Wednesday, September 22, 2010

နအဖစစ်အစိုးရရဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းဘို့ ကုလသမဂ္ဂမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဘို့ နယူးဇီလန်အစိုးရ ထောက်ခံ

နယူးဇီလန်ပါလီမန်အမတ် မာရီယန်စရီ (လေဘာပါတီ) နှင့် ကိုနိုင်ကိုကို (ဗားမားကင်ပိန် - နယူးဇီလန်) တို့အား နယူးဇီလန်ပါလီမန်တွင်ပြုလုပ်သော ဓါတ်ပုံပြပွဲတွင် တွေ့ရစဉ်

ဗားမားကင်ပိန်းနယူးဇီလန်မှ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ကိုကို နှင့် ဆက်သွယ်မေးမြန်းချက်

ရာဇ၀င် ။ ။ နယူးဇီလန်အစိုးရက မြန်မာ နအဖစစ်အစိုးရကို (United Nations Commission of Crime against Humanity in Burma) မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုတွေ၊ လူအခွင့်အရေးချိုးဖောက်မှုတွေကို စုံးစမ်းနိုင်ဘို့၊ ကုလသမဂ္ဂမှာ စုံးစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ဘို့အတွက် သဘောတူထောက်ခံလိုက်တယ်လို့ သိရပါတယ်။ အဲဒါနဲ့ပါတ်သက်လို့ နဲနဲရှင်းပြပါလား။

ကိုနိုင်ကိုကို ။ ။ ဟုတ်ကဲ့ ကျနော်တို့ ဗားမားကမ်ပိန်း နယူးဇီလန်အနေနဲ့ မြန်မာစစ်အစိုးရကို အရေယူဘို့ အတွက် နယူးဇီလန်အစိုးရဲ့ ထောက်ခံတဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ အများကြီးဝမ်းသာပါတယ်။ နောက် ဒါဟာ နယူးဇီလန်သမိုင်းမှာ နယူးဇီလန်အစိုးရအနေနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးတွေမှာ ကျနော်ထင်တယ် ပေါ့နော်၊ နယူးဇီလန် နိုင်ငံသားတွေအားလုံးအနေနဲ့ သဘောတူလိမ့်မယ်၊ မြန်မာ နိုင်ငံမှာ လူသားမျိုးနွယ်စုတုံးစေမဲ့ ရာဇ၀တ်မှူ ကျူးလွန်သူတွေကိုအရေးယူဘို့အတွက် နယူးဇီလန်အနေနဲ့ ထောက်ခံလိမ့်မယ်လို့ ကျနော် မျှော်လင့်မထားဘူး ပေါ့နော်။ အခုလို ထောက်ခံလိုက်တဲ့အတွက် ၀မ်းသာမိတယ်။ နောက်တခါ နယူးဇီလန်နိုင်ငံဟာ နအဖ စစ်အစိုးရကို အခုလိုအရေးယူစုံစမ်းဘို့ ကိုးနိုင်ငံမြောက် ထောက်ခံလိုက်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဗားမားကမ်ပိန်း-နယူးဇီလန် အနေနဲ့ နယူးဇီလန် အစိုးရကို အများကြီး ဂုဏ်ယူပါတယ်။ တခြားနိုင်ငံတွေ အနေနဲ့လည်း အခုလို ဆက်လက် ထောက်ခံပေးလို့အတွက် မေတ္တာရပ်ခံ ပါတယ်။

ရာဇ၀င် ။ ။ အခုလို နယူးဇီလန်အစိုးရအနေနဲ့ အခုလိုထောက်ခံတယ်ဆိုတာကို ဘယ်လိုသိရသလဲ ဆိုတာကို သိပါရစေ။

ကိုနိုင်ကိုကို ။ ။ ဟုတ်ကဲ့။ ကျနော်တို့ ဗမားကမ်ပိန်း နယူးဇီလန်ကနေပြီးတော့ သြဂုတ်လ (၁၀)ရက်နေ့က နေစပြီးတော့ နယူးဇီလန်အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရကို အရေးယူဘို့ ကုလသမဂ္ဂမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဘို့ ဒီကမ်းပိန်းကို စလုပ်ပါတယ်။ ကျနော်တို့ (Burma Campaign.co.nz)၀ဘ်ဆိုက်ကနေ နယူးဇီလန်အစိုးရရဲ့ထောက်ခံမှုရရှိရေးအတွက် လက်မှတ်ထိုးထောက်ပေးပို့ကြဘို့ ကမ်ပိန်း လုပ်ပါတယ်။ ပြီးတော့ ဒါကို နယူးဇီလန်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဆီကို လိပ်မူပါတယ်။ ကျနော်နဲ့အတူဘဲ နယူးဇီလန် နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ၊ နယူးဇီလန်နိုင်ငံသားတွေ၊ ကမ္ဘွှာရပ်ရပ်မှာရှိတဲ့ ကျနော်တို့ရဲ့ မိတ်ဆွေတွေကနေပြီးတော့ လက်မှတ်ထိုး ထောက်ခံပြီးတော့ တိုက်ရိုက်ပို့ကြခဲ့ပါတယ်။ ပို့တဲ့အတွက် ဒီတလနဲ့ ဆယ်နှစ်ရက်အတွင်းမှာ၊ ရက်လေးဆယ် ကျော်ကျော်မှာ ဒီအဖြေထွက်လာတာဖြစ်ပါတယ်။ မနေ့ညက နိုင်ငံခြားရေးဝန်ကြီးရဲ့ ပီအေက နေပြီးတော့ ဒီစာကို ပို့ပေးတယ်။ ကုလသမဂ္ဂမှာ မြန်မာ စစ်အစိုးရရဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူအခွင့်အရေးချုးဖောက်မှုတွေ ဒီအမှုနှစ်မှုနဲ့ ပါတ်သကပြီးတော့ စုံစမ်းဘို့၊ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ဘို့ ထောက်ခံတယ်ဆိုတဲ့စာကို ပို့ပေးတာဖြစ်တယ်။

ရာဇ၀င်။ ။ အဲဒီတော့ ဗားမားကင်ပိန် နယူးဇီလန်ရဲ့ အခု စစ်ခုံရုံးကော်မရှင်ဖွဲစည်းရေးကမ်ပိန်းမှာ အားလုံး ထောက်ခံမဲ ဘယ်လောက် ရသလဲဆိုတာ သိပါရစေ။

ကိုနိုင်ကိုကို ။ ။ ကျနော်တို့ အင်နက်တာမှာတွေ့ရတဲ့စာရင်းအရ ထောက်ခံမဲအားလုံး သုံးရာ ကျော်ကျော် လောက်ရပါတယ်။ နယူးဇီလန် အပါအ၀င် တကမ္ဘာလုံးမှာရှိကြတဲ့ မြန်မာ့အရေးကိုထောက်ခံသူ မိတ်ဆွေများ ကနေ ပေးကြတဲ့လက်မှတ်တွေပေါ့နော်။ လက်မှတ်ပို့ကြတဲ့ အထဲမှာ အများစုက နယူးဇီလန်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာကို သိရပါတယ်။ ဒါဟာ ကျနော်တို့ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အားတက်စရာတခုပါ။

ရာဇ၀င်။ ။ အခုလို မြန်မာစစ်အစိုးရကို အရေးယူဘို့ ကုလသမဂ္ဂမှာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ဘိုအတွက် ထောက်ခံကြတဲ့နိုင်ငံအားလုံး ဘယ်လောက်ရှိသွားပြီလို့ သိရပါသလဲ။

ကိုနိုင်ကိုကို။ ။ ဟုတ်ကဲ့။ အားလုံး (၉)နိုင်ငံ ရှိသွားပါပြီး။ အမေရိကား။ ၾသစေတးလ်။ နောက် ယူကေ၊ ကနေဒါ၊ ချက်ခ်ျ၊ စလိုဗက်ကီးယာ၊ ဟန်ဂေရီ၊ နယ်သာလန်၊ နယူးဇီလန် တို့ ဖြစ်ပါတယ်။ (သတင်းကို အင်္ဂလိပ်လိုဖတ်ရန်)

No comments:

Post a Comment