Sunday, February 12, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ကော့မှူးခရီးစဉ်

၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့မှူးမြို့နယ် 
ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်သည့် 
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို 
လူထုက ကြိုဆိုနှုတ်ဆက်စဉ်။AFP
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ သူ ပါဝင်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ဒီနေ့ ပထမဆုံး သွားရောက်ခဲ့ရာ လမ်းတလျှောက် ပရိသတ် တိုး မပေါက်အောင် ကြိုဆို အားပေးကြကြောင်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးဒေသခံ ကရင်တိုင်းရင်းသားတွေ ဝတ်ဆင်တဲ့ ကရင်သင်တိုင်း အဖြူ ဝတ်ထားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါသင်္ခရွာက တဆင့် ညနေ ၅ နာရီခွဲမှာ ငှက်အော်စမ်းရွာကို ရောက်ရှိလာပြီး မိန့်ခွန်းပြောပါတယ်။ ကော့မှူးနဲ့ ဝါသိင်္ခကျေးရွာက လိုက်ပါလာတဲ့ ဒေသခံတွေနဲ့ ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းက လူငယ်တွေ အပါအဝင် လူတထောင်လောက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို နားထောင်ကြပါတယ်။  (RFA)

No comments:

Post a Comment