Monday, November 19, 2012

အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံ ရောက်ရှိ

အမေရိကန် သမ္မတ Barack Obama နှင့် နိုင်ငံခြားရေးဝန်ကြီး Hillary Rodham Clinton ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာစဉ်။
အမေရိကန် သမ္မတ Barack Obama နှင့်  နိုင်ငံခြားရေးဝန်ကြီး Hillary Rodham Clinton ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကို နိုဝင်ဘာလ ၁၉ရက် တနင်္လာနေ့ မနက်ပိုင်းတွင် ရောက်ရှိလာပြီဖြစ်ပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိလာပြီဖြစ်တဲ့ အမေရိကန်သမ္မတအိုဘားမားဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံမှာဖြစ်ပါတယ်။ 


မြန်မာသမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံပြီးနောက်မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။

Sunday, November 18, 2012

နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်မည်


 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ဂျွန်ကီးသည် မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည် ရေးခရီး လာရောက်လည်ပတ်မည်ဖြစ်သည်။

အေးချမ်းမွန်- Photo From :မြ၀တီ

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး မြန်မာပြည်ခရီးမှာ အိုဘားမားပြောမည်

အမေရိကန် သမ္မတ ဘရက်အိုဘားမား။ (နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၂)။
 
 မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံနေတာ ဖြတ်တောက်ပစ်ဖို့ တနင်္လာနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့အခါ အမေရိကန်သမ္မတ ဘရက်အိုဘားမား က မြန်မာခေါင်းဆောင်တွေကို တိုက်တွန်းသွားဖို့ ရှိတယ်လို့ အိမ်ဖြူတော် အရာရှိတွေ ပြောတဲ့ အကြောင်း စနေနေ့က ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ ထိတွေ့ ဆက်ဆံနေတာတွေ လျှော့ချဖို့ သမ္မတ အိုဘားမားက မြန်မာအစိုးရကို တိုက်တွန်း ပြောဆိုသွားမယ့် အကြောင်း လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေး အရာရှိ ဘန်ရုဒ်စ် (Ben Rhodes) က သမ္မတ အိုဘားမား စီးနှင်း လိုက်ပါလာတဲ့ Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ဘက်ကလည်း အပြုသဘောဆောင်တဲ့ ဘက်ကို ဦးတည် လုပ်ဆောင်နေတာကို တွေ့ရပြီး မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံနေတာတွေ ဖြတ်တောက် ပစ်ဖို့ သူတို့အနေနဲ့ ထပ်လောင်း ဖိအားပေးသွားမှာ ဖြစ်တတယ်လို့ ဘန်ရုဒ်စ် က ပြောပါတယ်။

Sunday, November 11, 2012

ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြုကာ အင်အား ၆ ဒသ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်


စစ်ကိုင်းမြို့ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကူးတံတား ထိပ်ရှိ စစ်ကိုင်းမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ခြင်္သေ့ရုပ်တစ်ခု ငလျင်ဒဏ်ကြောင့် ပြုတ်ကျနေသည်ကိုတွေ့ရစဉ်။ 
ဓာတ်ပုံ - ညီညီဇော်

ယနေ့နံနက်တွင်စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြုကာ အင်အား ၆ ဒသ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

လှုပ်ခတ်ခဲ့သော ပြင်းအား ၇ အဆင့်ရှိ ငလျင်ကြောင့် တည်ဆောက်ဆဲ ရွှေဘို-ကျောက်မြောင်း-စဥ့်ကူးသို့ သွားရောက်နိုင်မည့် ရတ နာသိင်္ခမြစ်ကူးတံတားမှာ ပြိုသွားပြီဖြစ်ကြောင်း၊ ယင်းတံတားမှာ တည်ဆောက်မှု ၈၀ရာခိုင်နှုန်းပြီးသွားပြီဖြစ်ဟု ဒေသခံများထံမှ ယနေ့နံနက် ၈ နာရီ ၅၉ မိနစ်တွင် စုံစမ်းသိရှိရသည်။ (The Voice Weekly) မှ ကူးယူဖော်ပြသည်။


Saturday, November 3, 2012

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ဒီလအတွင်း သွားမယ်

အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမတ ဘာရက် အိုဘားမားနှင့် အင်ဒိုနီးရှားသမတ စူစီလို ဘမ်ဘန် ယူဒိုယိုနိုတို့ နိုဝင်ဘာ ၉ ရက်နေ့က ဂျာကာတာမြို့မှာ ကျင်းပသော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် သတင်းစာဆရာများ၏ မေးခွန်းကို သမတ အိုဘားမား ဖြေကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
အမေရိကန်သမ္မတ အိုဘာမားဟာ ဒီလအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံညီလာခံ ကို တက်ရောက်မယ့် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

သမ္မတ အိုဘားမားဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထိုင်းနိုင်ငံကို ဦးဆုံးဝင်ရောက်ပြီး၊ နိုဝင်ဘာ ၁၇ ရက် နဲ့ ၁၈ ရက် နှစ်ရက်တာ မြန်မာနိုင်ငံမှာ နေထိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ တဆင့် ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံညီလာခံကို တက်ရောက်မှာပါ။ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်အသေးစိတ်ကို မသိရသေးပေမဲ့ မြန်မာနိုင်ငံမှာရှိနေစဉ်အတွင်း အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ရော၊ ဒီမိုကရေစီအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

Sunday, October 21, 2012

တိုင်းပြည်ကို ဇောက်ထိုးလှန်မယ့် ကြံ့ဖွတ်များ

ဓါတ်ပုံ - ကိုလှိုင်ဘွား
မြန်မာနိုင်ငံတော်အလံကို ဇောက်ထိုး ပြောင်းပြန်ထူထားကြောင်းသတင်းစာတစောင်က ဓါတ်ပုံနဲ့တကွဖ်ာပြထားပါတယ်။ "နိုင် ငံတော်အလံ ကို ဇောက်ထိုးထားတယ်ဆိုတာ ကောင်းတဲ့အလုပ်တော့မဟုတ်ပါဘူးဘယ်လိုအကြောင်းတွေရှိနေပါစေ နိုင်ငံကိုယ် စားပြုအမှတ်တံဆိပ် တစ်ခုကိုတော့ ပြောင်းပြန်မထားသင်ဘူး မသိလို့ လုပ်တာလား? သိသိကြီးနဲ့လုပ်တာလား?" စတဲ့မေးခွန်းတွေ ကိုလည်း ဖေ့စ်ဘုတ် စာမျက်နှာတွေမှာ အများကြီးတွေ့ရပါတယ်။

Thursday, October 18, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်က ငြိမ်းချမ်းရေးဆု ချီးမြှင့်

၁၉၈၅ ခုနှစ် အမေစု ဂျပန်မှာ ပညာ သင်ကြားနေတုန်းက ရိုက်ထားတဲ့ ဓါတ်ပုံလေးပါ။ ဒေါ်အောင်ဆန်းစုကြည်ဘေးနားက Colonel Suzuki's ၏ ဇနီး။ (၂၉.၄.၁၉၈၆)

အောက်တိုဘာ ၂၅ ရက်နေ့မှာ Sakai မြို့တော်မှာ ချီးမြှင့်ပေးအပ်မယ့် တတိယ အကြိမ်မြောက် Sakai ငြိမ်းချမ်းရေးဆုကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မယ့်အကြောင်း ဂျပန်နိုင်ငံက ကြေညာလိုက်ပါတယ်။

ဒီဆုဟာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး တိုးတက် ထွန်းကားစေဖို့ ဆောင်ရွက်သူများကို ချီးမြှင့်တဲ့ ဂျပန်နိုင်ငံ Osaca ပြည်နယ် Sakai မြို့အုပ်ချုပ်ရေးအဖွဲ့ က (၂) နှစ် တစ်ကြိမ် ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ အိုဘားမား၏ အထူးလက်ထောက် Ms. Samantha Powerနှင့်အဖွဲ့ ဒေါ်အောင်ဆန်းစု ကြည်အား လာရောက်တွေ့ ဆုံ

အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ အိုဘားမား၏ အထူးလက်ထောက် Ms. Samantha Powerနှင့် အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နံနက် 10:00 မှ 10:40 အထိ နေပြည်တော်ရှိ Auriun Palace Hotel တွင် လာရောက်တွေ့ ဆုံ နှုတ်ဆက် ဆွေးနွေးခဲ့စဉ်။  (17-10-2012) Photo-Sunny

Tuesday, October 16, 2012

မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်ခွင့်ပြုမည်မဟုတ်

ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့တွင် OIC ရုံးဖွင့်ခွင့်မပြုရေး သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ် (အောက်တိုဘာ ၁၅၊ ၂၀၁၂)
 
 မြန်မာနိုင်ငံအတွင်းမှာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး တွေ ဖွင့်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။  ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေကြား ပဋိပက္ခတွေဖြစ်ခဲ့ပြီးတဲ့နောက် (OIC) ရုံးဖွင့်မဲ့ကိစ္စကို ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်မြို့အပြင် တခြားမြို့တွေမှာ ဆန္ဒ ထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ရန်ကုန်မြို့မှာ သံဃာတော်တွေ စီတန်းလှည့်လည်ခဲ့တဲ့ တောက်လျောက်မှာ သတင်းလိုက်လံယူခဲ့တဲ့ ရန်ကုန်အခြေစိုက် VOA သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး တွေ လုံးဝ ဖွင့်မှာ မဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က VOA မြန်မာပိုင်းကို ခုလို အတည်ပြု ပြောပါတယ်။


“ပြည်သူလူထုကြားမှာ ပြန့်နှံ့ဖြစ်ပေါ်လျက်ရှိတဲ့ မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်လှစ်မယ့် သတင်းနဲ့ စပ်လျဉ်းပြီး ရုံးဖွင့်မယ့်ကိစ္စဟာ ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီသဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိပါသည်။ ဒါဟာ ကျနော်တို့ထုတ်ပြန်ထားတာ။ အဲ့တာ ဒီညသတင်းမှာလည်း ထုတ်မယ်။ မနက်ဖြန်သတင်းစာမှာလည်း ပါမှာပါ။”

Monday, October 15, 2012

OIC မည်သည့်ပုံစံဖြင့်လာလာ ဆန့်ကျင်မည် ဟု စစ်တွေခေါင်းဆောင်များက ဦးထွေးလှအား ပြောကြား


OIC နှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သူ နယ်စပ်/စည်ပင် ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှ နှင့် စစ်တွေမြို့မှ ဦးဆောင်ဦးရွက်ပြုသူ အချို့တို့ ယမန်နေ့ညနေခုနစ်နာရီခန့်တွင် အလွတ်သဘောတွေ့ဆုံကြရာတွင်၊ OIC က အသွင်တစ်မျိုးမျိုးဖြင့်ဝင်လာမှုကို ဆက်လက် ဆန့်ကျင်သွားကြမည် ဖြစ်ကြောင်း တွေ့ဆုံခဲ့သူများကပြောကြားခဲ့သည်ဟု ယင်းအစည်းအဝေးပြုလုပ်ရာနေရာတွင် ရှိနေခဲ့သူတစ်ဦးကCoral Arakan အားပြောကြား သည်။

OIC စစ်တွေမြို့တွင် ရုံးဖွင့်မည်ဆိုသည်မှာ မဟုတ်ကြောင်း နောက်ဆုံးထုတ် Voiceဂျာနယ်ရှေ့ဖုံးပါ ၄င်းနှင့်အင်တာဗျူးကို ပြသရင်း ဦးထွေးလှက ဒီက ဒေသခံများ၏ စကားသံကို ကြားချင်သောကြောင့် ယခုလိုတွေ့ဆုံရသည်ဟု ရှင်းလင်းပြောကြား ပြီးနောက်၊ ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ) ၊ဦးထွန်းကျော် (အင်းပေါက်ဝကုမ္ပဏီ)၊ ဦးကျော်ဇောဦး (၀ံလက်ဖောင်ဒေးရှင်း) ၊ဦးအောင်မြကျော် (ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) နှင့် ဒေသခံလုပ်ငန်းရှင် တစ်ဦးတို့ ၀င်ရောက်ဆွေးနွေးခဲ့ကြသည် ဟု အဆိုပါ အမည်မဖော်လိုသူက ပြောကြားသည်။

Sunday, October 14, 2012

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌရာထူး ဦးရွှေမန်း ယူဖွယ်ရှိ

ပြည်ခိုင်ဖြိုးပါတီ အထွေထွေညီလာခံသို့ တက်ရောက်လာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
ဓာတ်ပုံ-အိဖြူလွင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုတက်ရေးပါတီတွင် ဥက္ကဌ ရာထူးကို ပထမဆုံးအကြိမ် ရွေးချယ်တော့မည်ဖြစ်ပြီး ဥက္ကဌ နေရာကို သူရဦးရွှေမန်း ယူနိုင်ဖွယ်ရှိကြောင်း ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကပြောကြားသည်။

"လုပ်မယ့်သူမရှိတော့ အကြီးဆုံးဖြစ်တဲ့သူက ပါတီကို ဦးဆောင်ရမှာပဲ"ဟု ဦးဌေးဦးကဆိုသည်။ (The Voice Weekly)

အောင်လအန်ဆောင် အနိုင်ရရှိ

 
ဆုကြေးငွေများအား ကချင်ဒုက္ခသည်များကို လှူဒါန်းမည်ပာု ကြေငြာ ထားသော MMA လက်ဝှေ့သမား ကချင်တိုင်းရင်း သား အောင်လအန်ဆောင် အမေရိကန်နိုင်ငံ တွင်ယနေ့ ကျင်းပသည့် MMA ၀ယ်သာဝိတ်တန်း ပြိုင်ပွဲ၌ အနိုင်ရရှိ........(ပုညဆွေ)