မြန်မာ့ဒီမိုကရေစီရေး နယူးဇီလန် တခဲနက်ထောက်ခံ

မြန်မာ့ဒီမိုကရေစိခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်ကို ဒီမိုကရေစီနဲ့ နိုင်ငံရေးလှုပ်ရှားမှု လုပ်ဆောင်ခွင့် ပေးဖို့  မြန်မာအစိုးရကို တိုက်တွန်းထားတဲ့ အဆိုပြုချက်တရပ်ကို  နယူးဇီလန်ပါလီမန်က ကန့် ကွက်မဲမရှိ တညီတညွတ်တည်း အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၁၀ ခုနှစ်ထဲမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေအတွက် ပြင်ဆင်နေတာတွေကို နိုင်ငံတကာက အာရုံ စူးစိုက်နေကြသလို နယူးဇီလန်ပါလီမန်အနေနဲ့ ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်စေချင်တယ်ဆိုတဲ့ သဘောထားကိုပြသတာဖြစ်တဲ့အကြောင်း အဆိုပြုချက်ကို ဦးဆောင်တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်ပါတီစုံအဖွဲ့ ရဲ့  ခေါင်းဆောင် လေဘာပါတီအမတ် မာယန်စထရိ (Maryan Street) က ဘီဘီစီကိုပြောပါတယ်။

လာမဲ့ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည့်ကို ပါဝင်ခွင့်မပေးရင် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်လိမ့် မယ်လို့ လည်း သူက ပြောပါတယ်။
နယူးဇီလန်နဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ၀ိုင်းဝန်းဖိအား ပေးနေတဲ့အချိန်မှာ အာစီယံ၊ တရုတ်၊ အိန္ဒိယ စတဲနိုင်ငံတွေက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းနေတာမို့  အခုဖိအားပေးတာတွေ နဲ့ အပြောင်းအလဲလုပ်နိုင်ပါ့မလားဆိုတာကိုတော့ မာယန်စထရိ (Maryan Street) က နမူနာပေး ပြန်ပြောခဲ့ပါတယ်။
အာစီယံနိုင်ငံတချို့ ဟာ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပါတ်သက်ပြီး သီးခံနိုင်မှုပိုနည်းလာတာတွေ့ နိုင်သလို အခုဆိုရင် အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာနိုင်ငံအပေါ် ပိတ်စို့ အရေးယူမှုတွေ ဆက်ထားနေချိန်မှာပဲ ထိတွေ့  ဆက်ဆံတဲ့ နည်းလမ်းနှစ်ခုကိုပေါင်းပြီး ကျင့်သုံးနေတာရှိတဲ့ အတွက် နယူးဇီလန်နိုင်ငံရဲ့ အခုဆောင်ရွက်ချက်ကလည်း မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကိုပိုပြီး မြန်ဆန် အောင် အထောက်အကူဖြစ်လိမ့်မယ်လို့ သူယုံကြည်တဲ့အကြောင်း မာယန်စထရိ (Maryan Street)က ပြောပါ တယ်။
(ဘီဘီစီ)၂ ရက် ဇွန်လ ၂၀၁၀