Thursday, March 31, 2011
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နောက်ကွယ်မှ အာဏာဆက်လက် ချုပ်ကိုင်နိုင်
Sunday, March 27, 2011
မြို့ မတူရိယာအသင်းသည် ယခုနှစ်သင်္ကြန်ပွဲတော်တွင်း ငွေငန်းအလှပြယာဉ်ဖြင့် အစဉ်အလာမပျက် ဆင်နွှဲမည်ဖြစ်
Saturday, March 26, 2011
ရှမ်းပြည်အရှေ့ပိုင်း အားပြင်းငလျင် လူ ၁၀၀ ကျော်သေ
ငလျင် ဗဟိုချက်ပြုရာ ဒေသမြေပုံ (AP) |
Tuesday, March 22, 2011
ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ဒုတိယအကြိမ်တွေ့
၂၀၁၀ ဒီဇင်ဘာ လကုန်ပိုင်းက ရန်ကုန်မြို့တွင် NDF ခေါင်းဆောင်များနှင့်တွေ့ဆုံပြီးပြန်လည် ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - AP) |
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင်များ လွန်ခဲ့သည့် အပတ်က ဒုတိယအကြိမ် တွေ့ဆုံခြင်းသည် ခိုင်မာသည့် ဆက်ဆံရေး အတွက် ပထမခြေလှမ်းဖြစ်သည်ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေကပြော သည်။
“ဒီတခေါက် ဆွေးနွေးဖြစ်တာတွေက နိုင်ငံရေး ကိစ္စတွေပါတယ်၊ NDF ပါတီဖြစ်ခဲ့တာကို ရှင်းပြတယ်၊ နောက် ဒေါ်အောင်ဆန်း စုကြည်ကမေးတဲ့ လွှတ်တော်တွင်း ကျနော်တို့ပါတီရဲ့ အခြေအနေတွေ သေချာရှင်းပြတယ်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ NDF ထဲဝင်ပြီး ဦးဆောင်မှာ မဟုတ်ပေမယ့် မြန်မာနိုင်ငံရေး ခေါင်းဆောင် တယောက်အနေနဲ့ ပါတီများ၏ ခေါင်းဆောင် အဖြစ် တက်လှမ်းလာမယ်လို့ မျှော်လင့်ထားပါတယ်။ လွှတ်တော် အတွင်းအပြင် နိုင်ငံရေး ကိစ္စတွေကို သေချာစိတ်ဝင်တစား ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဖြစ်ခဲ့ပါတယ်”ဟု ဦးခင်မောင်ဆွေ က ဧရာဝတီ သို့ပြောသည်။
Monday, March 21, 2011
ရန်ကုန်လေဆိပ်၌ နိုင်ငံခြားပြန်များကို ခြိမ်းခြောက် ငွေညှစ်နေ
အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ် (ဓာတ်ပုံ - Freedom News Group) |
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး (လ၀က)၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော မြန်မာ အလုပ်သမားများထံမှ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်လျက်ရှိကြောင်း ကြုံတွေ့ခဲ့ရ သူများက ပြောသည်။
မလေးရှား၊ စင်ကာပူ၊ ဂျပန်နှင့် ထိုင်းနိုင်ငံအပါအ၀င် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ပြီး ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများကို လေဆိပ်တာဝန်ကျ အစိုးရ၀န်ထမ်းများက သက်ဆိုင်ရာ မြန်မာသံရုံးများတွင် ၀င်ငွေခွန်မဆောင် ခဲ့သည့်အတွက် ဖမ်းဆီးအရေးယူနိုင်သည်ဟု အကြောင်းပြခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများက ပြောဆိုကြသည်။
Saturday, March 19, 2011
စပွန်ဆာ သင်္ကြန်ခွေ အထွက်များလာ
ယင်းသို့ အခွေထွက်ရှိမှုနှုန်းမြင့်တက်လာခြင်းသည် ခိုးကူးပြဿနာလျော့ပါးသွားခြင်းကြောင့်မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင် များက ကြော်ငြာလိုသည့် သဘောဖြင့် စပွန်ဆာ (Sponsor)ပေး အရင်းအနှီးစိုက်ထုတ်လာမှုကြောင့်ဟု မန်းသီရိ တေးထုတ် လုပ်ရေးမှ တာဝန်ရှိသူ တဦးက ပြောသည်။
Wednesday, March 16, 2011
ကင်တာနာ အစီရင်ခံစာ NLD ထောက်ခံ
Monday, March 14, 2011
ဒီမိုကရက်တစ် အမတ်များ ဆွေးနွေးချက် ဆင်ဆာဖြတ်
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး (ဓာတ်ပုံ - ရိုက်တာ) |
Sunday, March 13, 2011
နိုင်ငံ့ဥသျှောင်ဥက္ကဋ္ဌ စစ်တပ်ကို တိုက်ရိုက်အုပ်ချုပ်မည်
နိုင်ငံ့ဥသျှောင် အဖွဲ့ ခေါင်းဆောင်များ (ဓာတ်ပုံ - အေပီ) |
ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးသော နိုင်ငံ့ဥသျှောင် အဖွဲ့၏ ညွှန်ကြားမှု အောက်တွင်သာ စစ်တပ်ကို ကြီးကြပ်ကွပ်ကဲ ရမည်ဖြစ်ကြောင်း၊ အရေးပါပြီး အဓိကကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းက ပြောဆိုကြသည်။
Thursday, March 10, 2011
အင်းစိန်ထောင်၌ အခွင့်ထူးခံ အကျဉ်းသားများရှိနေ
ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကျခံ နေရသည့် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်သည် နေ့စဉ် အကျဉ်းထောင်ပြင်ပ ထွက်ခွင့်ရနေကာ လက်ကိုင်ဖုန်း တလုံးနှင့် ၎င်း၏ စီးပွားရေး လုပ်ငန်းများကို ညွှန်ကြားနေကြောင်း၊ အရက်နှင့် မူးယစ်ဆေးဝါးများကိုလည်း လိုအပ်သလို သုံးစွဲနေကြောင်း အင်းစိန်ထောင် အကျဉ်း ဦးစီးဋ္ဌာနမှ ၀န်ထမ်းမိသားစုဝင် တဦးက ဧရာဝတီကို ပြောသည်။
Wednesday, March 9, 2011
ထောက်လှမ်းရေး တပ်ဖွဲ့ တိုးချဲ့ရန် ပြင်ဆင်နေ
Friday, March 4, 2011
မြန်မာ့အရေး နယူးဒေလီတွင် ဆွေးနွေး
မြန်မာပြည် ဒီမိုကရေစီပြောင်းလဲရေး ကွန်ဖရင့်၏ မနက်ပိုင်းတွင် ပြုလုပ်သည့် စားပွဲဝိုင်းဆွေးနွေးပွဲ (ဓာတ်ပုံ - မဇ္ဈိမ) |
မြန်မာနိုင်ငံ ဒီမိုကရေစီရေးဆိုင်ရာ ညီလာခံတရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီရှိ Zakir Husain ကောလိပ်၌ ကြာသပတေးနေ့တွင် စတင်လိုက်သည်။
၂ ရက်ကြာ ကျင်းပမည့် ညီလာခံသို့ ဒေလီနှင့် နေရူး တက္ကသိုလ်များမှ ပါမောက္ခများ၊ အိန္ဒိယ နိုင်ငံရေးသမားများနှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများ တက်ရောက်ဆွေးနွေးခြင်း ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီရေးအတွက် မည်သို့လုပ်ကိုင်သင့်ကြောင်းစားပွဲဝိုင်းဆွေးနွေးပွဲကို မနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ သဘာပတိဖြစ်သူ နိုင်ငံခြားရေး အတွင်းဝန်ဟောင်း မစ္စစ် Shyam Saran က “အခု (မြန်မာ) အစိုးရသစ်က People to people ပေါ့။ အိန္ဒိယနဲ့ မြန်မာ ပြည်သူလူထုချင်း ဆက်ဆံမှု တိုးမြှင့်သင့်တယ်” ဟု ပြောဆိုခဲ့သည်။
Wednesday, March 2, 2011
မှတ်ပုံတင်မူရင်း မပါသူများ နေပြည်တော်ဝင်ခွင့်မရှိ
“ကျနော်စီးလာတဲ့ ကားပေါ်မှာ အမျိုးသမီး တယောက်က မှတ်ပုံတင် မူရင်းပါမလာလို့ နေပြည်တော် ထဲကို ၀င်ခွင့် မပြုဘူး။ စီလမ်းဆုံက စစ်ဆေးရေးဂိတ်မှာပဲ နေခဲ့ရတယ်။ မှတ်ပုံတင် မိတ္တူ ပြတော့လည်း မရဘူးတဲ့။ တကယ်ဆိုရင် မှတ်ပုံတင်မူရင်းနဲ့မှ နေပြည်တော်ထဲ ၀င်ခွင့်ပြုမယ်ဆိုရင်လည်း ကြိုတင်ကြေညာ သင့်ပါတယ်” ဟု ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မှ နေပြည်တော်သို့ သွားခဲ့သည့် ခရီးသွားတဦးက ပြောသည်။