
တက်ရောက်လာသူများမှလည်း လက်ရှိမြန်မာပြည်တွင်းအခြေအနေနှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုများအပေါ်တွင် ပါတ်ဝန်ကျင်နိုငံများဧ။် ထောက်ခံမှုများအပါအ၀င် မေးခွန်းများကို မေးမြန်းကြပြီး၊ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဧ။် တာဝန်ခံ မာဂရက်တေလာနှင့် အပြည်ပြည်ဆိုင်မြန်မာရဟန်းတော်များအဖွဲ့-နယူးဇီလန်ဌာနခွဲမှ အတွင်းရေးမှုး ဆရာတော် အရှင်သုမနသိရိ တို့မှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ (ရာဇ၀င်)
ထို့နောက်တွင် အပြည်ပြည်ဆိုင်မြန်မာရဟန်းတော်များအဖွဲ့-နယူးဇီလန်ဌာနခွဲမှ ဥက္ကဌဆရာတော် အရှင် သြဘာသမှ မြန်မာနိုင်ငံတွင် ရဟန်းသံင်္ဃာအပါအ၀င် မြန်မာပြည်သူများအနေနှင့် နအဖ မှ ပြုလုပ်မည့်ရွေးကောက်ပွဲ ကိုယုံကြည်မှုမရှိကြောင်း၊ နယူးဇီလန်နိုင်ငံအပါအ၀င် နိုင်ငံတကာအနေဖြင့် ယင်းရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် နိုင်ငံတကာခုံရုံးတွင် နအဖစစ်အစိုးရဧ။် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စစ်ဆေးရေးခုံရုံးဖွဲရန်အတွက် ဆက်လက်ထောက်ခံပေးကြရန် တိုက်တွန်းခဲ့ပါသည်။
No comments:
Post a Comment