Friday, September 24, 2010

စစ်အစိုးရ ရာဇ၀တ်မှုများ စုံစမ်းစစ်ဆေးမှုကော်မရှင်ဖွဲ့ရန် ထောက်ခံမှုများလာ

မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရေး ကော်မရှင် (CoI)ဖွဲ့စည်းရန် ပြင်သစ်နိုင်ငံက ထောက်ခံလိုက်ခြင်းဖြင့် ထောက်ခံသည့် နိုင်ငံ ၁၀ နိုင်ငံ ရှိသွားပြီဖြစ်သည်။
CoI ဖွဲ့စည်းရေးကို အမေရိကန်၊ ကနေဒါ၊ ချက်၊ ဗြိတိန်၊ စလိုဗက်ကီးယား၊ သြစတြေးလျ၊ ဟန်ဂေရီ စသည့်နိုင်ငံတို့က ထောက်ခံခဲ့ကြပြီး ယခုရက်ပိုင်းအတွင်း နယ်သာလန်၊ နယူးဇီလန်နှင့် ပြင်သစ် တို့ကပါ ထပ်မံ ထောက်ခံ လိုက်ကြသည်။ ကုလသမဂ္ဂ၏ အထွေထွေ ညီလာခံ၌ ကျင်းပသည့် ၁၅ ကြိမ်မြောက် လူအခွင့် အရေး ကောင်စီ တွင် ပြင်သစ်နိုင်ငံ၏ ကိုယ်စားလှယ် ဖြစ်သူက “မြန်မာ နိုင်ငံမှာ လူ့အခွင့်အ ရေး တွေကို အစီအစဉ် တကျနဲ့ ချိုးဖောက် ခံနေရပါတယ်၊ ကုလ အထူး ကိုယ်စားလှယ် မစ္စ တာ ကင်တာနာ အကြံပြုထားတဲ့ CoIဖွဲ့စည်းဖို့ကို ပြင်သစ်နိုင်ငံက ထောက်ခံကြော င်း အခုလုပ်ရပ်နဲ့ ဖော်ပြလိုက်တာဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ပြင်သစ်နိုင်ငံက ယခုကဲ့သို့ ထောက်ခံလိုက်ခြင်းအပေါ်တွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGOs) ဖြစ်သော Human Rights Watch (HRW) ၊ ပြင်သစ်အဖွဲ့အစည်းများဖြစ်သော Info Birmanie, Federation Internationale des ligues des droits de l’Homme (FIDH) နှင့် French Human Rights League တို့က ကြိုဆိုကြောင်း ယနေ့ သတင်း ထုတ်ပြန်သည်။

(ဧရာဝတီ မှ ကောက်နှုတ်ဖော်ပြသည်)

No comments:

Post a Comment