Thursday, February 9, 2012

ဇာဂနာနှင့် ဟီလာရီ ကလင်တန် တွေ့ဆုံ


နိုင်ငံကျော် လူရွှင်တော် ဇာဂနာ နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် တို့ ယမန်နေ့က ၀ါရှင်တ်မြို့၌ တွေ့ဆုံကြောင်း သိရသည်။ ဇာဂနာသည် အမေရိကန်နိုင်ငံသို့ ဖေဖော်ဝါရီ ၃ ရက်နေ့ကစတင်၍ အလည်အပတ်ခရီးအနေနှင့် ရောက်ရှိနေခြင်း ဖြစ်သည်။ ဇာဂနာနှင့် အတူ ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာနှင့် NLD မှ ဒေါ်ခင်သန်းမြင့်တို့ကိုလည်း မစ္စ ဟီလာရီက တွေ့ဆုံ နှုတ်ဆက်သည်ဟု AFP သတင်း၌ ရေးသားထားသည်။

No comments:

Post a Comment