Sunday, October 31, 2010

စစ်မှန်တဲ့ရွေးကောက်ပွဲ မြင်တွေ့လိုကြောင်း နယူးဇီလန်နဲ့ ဖိလစ်ပိုင် ပြောကြား


၂၀၁၀ ၃၀ ။ ၁၀၊ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်
ပြုလုပ်သည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာသည့်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နှင့်
နယူးဇီလန် ဝန်ကြီးချုပ် John Key ဖြစ်ပါသည်။ (Photo: AFP)


မြန်မာစစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ မယုံကြည်ကြောင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပပြီးစီးသွားတဲ့ အရှေ့အာရှထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ နယူးဇီလန် ဝန်ကြီးချုပ် JohnKeyက ဒီကနေ့ပြောလိုက်ပါတယ်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားပြီး ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ မနေ့ည က ပြုလုပ်တဲ့ညစာစားပွဲမှာ နိုင်ငံအမည်အလိုက် နေရာချထားရာမှာ နယူးဇီလန် ဝန်ကြီးချုပ် John Key ဟာ စစ်အစိုးရဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ဘေးချင်းကပ်ပြီး ထိုင်ခဲ့ရတာပါ။ Mr. John Keyက ရွေးကောက်ပွဲအခြေအနေ တွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာကို မြန်မာဝန်ကြီးချုပ်က ရှင်းပြခဲ့တာ တွေဟာ အမှန်တကယ် ဖြစ်ပျက်နေတာနဲ့ ကိုက်ညီမှုရှိတယ်လို့ မထင်ကြောင်း ပြောပါတယ်။
ဒါ့ပြင် နယူးဇီလန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ စစ်မှန်တဲ့ရွေးကောက်ပွဲတွေကို မြင်တွေ့လိုကြောင်းနဲ့ ဒီ့အတွက် မိမိတို့ကူညီခွင့်ရမယ်ဆိုရင် ကူညီဖို့အဆင်သင့်ရှိကြောင်း ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာဝန်ကြီးချုပ်နဲ့ စကားပြောဖြစ်ခဲ့တဲ့ တခြားခေါင်းဆောင်တွေအားလုံး ရွေးကောက်ပွဲကိစ္စကိုပဲ တညီတညွတ်တည်း မေးမြန်းခဲ့ကြတယ်လို့ ယူဆရကြောင်း လည်း နယူးဇီိလန် ဝန်ကြီးချုပ်က ပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် အာစီယံရဲ့ ဂုဏ်သိက္ခာကိုသာမက အဖွဲ့ကြီးရဲ့ ရပ်တည်ချက်ကိုပါ ထိခိုက်လာနိုင်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Alberto Romulo က ဒီကနေ့ ပြောလိုက်ပါတယ်။

(RFA)



No comments:

Post a Comment