Sunday, April 1, 2012

ရွေးကောက်ပွဲ နောက်ဆုံးရသတင်း

-ကာ့မှူးမြို့နယ် ရေကျော်ကျေးရွာ အုပ်စု နောင်လုံရွာတွင် NLDမှ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က(၂၁၇) မဲ၊ ပြည်ခိုင်ဖြိုး (ခ) ကြံ့ဖွတ်မှ ဒေါက်တာစိုးမင်းက(၃၇) မဲ၊ ပယ်မဲ (၂) မဲ ဖြင့်မဲရေတွက်ပြီးစီးသွားပြီဖြစ် ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နှင့် အနိုင်ရရှိ။
- မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ရှိ သပြေကုန်းမဲရုံ (၁)၊ (၂)၊ (၃) တို့တွင် မဲများကို ယခုရေတွက်လျက်ရှိရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းက အနိုင်ရရှိလျက်ရှိနေပါသည်။
- မကွေ့းမြို့ ပညာရေးကောလိပ်ကတော့ မဲရေပြီးသွားပြီ NLD က (၆၂) မဲ ကြံ့ဖွတ်က (၃၂) မဲ၊ ပယ်မဲ (၅) မဲ။ အဲဒီပယ်မဲ(၅) မဲ ကလည်း ခွပ်ဒေါင်းပဲ ပယ်မဲတွေ အတွက်ကတော့ရင်ပူနေရတယ် ဗဟုသုတနည်းတဲ့ ရွာတွေဆိုပို များမှာ ပယ်မဲကလည်း နှစ်ခါခြစ်လို့တဲ့။ (မကွေးမှ ကိုမောင်မောင်မြင့်)
- နေပြည်တော် ဥတ္တရသီရိမှ မဲရေတွက်ပြီး မဲဆန္ဒနယ်မြေ ငလိုက်ချောင်းအထက် အောင်သပြေရွာ မှာ မဲပေးသူ ၂၁၅ဦးမှာ NLD ၁၅၈ မဲဖြင့် အနိုင်ရ။(EMG)
 - နေ့လည် ၁၂း၄၀ မိနစ် သတင်းများအရ ကလောမြို့နယ် ဟဲဟိုး၊ ပဲယင်းတောင်ကျေးရွာအုပ်စု၊ ပေါင်းတင်ကျေးရွာ မဲရုံ အမှတ် (၂)တွင် မဲပေးခွင့်ရရှိသူ ၃၄၃ ယောက်ရှိ။ မဲစာရင်းရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုးမှ ၅၂မဲ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ၂၂မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၅မဲ ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ၉ မဲ၊ ပဲမယ် ၇၆ မဲ ဖြစ်သည်။ အမက ၁၂ အောင်ပန်းမဲရုံ မဲရုံရှေ့တွင် မဲပေးခွင့်စာရင်းတွင်မပါရှိ၍ မကျေမနပ်ဖြစ်နေသူ အချို့ရှိနေပြီး ထိုသူများမှ မဲရုံမှုးကို ဝင်ပြောမည်လုပ်နေ၍ NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက မဲပေးခွင့်ရှိသူများကျန်ရှိနေပြီး မဲရုံပိတ်ခံရမည်စိုး၍ အငြင်းပွားမှုမလုပ်ရန် မေတ္တာရပ်ခံ၍ အဆင်ပြေသွားသည်ဟု သိရှိရသည်။ (ဇေယျာဖြိုး)
- ပုလဲမြို့နယ် ဇီးရင်းကျေးရွာ မဲရုံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၈၂ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၆၁ မဲနှင့် ပယ်မဲ ၂ မဲ ရှိခဲ့ကြောင်း သိရပါသည်။ (EMG)
- နေပြည်တော် ဥတ္တရသီရိမြို့ရှိ မဲရုံအမှတ် ၇/၁၉ တွင် မဲပေးသူ ၁၉၉ ဦးရှိခဲ့ပြီး ကြိုတင်မဲ ၂၆ မဲ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မဲရုံတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၉၆ မဲဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁ မဲ ရရှိခဲ့ကာ ပယ်မဲ ၁ မဲ ဖြစ်ကြောင်း သိရပါသည်။ (EMG)
- ပုလဲမြို့နယ် ကန်သာယာကျေးရွာတံင် မဲပေးနိုင်သူ ၁၆၅ ဦးရှိသည့်အနက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၆၃ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁ မဲ ရရှိခဲ့ကြောင်းနှင့် ပယ်မဲ ၁ မဲဖြစ်ကြောင်း သိရပါသည်။ (EMG)
- ပုလဲမြို့နယ် ပဲခင်းမ ကျေးရွာ မဲရုံတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၉၃ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၈၇ မဲ၊ ပြည်သူ့ဒီမိုကရေစီ ပါတီက ၂၅ မဲ ရရှိခဲ့ပြီး ပယ်မဲ ၁၆ မဲ ရှိခဲ့ကြောင်း သိရသည်။ (EMG)
- ပုလဲမြို့နယ် ကန်သစ်ကျေးရွာ မဲရုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၅၄ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၄ မဲ၊ ပြည်သူ့ဒီမိုကရေစီ ပါတီက ၃ မဲ ရရှိခဲ့ပြီး ပယ်မဲ ၄၁ မဲ ဖြစ်ကြောင်း သိရသည်။(EMG)
- အမှတ် (၁၁)ရပ်ကွက် ပုသိမ်မြို့ မဲရုံအမှတ် (၉)တွင် မဲပေးခွင့်ရှိသူ ၁၈၆ဦးရှိရာ ကြိုတင်မဲ (၉)မဲ ရှိပြီး ပြည်ခိုင်ဖြိုး (၇)မဲ NLD (၂)မဲ ဖြစ်သည်။ အဆိုပါမဲရုံတွင် ပြည်ခိုင်ဖြိုးမှ ၁၇၂ မဲ၊ ပယ်မဲ ၁ မဲ ရှိခဲ့သည်။ (EMG)
- ကလောမြို့နယ် ဟဲဟိုး ဘောဆိုင်း တံတာကန်း မူလွန် မဲရုံ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၄၁၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး တိုင်းရင်းသား ညီညွတ်ရေး ပါတီက ၁၂ မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၇မဲနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၂ မဲရရှိခဲ့ကြောင်း သိရပါသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာမူ အဆိုပါ မဲရုံ၌ မဲရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။ (EMG)
-တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံ ၃ ရုံတွင် NLD အနိုင်ရရှိ။  တာဆာကီကုမ္ပဏီမဲရုံအမှတ်(၄)တွင် ရရှိသောမဲရလာဘ်များမှာ NLD က (၂၁၂) မဲ၊ ပြည်ခိုင်ဖြိုးက (၁၄) မဲနှင့် ပယ်မဲ (၄) မဲ ဖြင့်လည်းကောင်း၊ ကံမော်ကျေးရွာအုပ်စု၊ပသျှူးချောင်းကျေးရွာ၊မဲရုံအမှတ်(၃)တွင် NLDက (၇၇) မဲ၊ ပြည်ခိုင်ဖြိုးက (၁၃) မဲနှင့် ပယ်မဲ (၅) မဲဖြင့်လည်းကောင်း၊ ရေမြက်ကြီးကျေးရွာအုပ်စု၊မနွယ်ကျေးရွာ မဲရုံးအမှတ်(၁၃) တွင် NLD က (၇၀) ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးက (၃၀) ရာခိုင်နှုန်းဖြင့် အသီးသီးရရှိထားကြောင်။ (၇ရက် သတင်းဂျာနယ်) 
- မဲပေးနိုင်သူဦးရေ ၈၈ ဦးသာရှိသည့် ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက် မဲရုံအမှတ် ၃ (GTI) တွင် မဲပေးသူ ၈၈ ဦးစလုံး မဲပေးပြီးဖြစ်သည့်အတွက် မဲရုံပိတ်ပြီး မဲများရေတွက်ရာတွင် အင်န်အယ်လ်ဒီပါတီက (၅၃) မဲ၊ ပြည်ခိုင်ဖြိုးပါတီက (၃၅) မဲရှိခဲ့သည်ဟု သတင်းရရှိသည်။ အင်န်အယ်ဒီပါတီမှ ဒေါက်တာဇော်မြင့်မောင်နှင့် ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်ဝင်းကြည်တို့ ကျောက်ပန်းတောင်း မဲဆန္ဒနယ်တွင် ၀င်ရောက်အရွေးခံခဲ့သည်။(EMG)
- ဟဲဟိုးမြို့နယ် ကျောက်ပေါက်ရွာ မဲရုံတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀၉မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၅၇မဲ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၂ မဲနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၁ မဲရရှိခဲ့ပြီး ပယ်မဲ ၁၈ မဲ ရှိခဲ့ကြောင်း သိရပါသည်။(EMG)

- သာစည်မြို့ရှိ မူလတန်းကျောင်း မဲရုံတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၁၂၈မဲ ရရှိခဲ့ပြီး အနိုင်ရရှိခဲ့ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၄၆ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၆ မဲနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီက ၂ မဲ ရရှိခဲ့ပြီး ပယ်မဲ ၁၇မဲ ရှိကြောင်း သိရသည်။(EMG)
- ကလောမြို့နယ် ဟဲဟိုး ဘောဆိုင်း တံတာကန်း မူလွန် မဲရုံ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၄၁၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး တိုင်းရင်းသား ညီညွတ်ရေး ပါတီက ၁၂ မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၇မဲနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၂ မဲရရှိခဲ့ကြောင်း သိရပါသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာမူ အဆိုပါ မဲရုံ၌ မဲရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။ (EMG)
- မကွေးတိုင်း စမ်းမကြီးအုပ်စုရှိ ကန်နီကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၀ မဲ ရရှိခဲ့ကြောင်း သိရပါသည်။
-မကွေးတိုင်း ကံပြားတိုက်နယ်ရှိ ပုထိုးစမ်းကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၅၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၈၉ မဲ ရရှိခဲ့ကြောင်း သိရသည်။
- မကွေးတိုင်းရှိ မိကျောင်းရဲတိုက်နယ် မန်းကျည်းစမ်း ကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၆၄မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၅၈ မဲ ရရှိခဲ့ကြောင်း သိရသည်။
- မကွေး TTC မဲရုံ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၆၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၂ မဲ ရရှိခဲ့ပြီး ပယ်မဲ ၅ မဲရှိခဲ့ကြောင်း သိရပါသည်။(EMG)

-ကျွန်းစုမြို့နယ် မဲဆန္ဒနယ် အတွင်းရှိ မြန်မာ တာဆာကီ၊ ရေကန်တောင် ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၂၁ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၄ မဲ၊ ပသျူးချောင်း ကျေးရွာ၊ ကံမော် ကျေးရွာအုပ်စုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၇၇ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၃ မဲနှင့် ပယ်မဲ ၅ မဲ အသီးသီး ရလဒ်ထွက်ပေါ်ခဲ့ပြီး မနွဲ့ကျေးရွာ ရေမျက်ကြီး ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇၀ ရာခိုင်နှုန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၀ရာခိုင်နှုန်းဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိကြောင်း ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သော သတင်းများအရ သိရသည်။

- ပြင်ဦးလွင် မှာ မဲရုံပေါင်း ၁၉၉ ရုံရှိ၊ ကျေးရွာအုပ်စု ၅၈ အုပ်စု၊ မဲပေးသူအရေအတွက် ၁၃၃၈၀၅ ၊ အခုထောက်ပို့တပ် မဲရုံက မဲပေးတဲ့သူစာရင်း ၁၈၀ ရှိတာ အားလုံးမဲလာပေးပြီးသွားပါပြီ။ အခု result က ၁၈၀ မှာ ပြည်ခိုင်ဖြိုးက ၁၄၀ ၊ NLD 10 နဲ့ ကျန်တာပယ်မဲ။ (DVB TV News)

- ကန့်ဘလူမြို့နယ် သကြားစက် မဲရုံတွင် NLD က ၁၃၇ မဲရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးက ၁၃၁ မဲ၊ တစည က ၁ မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီက ၄ မဲ ရရှိခဲ့ပြီး ပယ်မဲ ၁၄ မဲ ရှိခဲ့ကြောင်း သိရသည်။

- ကျွန်းလှမြို့နယ်အတွင်း မဲရရှိမှု အခြေအနေများ

သာစည်ရွာ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၇၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၃၃ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၁၄ မဲနှင့် ပြည်သူ့ဒီမိုကရေစီ ပါတီက ၅ မဲ ရရှိခဲ့ပြီး ပယ်မဲ ၂၀ ရှိခဲ့ပါသည်။

သစ်ချိုကျေးရွာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၇၀မဲဖြင့် အနိုင်ရရှိခဲ့ပြီး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၄၁ မဲနှင့် ပြည်သူ့ဒီမိုကရေစီ ပါတီက ၁၀ မဲ ရရှိထားပြီး ပယ်မဲ ၃၈ မဲရှိခဲ့ကြောင်း သိရသည်။

နွားလပို့တောင်ကျေးရွာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၁၇ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄၆ မဲ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ၅မဲနှင့် ပြည်သူ့ဒီမိုကရေစီ ပါတီက ၃ မဲ ရရှိခဲ့ပြီး ပယ်မဲ ၄ မဲ ရှိခဲ့ကြောင်း သိရသည်။

ကြာသကန်ကျေးရွာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၀၄ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၉ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၈၂ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၇မဲ ရရှိခဲ့ပြီး ပယ်မဲ ၂၅ မဲရှိခဲ့ပါသည်။

ပျင်းပြင်ကျေးရွာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၆၇ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၅၃ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၂၈ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၄ မဲရရှိခဲ့ကာ ပယ်မဲ ၄ မဲ ရှိခဲ့ပါသည်။

ခေါ်တောကျေးရွာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၃၁၅ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၇၃ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁၉ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၆ မဲရရှိခဲ့ကာ ပယ်မဲ ၁၃ မဲ ရှိခဲ့ပါသည်။

သဗွက်တော ကျေးရွာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၃၈၉ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၉ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၂၆ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၁၀ မဲရရှိခဲ့ကာ ပယ်မဲ ၄၂ မဲ ရှိခဲ့ပါသည်။ (EMG)

No comments:

Post a Comment