Monday, December 5, 2011

မြန်မာနိုင်ငံတွင် ရှစ်လအတွင်း နိုင်ငံရေးအပြောင်းအလဲများ

နေပြည်တော် - နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ အဆင့်မြင့်ဆုံး အမေရိ ကန်အစိုးရအဖွဲ့ ပထမဦးဆုံးလာရောက်ရာတွင် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်သည် မြန်မာ့ခေါင်းဆောင်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့ ၌ သမိုင်းဝင်ညှိနှိုင်းဆွေးနွေးပွဲတို ပြုလုပ်ခဲ့သည်။ 

နိုဝင်ဘာလ ရွေးကောက်ပွဲ ပြီးနောက်၊ ယခုနှစ် အစောပိုင်း၌ တက်လာ သည့် အစိုးရသစ်သို့ အာဏာလွှဲပေး ပြီးသည်မှစ၍ မြန်မာနိုင်ငံတွင် အဓိကဖြစ်ရပ်များကို အောက်ပါအတိုင်း ဖော်ပြပါသည်။

၂၀၁၁ ခုနှစ်မတ်လ ၃၀ ရက် - ဖော်ဖော်ရွေရွေ နေတတ်သော ၀န်ကြီး ချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် သမ္မတအဖြစ် ကျမ်းကျိန်သည်။ ၁၉၉၂ ခုနှစ်ကတည်းက အာဏာရလာသော တပ်မတော်အစိုးရ ဖျက်သိမ်းပြီး နောက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အငြိမ်းစားယူသည်။ အနောက်အုပ်စုက ထိုအပြောင်းအလဲများကို အပေါ်ယံ ရွှေမှုန်ကြဲသက်သက်သာ ဖြစ်သည်ဟု ပြင်းပြင်းထန် ထန် ၀ဖန်သည်။ 

ဒေါ်အောင်ဆန်းစုကြည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း သိရ

လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အနေဖြင့် ဒေါ်အောင်ဆန်း စုကြည် ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားလျက်ရှိနေကြောင်း အဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင်များက ပြောကြားခဲ့ပါသည်။

"လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၀င်ရောက် ယှဉ်ပြိုင်တဲ့အခါ ဆင်းရဲနွမ်းတဲ့ ပြည်သူတွေကို ကူညီဖို့အတွက် စဉ်းစားခဲ့ပါတယ်။ ဒီလိုစဉ်းစားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးမှာ လွတ်လပ်နေတဲ့ မဲဆန္ဒ နယ် ခြောက်နေရာအနက် ကော့မှူးမြို့နယ်ကို စဉ်းစားထားပါတယ်။ ဒါပေမဲ့လို့ အတည်ပြု မဆုံးဖြတ်ရ သေးပါဘူး။ နောက်ပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကလည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ကျင်းပသွားမည့် လစ်လပ်မဲဆန္ဒနယ်များကို တရားဝင်ထုတ်ဖော် ကြေညာခြင်း မရှိသေးပါဘူး" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က Eleven Media Group သို့ ယနေ့နံနက်ပိုင်းတွင် ပြောကြားခဲ့ပါသည်။

Sunday, December 4, 2011

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး ပဏာမညှိနှိုင်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်
အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေစဉ်။ 
(ဒီဇင်ဘာလ ၃၊ ၂၀၁၁) ဓာတ်ပုံ ASSOCIATED PRESS 
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရိုက်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က နံမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေ၊ ဂီတပညာရှင်တွေနဲ့ ဒီကနေ့ နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံမှုဟာ ပဏာမ တွေ့ဆုံမှုသာဖြစ်ပြီး ကော်မီတီတရပ် ဖွဲ့စည်း လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာ့လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇ၀င်အကြောင်း ရုပ်ရှင်ရိုက်လိုတဲ့ ဆန္ဒရှိတာကြောင့် နံမည်ကြီး အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သူမ နေအိမ်မှာ ခေါ်ယူ တိုင်ပင်ခဲ့တာပါ။
သရုပ်ဆောင်တွေဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုတဲ့ဆန္ဒနဲ့ ဒီကနေ့ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်တဲ့အကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကိုနေတိုးက ပြောပါတယ်။

Friday, December 2, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ တွေ့ဆုံ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်တို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က အမေရိကန်သံရုံး တာဝန်ခံနေအိမ်မှာ အတူ ညစာစားရင်း တွေ့ဆုံနေစဉ်။

နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် အဖြစ် ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ 

ရန်ကုန်မြို့က အမေရိကန်သံရုံး တာဝန်ခံနေအိမ်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး အဲဒီမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟီလာရီ ကလင်တန်တို့ သီးသန့် ညစာစားရင်း စကားပြောဆိုခဲ့ကြပါတယ်။ 

အခုလို တွေ့ဆုံချိန်မှာပဲ အမေရိကန် သမ္မတ အိုဘားမားရဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်တဲ့စာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပါတယ်။ 

ဒီစာမှာ သမ္မတ အိုဘားမားက အမေရိကန်နိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က အခုအချိန်မှာသာမက အမြဲတစေ ရပ်တည်လျှက် ရှိနေပါကြောင်း ရေးသားထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရချိန် တလျှောက်လုံးမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တစိုက်မတ်မတ် ပြောဆို လှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။(RFA - Burmese)

Thursday, November 24, 2011

NLD ပါတီသစ်၏ ဦးဆောင်အဖွဲ့ဝင် ၂၀ ကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြမည်

NLD ၏ ပညာရေးကွန်ရက် ၁ နှစ်ပြည့် အခန်းအနားမစမီ ဤသို့ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပြန်လည်မှတ်ပုံတင်ခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီ အသစ်အဖြစ် တရားဝင် လျှောက်ထားမည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့အပါအဝင် ပြည်နယ်နှင့် တိုင်း ၁၄ ခုမှ တိုင်းရင်းသားနှင့် လူငယ် စုစုပေါင်း ၂၀ ကို ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဦးဆောင်အဖွဲ့အဖြစ် တင်ပြမည်ဟု သိရသည်။

NLD ကို ပါတီသစ်အဖြစ် မှတ်ပုံတင်ရန် လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တရားဝင် သွားရောက် လျှောက်ထားမည်ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

Friday, November 18, 2011

မြန်မာကို အာဆီယံ​ အလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရန် သဘောတူ

photo-reuters
ဒီကနေ့ ပြုလုပ်တဲ့ ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး​ အစည်းအဝေး ပထမနေ့မှာ ခုလို သဘောတူညီချက် ရလိုက်တာပါ။

မြန်မာ​ အာဆီယံဥက္ကဋ္ဌလုပ်ဖို့ သဘောတူလိုက်ပြီးတဲ့နောက်​ ​မြန်မာအစိုးရ ပြောခွင့်ရ ဦးကျော်ဆန်းက အနာဂတ်မြန်မာနိုင်ငံဟာ ပိုမိုပွင့်လင်းတဲ့ နိုင်ငံဖြစ်လာပြီး နိုင်ငံတကာနဲ့ရော​ ​ဒေသတွင်း နိုင်ငံတွေနဲ့ပါ ပိုမိုပူးပေါင်း ကူးသန်းဆောင်ရွက်တဲ့​ နိုင်ငံတနိုင်ငံ​အနေနဲ့​ ​မြင်ရတော့မယ်လို့ သတင်းထောက်တွေကို ထုတ်ဖော်​ ပြောကြားလိုက်တယ်လို့ ဘာလီ​ ထိပ်သီးစည်းဝေးပွဲမှာ တက်ရောက်​ သတင်းယူနေတဲ့ ရန်ကုန်တိုင်းမ် မီဒီယာဂရုပ်ဖ်ရဲ့ ဦးကိုကို (စက်မှု) က ပြောပါတယ်။

Thursday, November 17, 2011

အာဆီယံဥက္ကဋ္ဌ မြန်မာဖြစ်ရေး အသေအချာစဉ်းစားဖို့ အမေရိကန်တိုက်တွန်း

ဓာတ်ပုံ AP
မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာ ပေးရေး မပေးရေးဟာ အာဆီယံ အသင်းဝင်နိုင်ငံတွေကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း မြန်မာကို အာဆီယံဥက္ကဋ္ဌနေရာ ထားခြင်းအားဖြင့် အာဆီယံအသင်းကြီးရဲ့ မျှော်မှန်းချက်တွေ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတာကိုတော့ အာဆီယံနိုင်ငံတွေ အလေးထားစဉ်းစားဖို့ အမေရိကန်ပြည်ထောင်စုက အာဆီယံကို တိုက်တွန်း လိုက်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။

မြန်မာနိုင်ငံကို လာမယ့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးရေးကို မကြာခင် အာဆီယံ ထိပ်သီးအစည်းအဝေးကနေ ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ အာဆီယံအစည်းအဝေးတွေနဲ့ နောက်ဆက်တွဲ အစည်းအဝေးတွေကို တက်ရောက်ဖို့အတွက် အမေရိကန်သမ္မတအိုဘားမား အပါအ၀င် အမေရိကန် ထိပ်တန်းအရာရှိတွေလည်း အင်ဒိုနီးရှား ဘာလီအစည်းအဝေးကို မကြာခင် ရောက်မှာဖြစ်ပါတယ်။

Monday, November 14, 2011

ဦးဝင်းတင်အား မကွေးဆရာတော်မှ သူရသတ္တိဆု တံဆိပ်ကို ပေးအပ်ခဲ့

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဗကသအဖွဲ့ဝင်ဟောင်း ကိုဟန်ဝင်းအောင်မှ ဖတ်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာ အစီ အစဉ်(၆)အရ ဦးဝင်းတင်အား မကွေးဆရာတော်မှ အလေးချိန် တစ်ကျပ်သား (ကာလတန်ဖိုး ၇၅ဝ,ဝဝဝ ကျပ်) ရှိ သူရသတ္တိဆု တံဆိပ်ကို ပေးအပ်ခဲ့ပါတယ်။ (Ko Thaung)

Saturday, November 5, 2011

စီးပွားရေးဖွံ့ဖြိုးမှု ရန်ကုန် ညီလာခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

စီးပွားရေးဖွံ့ဖြိုးမှု ညီလာခံသို့ တက်ရောက်လာသည့်
 ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာဦးမြင့်တို့အား
ဤသို့တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)




မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ကျင်းပသော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနိုင်ငံတကာ ညီလာခံ သို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့မနက်ပိုင်းက တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်နှင့် ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သော ယင်းအစည်းအဝေး သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ရန် ဖိတ်ကြားခဲ့သော်လည်း အစည်းအဝေး၏ နောက်ဆုံးနေ့တွင်မှ ရန်ကုန်တွင် ကျင်းပသည့် အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်က လာရောက်ခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လာတက်တော့ တအားပေါ့။ အားလုံးက တက်တက်ကြွကြွ ရှိကြတယ်။ အရင်နေ့က အစည်းအဝေးမှာ လူသိပ်မရှိဘူး။ ဒီနေ့တော့ သတင်းထောက်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ စုံစုံညီညီ စည်စည်ကားကား ရှိတယ်” ဟု အစည်းအဝေး ပုံမှန် တက်ရောက်နေသော ပြည်တွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တဖွဲ့မှ တာဝန်ရှိသူက ပြောသည်။