Sunday, April 1, 2012

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် ကော့မှုးရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် သူယှဉ်ပြိုင်မယ့် ကော့မှုးမြို့ နယ်ကို အခုညနေ ၇ နာရီကျော်ကျော်မှာ ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။ ရောက်ပြီး မကြာခင်မှာပဲ မြို့ခံလူထုကို နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့ရာ ပြည်သူ တစ်ထောင်ငါးရာခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

NLD ပါတီရဲ့  စည်းရုံးရေးနဲ့ ဖျော်ဖြေရေး အလှပြမော်တော်ယာဉ်ဟာ စည်းရုံးရေး နောက်ဆုံးနေ့ အဖြစ် အောင်နိုင်ရေး သီချင်းတွေနဲ့  မင်္ဂလာတောင်ညွန့် မြို့ နယ်မှာ မဲဆန္ဒနယ် ၆ ခုကို လှည့်လည် စည်းရုံး ခဲ့ပါတယ်။ အလားတူပဲ တခြား နိုင်ငံရေးပါတီတွေကလည်း သူတို့ ပါဝင်ယှဉ်ပြိုင်မယ့် နယ်မြေတွေမှာ လှည့်လည်စည်းရုံးနေပါတယ်။ 

တနိုင်ငံလုံး လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ အခု ကြားဖြတ်ရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရားမျှတမှု ရှိပါ့မလားလို့  ပြည်တွင်း ပြည်ပ အကဲခတ် ပုဂ္ဂိုလ်တွေက သံသယရှိနေပါတယ်။ (RFA)

No comments:

Post a Comment