Saturday, October 30, 2010

ကိုဇာဂနာအကြောင်းရိုက်ကူးထားတဲ့ (This prison where I live) မှတ်တမ်းရုပ်ရှင် နယူးဇီလန်မှာ ပြသ

(This prison where I live) ကျနော်နေတဲ့ဟောဒီ့အကျဉ်းထောင် အမည်နဲ့ လူရွှင်တော် ကိုဇာဂနာ အကြောင်းရိုက်းထားတဲ့ မှတ်တမ်းရုပ်ရှင်ကို (၂၉)ရက်နေ့ ညနေ (၆း၃၀)က နယူးဇီလန်နိုင်ငံ အော်ကလန် တက္ကသိုလ်မှာ ပြသခဲ့ပါတယ်။

ဒီဇာတ်လမ်းကို ဗြိတိသျှ ဒါရိုက်တာ မစတာ ရက်စ်ဘလွန်းစတိန်း (Rex Bloomstein) က ၂၀၀၇ ခုနှစ် အစပိုင်းလောက်မှာ ရန်ကုန်ကိုသွားပြီး လူရွှင်တော် ကိုဇာကို တွေ့ဆုံမေးမြန်ရင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ မစတာ ရက်ဘလွန်းစတိန်း (Rex Bloomstein)ဟာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဇာတ်ကား တွေကို ရိုက်ကူးရာမှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ဇာတ်ကားထဲမှာ စစ်အစိုးရကနေ ပိတ်ပင်ထားခံရတဲ့ ဒါရိုက်တာ ဇာဂနာရဲ ရုပ်ရှင်ဇတ်ဝင်ခန်းတွေ၊ ကဗျာ၊ ပြဇာတ် နဲ့ လက်ရှိ ကိုဇာဂနာ ချုပ်နှောင်ခံထားရတဲ့ မြစ်ကြီးနား အကျဉ်းထောင်နားအထိကိုပါ သွားရောက် စွန့်စား ရိုက်ကူးထားတဲ့ အခန်းတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

ထိုရုပ်ရှင်ပြပွဲမှာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ Burma Campaign New Zealand မှ မြန်မာနိုင်ငံသား တယောက်အနေနဲ့ ကိုဇာဂနာရဲ့အနုပညာ၊ နိုင်ငံရေး ဖြတ်သန်းမှုများကို ရှင်းလင်း ပြောပြခဲ့ပါတယ်။

ဒီပွဲကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (နယူးဇီလန်) Amnesty International New Zealand က ကြီးမှူး ကျင်းပတာဖြစ်ပြီး၊ နယူးဇီလန်မှာရှိတဲ့ တခြားမျြိပတွေက တကသိုလ်တွေမှာလည်း သွားရောက်ပြသဘဖို့ အစီအစဉ်ရှိသေးကြောင်း သိရပါတယ်။
 
(ရာဇ၀င်)

No comments:

Post a Comment