Sunday, May 29, 2011

မကြာခင်ရုံတင်ပြသ မယ့်  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည် ၏ ဘဝ အကြောင်း ကို ရိုက်ကူးထားတဲ့ The Lady ဇက်ဝင်ခန်းမှ မြင်ကွင်းများ

The Lady

(Post Production)
ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မလေးရှားနိုင်ငံဖွား နာမည်ကျော် မင်းသမီး Michelle Yeoh....

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို လာမည့် အောက်တိုဘာလမှာ ကမ္ဘာနဲ့ အဝှမ်းရုံတင် ပြသမှာ ဖြစ်ပါတယ်...။ Drama / Romance / ဘဝသရုပ်ဖော်တွေ ပါရှိတဲ့ အဆိုပါ ရုပ်ရှင်ဇာတ်ကားအား ပြင်သစ်ဒါရိုက်တာ Luc Besson ကရိုက်ကူးပြီး EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်...။ 

Saturday, May 28, 2011

၉၀ ရလဒ် သဘောထား ဒေါ်အောင်ဆန်းစုကြည် အခိုင်အမာ ပြော

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုခြင်းသည် ပြည်သူ့ဆန္ဒကိုချေဖျက်ခြင်းဖြစ်ပြီး ဒီမိုကရေစီမဆန်ဘဲ တိုင်းပြည် ၏ သမိုင်းအတွက် သိက္ခာကျစေသောလုပ်ရပ်ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။ 

ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ်တွင် ယနေ့ကျင်းပသော၂၁ နှစ်မြောက် ၁၉၉၀ ရွေးကောက်ပွဲအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

Thursday, May 26, 2011

အကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု ကုလ အနီးကပ်စောင့်ကြည့်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ
လူ့အခွင့်အရေး ကိုယ်စားလှယ်
မစ္စတာတောမတ်စ်ကင်တားနား(အလယ်)
အင်းစိန်အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၃ ဦးရဲ့အခြေအနေကို ကုလသမဂ္ဂက အနီးကပ် စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက RFA ကို ပြောပါတယ်။


နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒပြနေတဲ့သတင်း ကျနော်ရထားပါတယ်။ အခြေအနေတွေကိုလည်း အနီးကပ် စောင့်ကြည့်နေပြီး ကောင်းမွန် တိုးတက်လာဖို့ မြန်မာအစိုးရနဲ့ အဆက်အသွယ်ရအောင် ကြိုးစားနေပါတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ အစာငတ်ခံ ဆန္ဒပြနေသူတွေကို ထောင်အာဏာပိုင်တွေဖက်က အကြမ်းဖက် ဖိနှိပ်ဖြိုခွဲမှာ၊ ဝေးလံတဲ့ ထောင်တွေဆီကို ပြောင်းရွှေ့ပစ်မှာ စတာတွေကို သူ့အနေနဲ့ စိုးရိမ်မိတယ်လို့ မစ္စတာ ကင်တားနားက ဆိုပါတယ်။

Monday, May 23, 2011

ယုံကြည်မှု စတင် တည်ဆောက်ဖို့ အမေရိကန်ကို မြန်မာပြော

မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ ဆိုရင် ‘Burma’ ဆိုတဲ့ အခေါ်အဝေါ် အစား နိုင်ငံရဲ့ တရားဝင် နာမည်ဖြစ်တဲ့ ‘မြန်မာ’ ကို သုံးစွဲတာမျိုးက အစ ယုံကြည်မှု တည်ဆောက်ကြဖို့ လိုမယ်လို့ မြန်မာဘက်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အမေရိကန် အာရှ-ပစိဖိတ်ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန် နဲ့ တွေ့ဆုံရာမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အဲဒီလို ပြောဆိုခဲ့တာဖြစ်ကြောင်း အစိုးရ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြည်တွင်းထုတ် မြန်မာတိုင်းမ် ဂျာနယ်က ရေးသားလိုက်တာ ဖြစ်ပါတယ်။

Saturday, May 21, 2011

အင်းစိန်ထောင် အမျိုးသမီးဆောင် ဆန္ဒပြဟု AAPP ပြော

အင်းစိန်ထောင်
ရန်ကုန်မြို့ အင်းစိန်ထောင်ရှိ အမျိုးသမီးဆောင်တွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအမျိုးသမီးအချို့ အစာငတ်ခံဆန္ဒပြနေကြောင်း နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP အတွင်းရေးမှူး ဦးတိတ်နိုင် က ပြောသည်။

“ကျနော်တို့သိရသလောက်ကတော့ ၁၇ ရက်နေ့ကတည်းက အင်းစိန်ထောင် အမျိုး သမီးဆောင်မှာ ဆန္ဒပြနေတယ်လို့ သိရပါတယ်။ အဓိကက အစာငတ်ခံ ဆန္ဒပြတာပါ။ ၁၆ ရက်နေ့က ထုတ်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ်မှာ မကျေနပ်လို့ ဆန္ဒပြတယ် လို့သိရပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

အကျဉ်းဦးစီးဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဖြေကြားရန် ငြင်းဆန်လိုက်သည်။

Friday, May 20, 2011

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ
ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျိုးဇက်ယွန်း
နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့
မေလ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်
တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းဌာနများနှင့် တွေ့ဆုံနေပုံ (AFP)
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းဟာ မေလ ၁၉ ရက် ဒီကနေ့ ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟိုအလုပ်ဆောင် အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု CRPP အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

အဲဒီလိုတွေ့ဆုံရာမှာ လက်ရှိအစိုးရရဲ့ အနေ အထား အပြင်၊ နိုင်ငံရေး အကျဉ်းသားတွေ အရေးလည်း ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ ညနေ ၆ နာရီက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုသွားကြောင်း သိရပါတယ်။ သတင်းစာရှင်းပွဲမှာ ရှိနေတဲ့ ဂျာနယ် သတင်းထောက် တဦးက အခုလို ပြောပြပါတယ်။ 

Wednesday, May 18, 2011

မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှု အမေရိကန် သက်တမ်းတိုး

အမေရိကန်သမတ ဘာရက် အိုဘားမား။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ချမှတ်ထားတာကို နောက်ထပ် တနှစ် သက်တမ်း တိုးမြှင့်လိုက်ကြောင်း အမေရိကန်သမတ အိုဘားမားက မေလ ၁၆ ရက် မနေ့က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအစိုးရရဲ့ မူဝါဒနဲ့ လုပ်ဆောင်ချက်တွေဟာ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေဆဲ ဖြစ်တဲ့အတွက် ပိတ်ဆို့အရေးယူမှုကို ဆက်လက် ထားရှိမှာ ဖြစ်ကြောင်း၊ အမေရိကန် အောက်လွှတ်တော်ကို ပေးပို့တဲ့ သမတရဲ့အမိန့်စာမှာ ဖော်ပြထားပါတယ်။

Monday, May 16, 2011

နိုင်ငံရေးအကျဉ်းသားအခွင့်အရေး အရှင်ဂမ္ဘီရ ဦးဆောင်တောင်းဆို

စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ရောက်   နိုင်ငံရေး အကျဉ်းသားတွေကထောင် တွင်း ဆေးကုသခွင့် ကောင်းကောင်းမွန်မွန်ရရှိဖို့နဲ့ တခြား နေထိုင်မှု အခွင့်အလမ်းတွေရဖို့ မြန်မာ အစိုးရသစ် နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြ တောင်းဆိုလိုက်ပါတယ်။

ဒီ တောင်းဆိုစာကို ကလေးမြို့အကျဉ်းထောင် မှာ ထောင်ဒဏ် ကျခံနေရတဲ့ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရ က ပြီးခဲ့တဲ့ရက်က ထောင်ဝင်စာ သွားရောက်တွေ့ဆုံတဲ့ အမဖြစ်သူ မခင်သူဌေး က တဆင့် ထောင်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ပေးလိုက်တာလို့ သိရပါတယ်။

၂၀၁၁ ပြည်သူ့ဂုဏ်ရည်ဆု ဒေါ်ရှု ရွေးချယ်ခံရ

ယခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှု
လုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်းများအား ရည်ရွယ် ချီးမြှင့်ခြင်း ဖြစ်ပြီး ယခုနှစ်အတွက် ဒေါ်ရှုနှင့်အတူ အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်ပေးနေသည့် ရှေ့နေဦးဖိုးဖြူ အပါဝင် ၅ ဦးကို ဆန်ခါတင် ရွေးချယ်ထားရာ ဒေါ်ရှုက ထောက်ခံမဲ ၄၃. ၉၁ ရာခိုင်နှုန်းဖြင့် ဆုချီးမြှင့်ခြင်း ခံခဲ့ရကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆုရွေးချယ်ရာတွင် နိုင်ငံပေါင်း ၄၀ တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၂ ၅၀၂၂၈ ဦးက အင်တာနက်မှ တဆင့် မဲပေးခြင်းဖြစ်ပြီး အမေရိ ကန်ပြည်ထောင်စု Westwood College မှ ပရော်ဖက်ဆာ R. Hoo ခေါင်းဆောင်သည့် အဖွဲ့က မဲများကို စိစစ်ကာ ဆုရရှိသူကို ထုတ်ပြန်ခြင်း ဖြစ်သည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

Sunday, May 15, 2011

စစ်မှန်သည့် အပြောင်းအလဲပေါ်ပေါက်ရေး ကုလကိုယ်စားလှယ်နှင့် NLD ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားတို့ မေလ ၁၁ ရက် မနေ့ညနေပိုင်းက အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် မှာ တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ အစိုးရသစ် ဖြစ်လာပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေ အပါအဝင် NLD ရပ်တည် လှုပ်ရှားမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

Saturday, May 14, 2011

မြန်မာစစ်သားမှတ်တမ်းရုပ်ရှင် အထူးပွဲပြသ

မြန်မာ့တပ်မတော် စစ်မြေပြင် အင်ဂျင်နီယာ တပ်သားဟောင်း တဦးဖြစ်သူ ဦးမျိုးမြင့်ရဲ့ ကိုယ်တွေ့ဘဝကို Burma Soldier (မြန်မာစစ်သား) လို့ အမည်ပေး ရိုက်ကူး ထားတဲ့ မှတ်တမ်းရုပ်ရှင်ကားကို အမေရိကန် ပြည်ထောင်စုတဝန်း တာဝန်ယူ ဖြန့်ချိပေးမဲ့ ကမ္ဘာကျော် HBO ရုပ်မြင်သံကြားကုမ္ပဏီက နယူးယောက်မြို့မှာ မေလ ၁၂ ရက် မနေ့က အထူးပွဲ ပြသခဲ့ပါတယ်။ 

ဒီအထူးပွဲမှာ HBO ကုမ္ပဏီက တာဝန်ရှိသူတွေ၊ သတင်း မီဒီယာတွေနဲ့ သက်ဆိုင်ရာ ဖိတ်ကြားခံရသူတွေ တက်ရောက်ခဲ့တဲ့အပြင် နယူးယောက်မြို့က မြန်မာနိုင်ငံသားတချို့လည်း တက်ရောက်ခဲ့ကြတယ်လို့ ဦးမျိုးမြင့်က ပြောပါတယ်။

Sunday, May 8, 2011

အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် မြန်မာ အဆိုပြုချက် စင်ကာပူ ကန့်ကွက်

၂ဝ၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန် ရယူဖို့ မြန်မာနိုင်ငံက အဆိုပြုထားတဲ့ ကိစ္စကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဒီကနေ့စတင် ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ စင်္ကာပူနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

အာဆီယံညီလာခံနဲ့ နီးစပ်သူ အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းစာကြီးရဲ့ အင်တာနက်စာမျက်နှာမှာ အခုလို ဖော်ပြထားပါ။ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် လက်ခံမခံ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းရဖို့ အလားအလာရှိတယ်လို့လည်း ဆိုပါတယ်။