်အဆပေါင်းများစွာ ဈေးကြီးပေးဝယ်ယူ နေရသည့်တိုင်းပြည်။
နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသော်လည်း ရောက်ရာအရပ်တွင် ဧည့်စာရင်းတိုင်ကြားနေရသည့် ဧည့်နိုင်ငံသားများအပေါများဆုံးနိုင်ငံ။

အထင်ကရ အဆောက်အအုံကြီးများ၊ ရုံးကန္နားများတွင်မျက်နှာစာ တခါးမ ကြီးများအားပိတ်ထား၍ ဘေးဘက်၊နောက်ဖေးဘက် စသော မလွယ်ပေါက် များမှ ၀ယ်ထွက်လေ့ရှိသောအကျင့်ရှိသည့် နိုင်ငံ။

ပညာပေးမူများလုပ်နေသည့်ကြားက မြစ်ချောင်းများအတွင်းသို့  ကျင်ကြီးစွန့် ချခြင်းအကျင့်ကို မစွန့် လွှတ်သေးသော လူမျိုးများနေထိုင်သည့် တိုင်းပြည် ။

လမ်းဘေးဈေးသည်ကအစ နောက်ဆုံးပေါ်ဇိမ်ခံကားကြီးများကိုစီးနေသူများ မကျန်ကွမ်းစားပြီးကွမ်းတံထွေးကို "ဗျစ်" ကနဲ ကြုံရာနေရာတွင် ထွေးချ တတ်သည့်လူမျိုးများနေထိုင်သောတိုင်းပြည်။ (တခါတရံ မီးပွိုင့်တွင်
တဘက်ကားမှ တံခါးဖွင့်၍ထွေးလိုက်သော ကွမ်းတံထွေးသည် ဘေးတွင်ယှဉ်၍ ရပ်ထားသောကားပေါ်မှလူကို လာစင်သည့် တိုင်းပြည်။

"အမှိုက်မပုံရ" ဟူသော ဆိုင်းဘုတ်ထောင်ထားသောနေရာသည် အမှိုက်ပုံရန် နေရာဖြစ်ကြောင်းပြသသည့် အမှတ်အသားသဖွယ်အားလုံးက နားလည် သဘောပေါက်သည့်လူမျိုးများနေထိုင်သောတိုင်းပြည်။

ကင်မရာကို အခွန်ဆောင်ရသော တိုင်းပြည်သည်ကမ္ဘာပေါ်တွင် တခုတည်းသာ ရှိသည့် တိုင်းပြည်။

အလုပ်လျှောက်ရာတွင် - ရုပ်ရည်ချောမောလှပသောမိန်းကလေးဖြစ်ရမည်၊ အသက်(၂၂)ထက်မကြီးရ၊အိမ်ထောင်မရှိ အပျိုဖြစ်ရမည်ဆိုသော စည်းကမ်း လိုအပ်ချက်များပါဝင်သည့်အလုပ်လျှောက်လွှာပုံစံများကို နေရာတကာ၌
ပိုးစိုးပက်စက်တွေ့ ရသောတိုင်းပြည်။

ကမ္ဘာပေါ်တွင် "သေးမပေါက်ရ" ဆိုင်းဘုတ်များရှိသည့် တခုတည်းသောနိုင်ငံ။

လူများ လူနိုင်၊ ကားများ ကားနိုင်သော လူကူးမျဉ်းကြားများရှိသည့် ကမ္ဘာ့ပထမဆုံးသော တိုင်းပြည်။

ကိုရီးယားလိုထမင်းစားရေသောက်မပြောတတ်လျှင်အင်္ဂလိပ်လိုကြားညှပ်မပြောတတ်လျှင်လူရာအသွင်းမခံရသောတိုင်းပြည်။

ကမ္ဘာပေါ်တွင် ကော်ပီသံစဉ်အခိုးဆုံးတိုင်းပြည်။(မှတ်ချက်။ အဆိုပါကော်ပီ အဆိုတော်များသည် သူတို့ စီဒီများကိုခိုးကူးခွေလုပ်ပြီး လမ်းဘေးတွင် ရောင်း သောအခါဘ၀မေ့ပြီးဒေါသအမြက်ချောင်းချောင်းထွက်လေ့ရှိကြသည်)။

မိန်းကလေးအများစုသည် ဒီမိုကရေစီလွတ်လပ်ခွင့်နှင့် လူ့ အခွင့်အရေး (အမျိုးသမီးအခွင့်အရေး)တို့ ၏အဓိပ္ပါယ်သည် ဒူးပေါ်ပေါင်ပေါ် စကတ်တိုနှံ့ နှံ့  များဝတ်ခြင်း မလုံ့ တလုံဝတ်ခြင်းများဟု အဓိပ္ပါယ်ကောက်ကြသောတိုင်းပြည်။

ကမ္ဘာပေါ်တွင် - နှစ်လုံး၊ သုံးလုံး၊ "ရှစ်လုံး" နှင့်ဘောလုံးစသည့် "အလုံး"များ အလွန်ခေတ်အစားဆုံးသောတိုင်းပြည်။

ကမ္ဘာပေါ်တွင် ရဟန်းသံဃာငါးသိန်းနှင့် လက်နက်ကိုင်ငါးသိန်းရှိသော ထူးခြားသည့်တိုင်းပြည်ဖြစ်ပြီး တခါတရံလက်နက်ကိုင်များသည် လှပစွာ ချီတက်သောအခမ်းအနားကြီးများပြုလုပ်ပြီး၊တခါတရံရဟန်းသံဃာများသည်လည်းမျက်စေ့တဆုံး ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြလေ့ရှိသည့်အလေ့အထရှိသော - တခုတည်းသောတိုင်းပြည်။

ဘာဒေါက်တာပဲဖြစ်ဖြစ် နာမည်ရှေ့ မှာဒေါက်တာပါလျှင် ဘာမှမတတ်လည်း ရောက်လေရာအထင်ကြီးခံရပြီး အဖွဲ့ အစည်းတွေမှာ ခါင်းဆောင်တင်တဲ့နိုင်ငံ။

နေရာတကာတွင် အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာသည် အရေးပါ ပြီး၊အနှီထောက်ခံစာကိုအကျင့်စာရိတ္တမကောင်းသူများကလက်မှတ်ထိုးပေးမှအလုပ်ပြီးမြောက်သောတိုင်းပြည်။

အလွန်များပြားသော ဘွဲ့ ရအလုပ်လက်မဲ့များရှိပြီး ရထားသောဘွဲ့ နှင့် ဘွဲ့ တခြား၊ အလုပ်တခြား အဖြစ်ဆုံးသောတိုင်းပြည်။

မူကြိုတန်းမှ ဘွဲ့ ရသည်အထိ ဆရာ/ဆရာမ တို့ ကစာခေါ်တာကို နောက်က လိုက်ရေးပြီးသင်ကြားသည့် အလွတ်ကျက်ပညာရေးကို (၂၁) ရာစုအထိ ကျင့်သုံးနေဆဲဖြစ်သောတိုင်းပြည်။

၈၅%သော တိုင်းသူပြည်သားများ ထမင်းနပ်မှန်အောင်ပင် မစားနိုင်သော် လည်း၊ အာဏာရလူတစုအတွင်းမန်ယူကဲ့သို့ သော ကလပ်အသင်းကိုပင် ၀ယ်ယူရန် ကမ်းလှမ်းနိုင်သော ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်နိုင်ငံ။

အတန်းပိုင်ဆရာ/ဆရာမများ ကိုယ်တိုင်သင်သော ဝိုင်းကျူရှင်တက်မှ စာမေးပွဲ အောင်ပြီး၊ ၀ိုင်းကျူရှင်မတက်ပဲစာတော်နေသော ကျောင်းသား/ကျောင်းသူ အားတုတ်ဖြင့် အချက်ရာကျော်ရိုက်၍ မှတ်လောက်သားလောက်အောင် ဆုံးမတတ်သည့်ဆရာမ/ဆရာမများထွန်းကားသည့် တခုတည်းသောနိုင်ငံ။

ကျောင်းများတွင် ကျောင်းအပ်ဖို့ ကျောင်းဝင်ခွင့်ရဖို့ ဆရာ/ဆရာမကြီးများအား ဆန်အိတ်၊ဆီပုံးများဖြင့်တရိုတသော ညွှတ်ကျိုးပူဇော်ရသော ဓလေ့ရှိပြီး၊ ပညာရေးဝန်ထမ်းများအကြီးအကျယ် လဘ်စားသည့်မ္ဘာ့တခုတည်းသောနိုင်ငံ။

"စရိတ်မျှပေးကျန်းမာရေး" ဟူသောဆောင်ပုဒ်ကြီးဖြင့်ပေးစရာ စရိတ်မရှိသော ဆင်းရဲကျောမွဲလူနာများဆေးရုံများမှ နှင်ထုတ်ခံရသည့် တခုတည်းသောနိုင်ငံ။

အစိုးရကိုယ်တိုင်က ငြိမ်းချမ်းရေးကိုကျုံးအော်နေသလို ဘာသာစုံငြိမ်းချမ်းရေး ဆုတောင်းပွဲများမပြတ်ကျင်းပနေပြီး စစ်ပွဲများရပ်နားခြင်းမရှိသေးသည့်နိုင်ငံ။ ငြိမ်းချမ်းရေးကိုကျုံးအော်နေသူများအချင်းချင်း ရန်ဖြစ်နေသောနိုင်ငံ။

လမ်းအသုံးပြုကြေးများကို အဓမ္မတရားဝင်ကောက်ခံပြီး၊ လမ်းများကို လမျက်နှာပြင်ကဲ့သို့ နောက်ဆုံးပေါ်ဒီဇိုင်းဖေါ်ပေးသည့်နိုင်ငံ။

ဗုဒ္ဓဘာသာတိုင်းပြည်များအကြား - ဗုဒ္ဓသားတော်ရဟန်းသံဃာများကို ဗုဒ္ဓ ဘာသာဝင်ဆိုသူများကိုယ်တိုင် ထုနှက်ကန်ကျောက် ပစ်ခတ် ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ထောင်ချသည့်ကမ္ဘာပေါ်ရှိ တခုတည်းသော ဗုဒ္ဓဘာသာနိုင်ငံ။

Hand Phone များနှင့် စကားပြောရာတွင်အော်ကြီးဟစ်ကျယ်နှင့် "ဟဲလို ဂျားလား" "ဟဲလိုဂျားလား"ဟူသော ဝေါဟာရကိုကမ္ဘာတွင် အသုံးအများဆုံး သောနိုင်ငံ။ (မှတ်ချက်။ ကမ္ဘာအရပ်ရပ်ရှိအခြားသောတိုင်းပြည်များတွင် "Hello!"နှင့်"OK"ဟူသောစကားလုံးနှစ်လုံးသည် အသုံးအများဆုံးဖြစ်သည်)။

အကြော်များ တာရှည်ခံရန်အတွက် ပလတ်စတစ်ကြွတ်ကြွတ်အိတ်များအား အကြော်ဆီအိုးထဲတွင်ထည့်ကြော်သော နည်းစံနစ်ကို မကြောက်မလန့် - မြန်မာနိုင်ငံတွင် ပထမဆုံးတည်ထွင်ကြံဆ အသုံးချခဲ့သည်။

တတိုင်းပြည်လုံးနီးနီးမှောင်နေသော်လည်း လျှပ်စစ်ဓါတ်အားများပိုလျှံနေ၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေသည့်ထူးခြားသောတိုင်းပြည်။

ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့်အာဏာရသွားသော အစိုးရ အုပ်ချုပ်သည့်ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဒီမိုကရေစီတိုင်းပြည်။

လက်မူ့ လယ်ယာမှစက်မူ့ လယ်ယာသို့ဟု  ကြွေးကြော်ကာ ဘိုးဘွားပိုင် ဓါးမဦးချလယ်ယာမြေများကို ခရိုနီများနှင့်အာဏာပိုင်များပေါင်းကာ သိမ်းယူ၍ စက်မူလယ်ယာစံနစ်ကိုအကောင်အထည်ဖေါ်သောထူးခြားသည့်နိုင်ငံ။

နိုင်ငံအတွင်း ဆင်းရဲမှူ့ ပပျောက်ရေးဟု ကြွေးကြော်ပြီး အခြေခံလူတန်းစားများ နေထိုင်ပိုင်ဆိုင်သော အိမ်ယာမြေများကို ဥပဒေအသစ် ပုဒ်မအသစ်များ တပ်၍ သိမ်းယူကာ ဆင်းရဲမူပပျောက်အောင် ဖေါ်ဆောင်သောနိုင်ငံ။

" မြေကြီးက ရွှေသီးလို့ ပြည်ဝမ်းဝနေဆိုတဲ့" သီချင်းအားရုပ်မြင်သံကြားတွင် သတိယတိုင်းလွှင့်နေပြီး၊ ပညာတတ်များနှင့်အရွယ်ရောက်သူ (၅) သန်း ကမ္ဘာပတ် ကျွန်ခံနေရသောတိုင်းပြည်။

မြန်မာနိုင်ငံသည် လျှပ်စစ်မီးသီးကိုတီထွင်ခဲ့သော အမေရိကန်နိုင်ငံသား သောမတ်စ်အက်ဒီဆင်အား ဂုဏ်ပြုဆုံးသော တိုင်းပြည်အဖြစ် မှတ်တမ်း တင်ထားခြင်းခံရသည်။ (အက်ဒီဆင်အားဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့  တွင်အမေရိကန်နိုင်ငံ၌ လျှပ်စ်မီးကိုငါးမီးနစ်တိတိ ဖြတ်တောက်ထား
ခဲ့ဖူးပါသည်)။

ငွေမပေးနိုင်လျှင်အကူအညီမပေးသော၊ဘာတစ်ခုမှစေတနာဖြင့်ကူညီဖေါ်မရသောသူများက"ကူညီပါရစေ"ဆိုင်းဘုတ်အား မူပိုင်ယူထားသည်နိုင်ငံ။

ကမ္ဘာပေါ်တွင် တက္ကသိုလ်ကျောင်းပညာရေးအား ဂရုတစိုက်အရှိဆုံးသော နိုင်ငံ။ (မြို့ပြ ဧရိယာများအတွင်းရှိတက္ကသိုလ်များကို ပိတ်ပြီးမြို့ ပြများနှင့် ဝေးရာဒေသများသို့ ပို့ ၍ ဒေသန္တရဗဟုသုတရရန်၊ အေးချမ်း ဆိတ်ငြိမ်စွာ ပညာသင်ကြားနိုင်ရန်၊ ကိုယ်ခံစွမ်းအား များမြင့်မားလာရန် ဘေးအန္တရာယ် လုံခြုံစိတ်ချစေရန် စေတနာများဖြင့် မြို့ပြင် စစ်တပ်များနှင့်နီးရာ လူမနီးသူမနီး လွင်တီးခေါင်များတွင်တက္ကသိုလ်များဆောက်လုပ်ပြီး၊ပညာသင်ကြားစေသောနိုင်ငံ)။

ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထရှိသည်နိုင်ငံ။

ကမ္ဘာပေါ်တွင် ၀ါးတားဂိတ် (၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်) အများဆုံး တိုင်းပြည်။
လေအေးစက်တပ်ထားသောအခန်းများတွင် နောက်မှီကုလားထိုင်ပေါ်ထိုင်၍ တောင်းစားသော သူတောင်းစားများရှိသည့်နိုင်ငံ။

နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသောအမှိုက်စွန့် စံနစ်သုံးသောသည် နိုင်ငံ။

ဒီမိုကရေစီပါလီမန်ဟုဆိုသော လွတ်တော်ထဲတွင် (၂၅%) သောစစ်ယူနီဖေါင်း ၀တ်ထားသူများ မျက်နှာမာများနှင့် မျက်နှာပြောင်တိုက်ထိုင်နေသော ဒီမိုကရေစီ လွှတ်တော်သည်ရှိသည့် ကမ္ဘာ့ပထမဆုံးသော ဒီမိုကရေစီနိုင်ငံ။

အိမ်သာများတွင် နိုင်ငံခြားသားအတွက်သီးသန့် (ForeignerOnly)ဟု ခွဲခြား သော ဆိုင်းဘုတ်များရှိသည့်နိုင်ငံ။

မြို့ လည်ခေါင်တွင်  ခရီးသည်တင်ကားများကိုလက်တား၍ ပိုက်ဆံတောင်း သောတိုင်းပြည်။

ကမ္ဘာပေါ်တွင် မီးအားမြှင့်စက်အရောင်းရဆုံးတိုင်းပြည်။

ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှင့် Overseas PhoneCall ဈေးအကြီးဆုံးတိုင်းပြည်။

မြန်မာနိုင်ငံသည် မွတ်ဆလင်နိုင်ငံမဟုတ်ပဲ OIC (Organisationof Islamic Cooperation) ကိုဝင်ခွင့်ပေးသော ကမ္ဘာ့ပထမဆုံးသောအမိုက်မဲဆုံးသော ဗုဒ္ဒဘာသာနိုင်ငံ။
(မှတ်ချက်။ ။OIC အဖွဲ့ ဝင် (၅၇) နိုင်ငံရှိပြီး ရုရှား နှင့် ထိုင်းသည် Observers များဖြစ်ပြိး၊ အိန္ဒိယနှင့်အီသီယိုးပီးယားတို့ ကလုံးဝ Blocked ထားသည်)။

ဈေးဝယ်ပြီး ငွေအကြွေမအမ်းနိုင်၍ ပစ္စည်းနှင့်လဲလှယ်သောစနစ်ရှိသည့် တိုင်းပြည်။

အာဏာရူးလောဘရူးများကို တရိုတသေဖြင့် "အဘ" ဟုခေါ်ရသော ကမ္ဘာ့အယဉ်ကျေးဆုံးတိုင်းပြည်။

"လာဘ်ပေးရန်မလို" (လာဘ်ပေးလျှင် ရန်မလို)"လာဘ်ပေး ရန်မလို"ဟူသော အဓိပ္ပါယ်ရသည့်ဆိုင်းဘုတ်များကို ရုံးဌာနများတွင် ပြောင်ပြောင်တင်းတင်း ကပ်ထားသည့် ကမ္ဘာတွင်တခုတည်းသောတိုင်းပြည်။

ကမ္ဘာ့အမြင့်ဆုံးငြိမ်းချမ်းရေးနိုဘယ်လ်ဆုပိုင်ရှင်ရှိနေသည့်ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်နေသောတိုင်းပြည်။

ဖိနပ်များကိုသဲကြိုးပြန်တပ်၍စီးခြင်း၊တခါသုံးဓါတ်ငွေ့ မီးခြစ်များကိုဓါတ်ငွေ့ နှင့်မီးခြစ်ကျောက်များပြန်ထည့်၍အသုံးပြုသော နိုင်ငံ။

မိတ်ဆွေအပေါင်း ဗဟုသုတပြည့်ဝကြပါစေ။

No comments:

Post a Comment