Thursday, November 4, 2010

အိန္ဒိယရောက် မြန်မာပြည်သူများက စစ်အစိုးရရွေးကောက်ပွဲကို ဆန္ဒပြ

 
India-based Burmese pro-democratic forces organized
a protest rally at Jantar Mantar on 3 November 2010
against the upcoming Burma’s 2010 election
on 7 November 2010
၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမယ့် မြန်မာ စစ်အာဏာပိုင်များရဲ့ ရွေးကောက်ပွဲအား ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို အိန္ဒိယရောက် မြန်မာပြည်သူများက နိုဝင်ဘာ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ကြ ပါတယ်။ အဲဒီ ဆန္ဒပြပွဲကို ဂျန်တာမန်တန်းပန်းခြံအနီး ပြုလုပ်ခဲ့ရာ အင်အား ၇၀၀ ခန့် တက်ရောက်ခဲ့ပြီး အိန္ဒိယ၀န်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါ တယ်။ အဲဒီ အိတ်ဖွင့်ပေးစာကို အိန္ဒိယရှိ အဖွဲ့ပေါင်း ၁၄ ဖွဲ့က စုပေါင်း လက်မှတ်ရေးထိုးထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြန်လည် သုံးသပ်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးအတွက် တောင်းဆိုထားကြောင်း သတင်းရရှိပါတယ်။
(Yazawin)

No comments:

Post a Comment