ဓာတ်ပုံ-ဂျေမောင်မောင်(အမရပ |
(ဒေါ်အောင်ဆန်းစုကြည်ဂျပန်သို့ ခရီးမထွက်မီ
နာရီပိုင်းအလိုနုစ်သစ်ကြိုဆုတောင်း)
Sunday, January 29, 2012
ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ ထားဝယ်မြို့ခံလူထုကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Saturday, January 28, 2012
၈၈ ခေါင်းဆောင်တချို့ ရွေးကောက်ပွဲ မျှတရေး ဒေါ်စုနဲ့ဆွေးနွေး
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ |
ဒီကနေ့ ဇန်န၀ါရီ ၂၇ ရက်၊ သောကြာနေ့ ညနေက မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတချို့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာပါ။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေထဲက ကိုကိုကြီး၊ ကိုဌေးကြွယ်နဲ့ ကိုမြအေးတို့ ၃ ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ၂ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးကြတဲ့အထဲမှာ ကြားဖြတ် ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
Thursday, January 26, 2012
ဒေါ်အောင်ဆန်းစုကြည်ကို Benazir Bhutto ဒီမိုကရေစီဆု ချီးမြှင့်
ဒေါ်အောင်ဆန်းစုကြည်အား ပါကစ္စတန် သမ္မတက ဆုမချီးမြှင့်မီ (ဓာတ်ပုံ - ဧရာဝတီ) |
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကစီအရေး၊ တရားမျှတမှု၊ တန်းတူညီမျှတမှုများ အတွက် ဘ၀ တသက်တာလှုပ်ရှား ရုန်းကန်တိုက်ပွဲဝင်မှုများကို ဂုဏ်ပြုသောအားဖြင့် ပါကစ္စတန်သမ္မတ Asif Ali ZardariကBenazir Bhutto ဒီမိုကရေစီဆု ချီးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ် ရောက်ရှိနေသော ပါကစ္စတန် သမ္မတက ယနေ့ နေ့လယ် ၂ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်၌ တွေ့ဆုံပြီးနောက် သတင်းထောက်များ၊ ပါကစ္စတန် အစိုးရအရာရှိများ ရှေ့မှောက်၌ ပါကစ္စတန်သမ္မတ၏ သား၊ သမီးတို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပါဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်။
Wednesday, January 25, 2012
ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ခရီးထွက်မယ်
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးမြို့သို့ ရောက်ရှိလာသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးလူထုက ဝိုင်းဝန်းကြိုဆိုကြစဉ်။ (Photo: RFA) |
အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် လာမယ့် ဇန်နဝါရီ ၂၉ ရက်ကစပြီး မြိတ်၊ ထားဝယ်၊ မန္တလေးနဲ့ ပုသိမ်မြို့တွေကို သွားမယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာအက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။
ဒီခရီးစဉ်ဟာ ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးဖို့ မဟုတ်ပေမယ့် လူထုရဲ့ တောင်းဆိုချက်အရ မိန့်ခွန်း ပြောကြား တာတွေ ရှိနိုင်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
Tuesday, January 24, 2012
ပဲခူးမြို့တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ဂုဏ်ပြု
ပဲခူး မြို့နယ်မှာ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၂ အတွင်း ပြန်လည် လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၀၀ ကျော်ကို အခမ်းအနားနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ပဲခူး နာရီစင် အနီးမှ ဂရင်းဆိုရှယ် ခန်းမမှာ ဒီကနေ့ မနက် ကိုးနာရီက စတင်ခဲ့တဲ့ ဒီဂုဏ်ပြုပွဲကို မကြာသေးခင်က လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ကော်မတီဖွဲ့ စီစဉ်တာပါ။
ကိုမင်းကိုနိုင်တို့ အပါအဝင် ရှစ်ဆယ့်ရှစ်မျိုး ဆက် ကျောင်းသားခေါင်းဆောင်တွေလည်း ဒီပွဲ ကို တက်ရောက်ဂုဏ်ပြုခဲ့သလို ပရိသတ် ၄၀၀ ကျော် တက်ရောက်ကြပါတယ်။
အခမ်း အနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦးရဲ့ သဝဏ်လွှာကို ဖတ်ကြားသလို ပဲခူးတိုင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြတ်လှနဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့ကလည်း ဂုဏ်ပြု အမှာစကား ပြောပါတယ်။
အေးနိုင် · (DVB)
Monday, January 23, 2012
ပြောင်းလဲမှုအဆင့်တွေ လိုနေသေးကြောင်း ဂျွန်မက်ကိန်းပြော
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်း ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ |
မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အဆင့်တွေ လိုသေးတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒီကနေ့ရန်ကုန်မြို့မှာ သတင်းထောက်တွေ ကို ပြောဆိုပါတယ်။
မစ္စတာဂျွန်မက်ကိန်းဟာ ဒီကနေ့ ညနေပိုင်းက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်မှာ တွေ့ဆုံခဲ့ပါ တယ်။
အဲဒီနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံက လက်ရှိ တိုးတက်မှုတွေကို သူ့အနေနဲ့ အလွန်ပဲ ကျေနပ်အားရမိပေမယ့် ပြုပြင်ပြောင်းလဲရေး အတွက် လုပ်ဆောင်ရမယ့်အဆင့်တွေ ကျန်နေသေးတယ်လို့ မစ္စတာမက်ကိန်း က ပြောသွားပါတယ်။
အဲဒီနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံက လက်ရှိ တိုးတက်မှုတွေကို သူ့အနေနဲ့ အလွန်ပဲ ကျေနပ်အားရမိပေမယ့် ပြုပြင်ပြောင်းလဲရေး အတွက် လုပ်ဆောင်ရမယ့်အဆင့်တွေ ကျန်နေသေးတယ်လို့ မစ္စတာမက်ကိန်း က ပြောသွားပါတယ်။
Sunday, January 22, 2012
ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ၈၈ မျိုးဆက်ကျောင်းသားများ ထောက်ခံ
၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ လာမယ့် ကြားဖြတ်ရွေးေ ကာက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံသွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြဖို့ ဆုံးဖြတ်တာဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက် ပိုပြီးအားကောင်းလာစေဖို့ ဖြစ်တယ် လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုကိုကြီးက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ဟာ စွန့်စားရတဲ့ ဆုံးဖြတ် ချက်ပါ။ အနည်းနဲ့အများ ဆိုသလို ဒီအပေါ်မှာ သံသယရှိတဲ့ အင်အားစုတွေ ရှိနေနိုင်ပါတယ်။ ကျနော်တို့က ဒီကြေညာချက်ကို ထုတ်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ပိုမိုအားကောင်းသွားစေမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားတာပါ”
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ဟာ စွန့်စားရတဲ့ ဆုံးဖြတ် ချက်ပါ။ အနည်းနဲ့အများ ဆိုသလို ဒီအပေါ်မှာ သံသယရှိတဲ့ အင်အားစုတွေ ရှိနေနိုင်ပါတယ်။ ကျနော်တို့က ဒီကြေညာချက်ကို ထုတ်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ပိုမိုအားကောင်းသွားစေမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားတာပါ”
Saturday, January 21, 2012
၉၀ အနိုင်ရ တိုင်းရင်းသားပါတီများ မှတ်ပုံတင်ကြမည်
နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်တော့မည့် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးအား အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပြီး ၆ ရက်မြောက်နေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - AP) |
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရှမ်း၊ ရခိုင်၊ မွန်၊ ချင်း အစရှိသည့် တိုင်းရင်းသားပါတီများသည် တရားဝင်နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်မည် ဖြစ်သော်လည်း ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ၀င်ပြိုင်မည် မဟုတ်ဟု ပါတီခေါင်းဆောင်များက ဆိုသည်။
“ရွေးကောက်ပွဲဝင်ရေး ကိစ္စကိုမရည်ရွယ်သေးပါဘူး။ အမျိုးသား အရေးနဲ့ ဒီမိုကရေစီ အရေးတွေကို တရားဝင်လုပ်နိုင်ဖို့အ တွက်ပါ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် (ALD) ပါတီ၏ ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
ရှမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ဇိုမီး အမျိုးသားကွန်ဂရက် (ZNC)၊ မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (MNDF) စသည့်ပါတီတို့သည် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ဖျက်သိမ်းခံခဲ့ကြရသည်။
Thursday, January 19, 2012
ဒေါ်စု ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်
ဒေါ်အောင်ဆန်းစုကြည် ကော်မရှင်ရုံးရှိရာ သံလျင်မြို့နယ်သို့ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းရန်သွားသောခရီးစဉ်မြင်ကွင်း။ (ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၁၂။ |
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ သူယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ် မဲဆန္ဒနယ် အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို သံလျင်မှာရှိတဲ့ တောင်ပိုင်းခရိုင်ကော်မရှင်ရုံးမှာ ဒီကနေ့မနက်က ကိုယ်တိုင် သွားတင်ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ် မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD က ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲက နောက်ဆုံး ကျန်နေသေးတဲ့ အမည်စာရင်းတွေကိုလည်း ဒီကနေ့ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကြောင်းအရာအပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၈ ရက် ဗုဒ္ဓဟူးနေ့ မနက်က ၁ဝ နာရီခွဲလောက်က သံလျင်မြို့နယ်မှာ ရှိတဲ့ တောင်ပိုင်းခရိုင်ကော်မရှင်ရုံးမှာ ကိုယ်တိုင် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို သွားတင်ခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်း အဖြစ် လျှောက်ထားလွာကို ကော်မရှင်က စိစစ်ပြီးပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးအပါအဝင် တခြားမြို့နယ်တွေ ကို ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်တွေ စတော့မယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။
Monday, January 16, 2012
နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုသေးကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြော
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ လမ်းကြောင်းမှန်ကို သွားတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ရေရှည် ငြိမ်းချမ်းရေးရဖို့နဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုတယ်လို့ ပြင်သစ် နိုင်ငံခြားရေးနဲ့ ဥရောပ ရေးရာဝန်ကြီး Mr. Alain Juppe က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီနေ့မနက်ပိုင်းက တွေ့ဆုံချိန်မှာ အဲဒီလို ပြောကြားလိုက်တာလို့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောပါတယ်။
“စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဘယ်လို ပြန်လုပ်မလဲ ဆိုတာကို သူတို့ စဉ်းစားမယ်။ နောက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တဆင့်ပြီးမှ တဆင့် လျှော့သွားဖို့ စဉ်းစားမယ်လို့ ပြောပါတယ်”
“စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဘယ်လို ပြန်လုပ်မလဲ ဆိုတာကို သူတို့ စဉ်းစားမယ်။ နောက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တဆင့်ပြီးမှ တဆင့် လျှော့သွားဖို့ စဉ်းစားမယ်လို့ ပြောပါတယ်”
Friday, January 13, 2012
နိုင်ငံရေးအကျဉ်းသားများ စတင်လွတ်မြောက်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ မနီလာသိန်း အပါအ၀င် တခြားသော ကျောင်းသား ခေါင်းဆောင်များလွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ယနေ့ လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
သရက်ထောင်တွင် အကျဉ်းကျခံနေရသည့် ကိုမင်းကိုနိုင်အား လွှတ်ပေးမည်ဖြစ်ကြောင်း မိသားစုဝင်များထံ ထောင်အာဏာ ပိုင်များက ယနေ့နံနက် ၇ နာရီ ၁၅မိနစ်က အကြောင်းကြားသည့်အတွက် သွားရောက်ကြိုဆိုနေပြီဟု အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ဧရာဝတီသို့ ပြောသည်။
Wednesday, January 11, 2012
အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းထဲမှာ လူငယ် သုံးပုံတစ်ပုံ ပါဝင်
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနေနဲ့ ၀င်ရော က် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ် အရေအတွက် သုံးပုံတစ်ပုံ ပါဝင်မယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ တစ်နေရာက ပါဝင် ယှဉ်ပြိုင်မယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“အဖွဲ့ချုပ်ထဲကို ၈၈ မျိုးဆက်ကနေ ကျောင်းသားတွေဟာ အစုအဖွဲ့နဲ့ ဝင်ရောက်မှာ မဟုတ်ဘူး။ တစ်ဦး တစ်ယောက်ချင်းစီရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒတွေ အပေါ်ကနေ ဝင်ရောက် ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။
Tuesday, January 10, 2012
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ဆိုင်းဘုတ် ပြန်တင်
တရားဝင် နိုင်ငံရေးပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ခွင့် ရပြီးနောက် NLD ပါတီ ရွှေဂုံတိုင် ဌာနချုပ်မှာ ဒီကနေ့ ပါတီဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့ပါတယ်။
၁၉၈၈ ခုနှစ်ကတည်းက ထူထောင်ခဲ့တဲ့ အန်အယ်လ်ဒီ အနေနဲ့ ဒီအခမ်းအနားကို ၂၁ ရာစု အားမာန်သစ် ခံယူချက်နဲ့ ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့ ဗဟိုအောင်နိုင်ရေး အဖွဲ့ ခေါင်းဆောင် ဦးတင်ဦးက ပြောပါတယ်။
Monday, January 9, 2012
NLD အမတ်လောင်းတွေ ရွေးနေပြီ
ကြားဖြတ်ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းမှာ နေပြည်တော် ၄ မြို့နယ် အပါအဝင် လစ်လပ် နေရာ ၁ဝ နေရာရှိပြီး နေရာအားလုံးမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
နေပြည်တော် ၄ မြို့နယ်က လစ်လပ်နေရာတွေအတွက် ဗဟိုနဲ့ မနက်ဖြန် ညှိနှိုင်းမယ်လို့ NLD မန္တလေးတိုင်း အောင်နိုင်ရေးအဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ဒီအတောအတွင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဲဆန္ဒနယ်မြေရဲ့ NLD ကိုယ်စားလှယ်လောင်းအဖြစ် ဦးတာချီလာဆိုင်း ကို ရွေးချယ်ပြီး ဗဟို အောင်နိုင်ရေးအဖွဲ့ကို တင်ပြလိုက်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် တိုင်းရင်းသားတွေထဲက ဦးစားပေး ရွေးချယ် ဖို့ NLD ဗဟိုက ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
Friday, January 6, 2012
နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီး တိုက်တွန်း
နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေး ဖို့ မြန်မာနိုင်ငံ သမိုင်းဝင် ခရီးစဉ်အစမှာပဲ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး William Hague က မြန်မာ ခေါင်းဆောင်တွေကို တိုက်တွန်းလိုက် ပါတယ်။
Mr. Hague ရဲ့ နှစ်ရက်ကြာ ခရီးစဉ်မှာ သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံပါတယ်။ ဒါဟာ နှစ် ၅၀ ကျော်အတွင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးတစ်ဦး မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ခရီးပါ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ နေပြည်တော်မှာ တွေ့ဆုံချိန်တဲ့ အခါ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတာတွေကို ဦးရွှေမန်းက ရှင်းပြတဲ့ အကြောင်း စာနယ်ဇင်းသမား တစ်ဦးက ပြောပါတယ်။
Subscribe to:
Posts (Atom)