Sunday, January 29, 2012

ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ ထားဝယ်မြို့ခံလူထုကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေသော
ထားဝယ်မြို့မှ ကလေးငယ်တစ်ဦး။
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
“မဲဆွယ်တဲ့နေရာမှာ ကတိလည်းမပေးရဘူး။ ပစ္စည်းလည်းမပေးရဘူးနော်။ မဲဆွယ်တယ်ဆို တာ မဲရဖို့အတွက် ၊ မဲရပြီး ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကိုမရနိုင်ရင် ဘာမှအနှစ်သာရ မရှိဘူး။ ဒီမဲပေးထားတဲ့ ကိုယ်စားလှယ်တွေ ကပေးတဲ့တာဝန်ကို မကြေဘူးဘူးဆို ရင် နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ ဒီလူတွေကို လှည့်ကြည့်စရာမလိုဘူး။ မလုပ်နိုင်တဲ့ကတိတွေကို လွယ်လွယ်မပေးပါနဲ့။ ငါတို့အဖွဲ့ချုပ်ကိုသာ မဲထည့်မယ်ဆိုရင် ဒါတွေလုပ်ပေးမယ်ဆိုတာမျိုးမပြောပါနဲ့။ ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ။ ရေရှည်မှာကျဆုံးမှာပါ””
(ထားဝယ်မြို့၊ ဆေးရုံလမ်းအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များနှင့် ပြည်သူလူထုကို ယခု နံနက် ၉ နာရီ ၁၀ မိနစ်၌ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်။ ယခု ထားဝယ်မြို့တွင်းမှ လောင်းလုံမြို့နယ်သို့ စတင်ထွက်ခွာနေပြီဖြစ်ပါသည်။ လမ်းတစ်လျှောက်တွင် ကြိုဆိုနေကြသော လူထုကြီးကို မျက်စိတစ်ဆုံးမြင်နေရပြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်အားလုံးမှ လိုင်းကားများက ယနေ့မပြေးဆွဲတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုရင် ရောက်ရှိနေကြသော လူများအား ပို့ဆောင်ပြေးဆွဲပေးနေကြောင်း သိရသည်)7Day News Journal
 

No comments:

Post a Comment