Friday, October 1, 2010

အော်ကလန်တက္ကသိုလ်တွင် ဗားမားဗီဂျေ (Burma VJ ) ရုပ်ရှင်ပြမည်

အောက်တိုဘာလ (၄)ရက် တနင်္လာနေ့တွင် နယူးဇီလန်နိုင်ငံ အော်ကလန်မြို့ရှိ အော်ကလန်တက္ကသိုလ်တွင် နအဖ စစ်အစိုးရမှကြီးမှုးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျင်သည့်လှုပ်ရှားမှုတရပ်အနေဖြင့် မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုများနှင့် နအဖ စစ်အစိုးရဧ။် ဖိနှိပ်ရက်စက်မှုများနှင့် ယင်းအဖြစ်အပျက်အမှန်များကို ကမ္ဘာကသိအောင် မှတ်တမ်းတင်ရိုက်ကူး ဖော်ထုတ်ခဲ့ကြသည့် ပြည်တွင်း သတင်းထောက်များဧ။် ကြိုပမ်းမှုများကို ပေါ်လွင်အောင်ရိုက်ကူးထားသည့် ဗားမားဗီဂျေ (Burma VJ ) ရုပ်ရှင်ကားကို ပြသမည်ဖြစ်ကြောင်း  သိရသည်။  
မှတ်တမ်းတင် ရုပ်ရှင်ပြပွဲမတိုင်မှီတွင် အရှင် သြဘာသ (မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ - နယူးဇီလန်) နှင့် Margaret Taylor မာဂရက်တေလာ Amnesty International Aotearoa - New Zealand (အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ -နယူးဇီလန်) အဖွဲ့တို့က လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် နအဖဧ။် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမ၀င်ကြောင်း လှုံ့ဆော်ဟောပြောမည်ဟု သိရသည်။
ဗားမားဗီဂျေ (Burma VJ ) ရုပ်ရှင်ကားသည် ဒတ်ခ်ျလူမျိုး ဒါရိုက်တာ အန်ဒရာ အိုစတာဂတ်ဒ် (Anders Ostergaard) က ဒီမိုကရက်တစ်မြန်မာ့အသံ (ပြည်တွင်းသတင်းထောက်များ)ဧ။် တကယ့်အဖြစ်အပျက်များကို လျှို့ဝှက်ရိုက်ကူးထားသည့် မှတ်တမ်းများကို စုစည်းကာ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားခြင်းဖြစ်သည်။

သတင်းရယူလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များထံတွင် ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သိရပါသည်။

Margaret Taylor ( Amnesty International Aotearoa - New Zealand )0064 – 9- 303 4519
Ban  - Obbasa (International Buddhist Monks Organization - New Zealand) 0064-9-5210516
Tin Zaw Moe 0064 – 9- 02102677082 (Burma Campaign New Zealand)
ကျင်းပမည့်နေရာ - LibB15/109-B15 - Lecture Theatre Library Basement 15, Auckland University of Technology (AUT), Alfred Street, Auckland, New Zealand.
(ရာဇ၀င်)



No comments:

Post a Comment