Tuesday, July 31, 2012

ဦးအောင်သိန်းလင်း ဂယက် ကြံ့ခိုင်ရေး ပါတီ အတွင်း အကြီး အကျယ် သဘောကွဲလွဲမှု ဖြစ်ပေါ်

တရုတ် နိုင်ငံ တွင်း ထုတ် ဝေသည့် သတင်း တစ်စောင် ဖြစ်သော Southern Weekend China နှင့် မေးမြန်းမှု တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟို အလုပ် အမှုဆောင် ဦးအောင်သိန်းလင်း၏ ပြော ဆို မှု ကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်း သဘောထား ကွဲ လွဲ မှု များ ဖြစ် ကာ စနေ နေ့ က တက္ကသိုလ် ရိပ်သာ လမ်းသစ် ရှိ ကြံ့ခိုင်ရေး ပါတီ ရုံး တွင် ခေါင်းဆောင် အချို့  အကြီးအကျယ် အငြင်း ပွား မှု ဖြစ်ကာ ကိုယ် ထိ လက် ရောက်မှု ဖြစ် ခဲ့ သည် ဟု အမည် မဖော်
လို သည့် ကြံ့ခိုင်ရေး ပါတီ ရန်ကုန် တိုင်း စည်းရုံး ရေး အဖွဲ့  ၀င် တစ်ဦး က FNG ကို ပြော သည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဂျေ ကန်တာနာ (Tomas Ojay Quintana) နှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ ဆွေးနွေး

(ဓာတ်ပုံ - UNDP)
ယနေ့ ဇူလိုင်လ ၃၀ ရက် ညနေ ၄း၄၀ နာရီတွင် ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ UNDP ရုံး၊ ဦးသန့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဂျေ ကန်တာနာ (Tomas Ojay Quintana) နှင့် ၈၈မျိုးဆက်ကျောင်းသားများ တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံ ဆွေးနွေးကြရာတွင် ၈၈ မျိုးဆက်ကျောင်းသားများမှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ပြုံးချို၊ မြအေးနှင့် ဂျင်မီ တို့က ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ် အတွင်း ယခင်ဖြစ်ပျက်ခဲ့မှုများနှင့် လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများ၊ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော လယ်ယာမြေ ပြဿနာ၊ အလုပ်သမားပြဿနာ အစရှိသည့် လက်ရှိမြန်မာနိုင်ငံတွင်း အခြေအနေများနှင့် နိုင်ငံရေးအကျဉ်းသား ကိစ္စရပ်များကို လူ့အခွင့်အရေးဆိုင်ရာ ဆက်စပ်မှုများနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုဆွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံ ဆွေးနွေးမှုအပြီး ညနေ ၆း၂၀ နာရီတွင် သောမတ်စ် အိုဂျေ ကန်တာနာ သည် ၈၈မျိုးဆက်ကျောင်းသားများမှ မနီလာသိန်းနှင့် မမီးမီးတို့ကို ရခိုင်အရေးကိစ္စများနှင့်ပတ်သက်ပြီး သီးခြားထပ်မံ တွေ့ဆုံ၊ မေးမြန်း၊ ဆွေးနွေးခဲ့သည်။(၈၈ မျိုးဆက်ကျောင်းသားများ ဖေ့စ်ဘုတ်ခ်မှ)

Monday, July 30, 2012

"မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI၏ဖိတ်ခေါ်ချက်အား ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်"

ဓါတ်ပုံ - ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့က တရုတ် ဒုသမ္မတ ရှိကျင်ပင်း ကြပ်ပြေး နေပြည်တော်သို့ ရောက်ရှိလာစဉ်က နအဖဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ မြစ်ဆုံရေကာတာစီမံကိန်း အတွက် စာချုပ်ချုပ်ဆိုခဲ့သည်
မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက် ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအား မြန်မာနိုင်ငံရှိ ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်း တင်ပြသွားရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တက်ရန် အစီအစဉ်များ ရှိနေသည့်အတွက် လာရောက်လေ့ လာခြင်း မပြုနိုင်ဟု အကြောင်းပြန် ခဲ့ကြောင်း CPI ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Wang Quiye ကပြောသည်။

မိဘအားရည်စူး၍ ဒီချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဟန်းခံအလှူပြုလုပ်

တပ်မတော်ဖခင်ကြီး လွတ်လပ်ရေးဗိသုကာကြီးနှင့် အာဇာနည်ခေါင်းဆောင်ကြီးဖြစ်သော ဖခင်ကြီး သခင်အောင်ဆန်းနှင့် မိခင်ကြီး သီရိသုဓမ္မ ဒေါ်ခင်ကြည်တို့အား ရည်စူး၍ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိသားစု ရဟန်းခံအလှူတော်မင်္ဂလာပွဲကို ဣသိပညဒေဝဂုရုဝါးကျောင်းတွင် ဇူလိုင်လ ၂၉ရက်နေ့ နံနက် ၇း၃၀ အချိန်တွင် ကျင်းပခဲ့ပါသည်။ ရဟန်းခံအလှူကို ဒေါ်အောင်ဆန်းစုကြည် မလာရောက်နိုင်သောကြောင့် ဒေါ်အောင်ဆန်း စုကြည်ကိုယ်စား ဦးအုန်းကြိုင်က တက်ရောက်ခဲ့ပါသည်။ (by: Burma VJ Media)

အမိန့်မနာခံသည့် ရှေ့တန်းတပ်မှူးများ ရှိလာ

ကချင်ဒေသတွင် ထိုးစစ်ဆင်တိုက်ခိုက်နေသော တပ်ဖွဲ့ဝင်များတို့သည် နောက်တန်းစစ်ဆင်ရေး ကွပ်ကဲရေးဗျူဟာစခန်း မှ စစ်ဆင်ရေးညွှန်ကြားမှုကို လိုက်နာရန် ငြီးငွေ့လာနေကြောင်း သိရှိရသည်။
အချို့တပ်ဖွဲ့ဝင်များသည် တစ်နှစ်ကျော်ခန့် ရှေ့တန်းတွင်သာ အချိန်ဖြုန်းနေရပြီး တပ်ဖွဲ့ဝင်အင်အား များစွာ ပြုန်းတီးနေကြရသည်။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာရေး ယိုယွင်းဖြစ်ကြရကာ စိတ်ဓါတ်ကျဆင်းနေကြရသည်။ ဤကဲ့သို့ အခက်အခဲများစွာကို ရင်ဆိုင်နေကြရသဖြင့် အထက်မှ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိကြတော့ချေ။
ဗျူဟာမှူး မှ ညွှန်ကြားလာသော KIA ကို နေ့စဉ်ရင်ဆိုင်တိုက်ခိုက်ရန် ညွှန်ကြားချက်ကို လိုက်နာရန် ဆန္ဒမရှိတော့ သဖြင့်၊ ရှေ့တန်းရောက် စစ်ကြောင်းမှူးများသည် အထက်သို့ အစီရင်ခံစာကို လိမ်လည်၍ တင်ပြနေကြကြောင်း သိရှိရသည်။ နေ့စဉ် KIA နှင့် မည်သည့်အရပ်တွင် ရင်ဆိုင်တိုက်ခိုက်နေကြ ကြောင်း၊ ရန်သူအလောင်း မည်မျှသိမ်းဆည်းရမိကြောင်းကို မဟုတ်မမှန် အစီရင်ခံတင်ပြနေကြ ကြောင်း သိရှိရသည်။(myitkyina.blog.comမှ ပြန်လည်ဖော်ပြသည်။)

ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ MEC မှ စီမံခန့်ခွဲလျက်ရှိသော ကားဟောင်းများ အပ်ရသည့် သံမဏိစက်ရုံ၏ အကျင့်ပျက်ချစားမှုအကြောင်း

ကျွန်တော်သည် ကားဟောင်းပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ အစိုးရက အခွန်မူဝါဒ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပြီး အခွန်လျော့ချကောက်ခံသည့်အတွက် used car အစားထိုးတင်သွင်းရန် ကျွန်တော့်ကားကို ၅.၇.၂၀၁၂ ရက်နေ့တွင် သွားအပ်ရန် အင်းစိန်ရွာမရှိ သံမဏိစက်ရုံသို့ သွားခဲ့ပါတယ်။ သံမဏိစက်ရုံသို့ရောက်သောအခါ ကားလာအပ်လာသူများစွာကို တွေ့ရပါတယ်။ လာအပ်တဲ့ လူတွေထဲမှာ ကိုယ်တိုင်ကားလာအပ်သူက (၁၀) ယောက်တွင် (၂) ယောက်သာရှိပြီး (၈) ယောက်မှာ ပွဲစားများသာ ဖြစ်ပါတယ်။ ပွဲစားတွေက ကားအပ်ရန် လေး/ငါးသောင်း ယူပါတယ်။ ၄င်းသံမဏိစက်ရုံတွင် ၀န်ထမ်းများနှင့် ပွဲစားများပေါင်းစားနေသည်ကို တွေ့ခဲ့ရပါတယ်။ ပြည်သူ့ဝန်ထမ်းတွေထဲမှာ အကျင့်ဖျက်ချစားမှုမျိုးတွေ လုံးဝမရှိသင့်တော့ပါ။ ပြည်သူ့ဝန်ထမ်းတွေက မိမိတို့ရဲ့ဝန်ထမ်းကျင့်ဝတ်ကို စောင့်ထိန်းသင့်ပါတယ်။ 

သာစည်မြို့တွင် ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် မြို့ပြင်ရွေ့ပေးရေး လူထုဆန္ဒဖော်

သာစည်မြို့တွင် ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် မြို့ပြင်ရွေ့ပေးရေး လူထုဆန္ဒဖော်ထုတ်မှုကို ဒေါ်မြင့်မြင့်အေး မှဦးဆောင်ပြီး
ယနေ့မနက် ၉ နာရီမှ စတင် ဆန္ဒပြလျှက်ရှိကြောင်း သိရှိရပါသည်။ (ကျော်နိုင်ဝင်း)
သာစည်မြို့နယ်ရဲ ၀၆၄-၆၉၀၀၁၊ ၆၉၀၁၄
မြို့နယ်အုပ်ချုပ်ရေးမှူး ၀၆၄-၆၉၀၄၅

ပြည်ထောင်စုမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ သဘောထား

မန္တလေးမြို့ ၂၈လမ်းတွင်တည်ရှိသောဆဌသံဃာယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီး
လှူဒါန်းခဲ့သော ရတနာပုံအိုးဘိုဗလီတွင် အစ္စလာမ်ဘာသာဝင်များ သောကြာနေ့နေ့လည်ပိုင်း
ပုံမှန် ဘုရားဝတ်ပြု ဆုတောင်းနေကြပုံ။ (
ဓါတ်ပုံ - Maungmaung Skw ၏ Facebook မှ.)
ပြည်ထောင်စုမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ သဘောထား။
 
 နိုင်ငံတကာသို့ မေတ္တာရပ်ခံခြင်း။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အေးချမ်းတည်ငြိမ်စွာနေလိုသော နိုင်ငံတော်ကိုချစ်မြတ်နိုးသော မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် တစ်ယောက် အနေနှင့် နိုင်ငံတကာရှိအစ္စလာမ်ဘာသာဝင်များ၊အစိုးရအဖွဲ့များ၊ကုလသမဂ္ဂအဖွဲ့အစည်းများ၊လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများ သို့ အောက်ပါအတိုင်း မေတ္တာရပ်ခံအပ်ပါသည်။

ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းသည် ရှေးယခင် နှစ်ပေါင်းများစွာ ရှေးမြန်မာဘုရင်များလက်ထက်ကထဲကလူမျိုးစုံ ဘာသာတရားမျိုးစုံနှင့်အတူ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နေခဲ့ကြသူများဖြစ်ပါသည်

တမိထဲမှမွေးဖွားလာသောတအူတုံဆင်းညီအစ်ကိုမောင်နှမအရင်းအချာများအတွင်းတွင်ပင် ပြသနာဆိုသည်မှာရှိတတ်ပါသည်။

မြန်မာ့နိုင်ငံရေး အင်အားစုတွေနဲ့ ကင်တားနားတွေ့မည်

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana ရန်ကုန်သို့ ရောက်ရှိလာစဉ်။ (ဇူလိုင် ၂၉၊ ၂၀၁၂။)
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တာနားဟာ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခအရေးစုံစမ်း လေ့လာဖို့ အတွက် မြန်မာပြည်ခရီးစဉ် စတင်တော့မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ဖိတ်ကြားချက်နဲ့ ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း မစ္စတာကင်တာနားဟာ အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေး အင်အားစုတွေ၊ ရခိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ရှိသလို အကြမ်းဖက်မူတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသတွေ ကိုလည်း သွားရောက် လေ့လာဖို့ရှိပါတယ်။ ဒီအကြောင်း အသေးစိတ်ကို မဆုမွန်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တာနားဟာ မနက်ဖြန် တနင်္လာနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ မြန်မာပြည် ခရီးစဉ်အတွင်း နေပြည်တော်က ထိပ်တန်း အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို အမျိုးသား လွှတ်တော်ကိုလည်း သွားရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

Sunday, July 29, 2012

မန္တလေးနှင့်မုံရွာမြို့များတွင် ငလျင်လှုပ်ခတ်

(ကြားဖြတ်သတင်း)
ယနေ့မနက် မြန်မာစံတော်ချိန် ၈နာရီ၊၅၂မိနစ်တွင် မန္တလေးမြို့၌ ငလျင်လှုပ်ခတ် သွားကြောင်းသိရသည်။ ငလျင်ဒါဏ်ကြောင့် ပျက်စီးထိခိုက်မှုမရှိကြောင်းဒေသခံများ မှပြောပြခဲ့သည်။ 

မန္တလေးမြို့သည် စစ်ကိုင်းပြတ်ရွှေ့ကျောနှင့်နီးကပ်စွာရှိနေ၍ ငလျင်ဒါဏ်ကြောင့် အန္တရာယ်ရှိနိုင်ကြောင်းကို ပညာရှင်တို့တွက်ဆ ထားကြသည်။ မန္တလေးမြို့တွင် လှုပ်ခတ်ခဲ့သောငလျင်အင်အားကို သက်ဆိုင်ရာတာဝန်ရှိသူတို့ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အလားတူ မနက်၈နာရီ မိနစ်၅၀အချိန်ခန့်တွင် မုံရွာမြို့တွင်လည်းငလျင်လှုပ်ခတ်ခဲ့ကြောင်းသတင်းရရှိပါသည်။ ယနေ့မနက် Papua New Guinea ကျွန်းရဲ့ ဒေသစံတော်ချိန် မနက် ၆နာရီအချိန်ခန့်တွင် ငလျင်အင်အား ၆.၆ မဂ္ဂနီကျူ့အဆင့်ရှိငလျင်လှုပ်ခတ်သွားကြောင်းကိုအမေရိကန် USGS စောင့်ကြည့်ရေးအဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ (အောင်ပန်)

Saturday, July 28, 2012

လန်ဒန်အိုလံပစ်အားကစားပွဲတော်ဖွင့်ပွဲ

Photo By Mark J. Terrill/AP Photo 
Photo By Reuters Pictures
လန်ဒန်အိုလံပစ်အားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့  ဇော်ဝင်းသက်မှ အလံ ကိုင်ဆောင်ပြီး မြန်မာ အားကစားအသင်း တက်ရောက် လာစဉ်။ (ဓါတ်ပုံ-ယာဘက်)

Friday, July 27, 2012

နှစ်၁၀၀ ကျော်သက်တမ်းရှိ ကမ်းနားဟိုတယ်ကို ပြုပြင်တိုးချဲ့မည်

ရန်ကုန်မြို့ရှိ ကမ်းနားဟိုတယ်
ကိုလိုနီခေတ်၏နောက်ဆုံးလက်ရာတခုဖြစ်သော ရန်ကုန်မြို့ ကမ်းနားဟိုတယ်ကို ယ္ခုနှစ် ခရီးသွားရာမတိုင်မှီ တိုးချဲ့ပြုပြင်ပြောင်းလဲ မှုများပြီးစီးအောင် လုပ်ဆောင်သွားမည်ဟု နှစ်ရှည်ငှာရမ်း လုပ်ကိုင်နေသော ဟောင်ကောင်အခြေစိုက်ဟိုတယ်လုပ်ငန်းအုပ်စုမှ တာဝန်ရှိသူကပြောကြားခဲ့သည်။

အင်္ဂလိပ်ကိုလိုနီခေတ်လက်ထက်တွင် Sarkies Brothers ရှောကီးညီအကိုတို့မှ ၁၈၉၆ခုနှစ်မှစတင်တည်ဆောက်ခဲ့ပြီး ၁၉၀၁ခုနှစ်၌ ဟိုတယ်အဖြစ်စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် ရန်ကုန်စားသောက်ဆိုင်ပိုင်ရှင် Peter Bugalar Aratoon and Ae Amovsie တို့အားပြန်လည်ရောင်းချခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ဖက်ဆစ်ဂျပန်အောက်ကျရောက်စဉ် ဂျပန်တို့သည် ကမ်းနားလမ်းဟိုတယ်အား ဂျပန်စစ်ဆင်ရေးဌာနချုပ်ရုံးအခြေစိုက်ကာ တိုကျိုမြို့မှ Imperial Hotel မှလက်လွဲယူကာ ဟိုတယ်ဆက်လက်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၂ခုနှစ်တွင် မြန်မာ့စီးပွားတိုးတက်ရေးကော်ပိုရေးရှင်းက လက်လွှဲယူပြောင်းလှစ်ဖွင့်လှစ်ခဲ့ရာတွင် ဟိုတယ်၏အဆင့်အတန်းမှာအလွန်နိမ့်ကျသွားခဲ့ရသည်။၁၉၈၉ခုနှစ်နောက်ပိုင်းတွင် မြန်မာစီးပွားရေးသမားတဦးဖြစ်သူ Bernard Pe Win ထံသို့ရောင်းချခဲ့ပြီး ရင်နှီးမြုပ်နှံမှုအစုအဖွဲ့ပြန်လည်ပြီး ဖွင့်လှစ်ခဲ့သည်။

လယ်သမားအရေး ၈၈ တွေဝင်ရောက်ကူညီ


၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်က ၈၈ မျိုးဆက် ကျောင်းသားများရုံးခန်းတွင် လယ်ယာမြေများ အသိမ်းခံရသည့် လယ်သမားများ လာရောက်တွေ့ဆုံ တင်ပြနေစဉ်။
ရန်ကုန်တိုင်း သံလျင်မြို့နယ် အလွမ်းဆွတ်ရွာမှာ စစ်တပ်က အဓမ္မသိမ်းထားတဲ့ လယ်တွေကို မူလလယ်သမားတွေ ပြန်ပြီးထွန်ယက်တဲ့အတွက် ဒီနေ့မနက်မှာ စစ်တပ်က လက်နက်နဲ့ဝိုင်းပြီး ခြိမ်းခြောက် တားမြစ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကြားဝင် ညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲဒီနေရာကို လယ်သမားရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမျိုးသန့်၊ ကိုထွန်းမြင့်အောင်တို့ ရောက်သွားပြီး လယ်သမားတွေရဲ့ အခြေအနေနဲ့ ဆန္ဒတွေ မေးမြန်း စုံစမ်းခဲ့ပါတယ်။ အဲဒီနောက် သိမ်းထားတဲ့ လယ်တွေကို တာဝန်ရှိသူ စစ်တပ်အရာရှိနဲ့ ဆွေးနွေးပေမယ့် အဆင်မပြေတဲ့အတွက် ရန်ကုန်တိုင်းအစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးကို ဆက်သွယ်ပြီး ဒီပြဿနာဖြေရှင်းဖို့ကြိုးစားခဲ့တဲ့ အကြောင်း ကိုမျိုးသန့်က ပြောပါတယ်။

"အဲဒီမှာ တာဝန်ရှိတဲ့သူထဲက အကြီးဆုံး ဗိုလ်မှူး အောင်နေမျိုးပေါ့ဗျာ။ သူ့ဆီကို ဒီကိစ္စကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းနိုင်မလဲလို့ မေးတဲ့ အခါကျတော့ ကျွန်တော့မှာဘာမှ ပြောပိုင်ခွင့် မရှိဘူးတဲ့။

Thursday, July 26, 2012

ဗန်းမော်မြို့ ကယ်ဆယ်ရေးလုပ်ငန်း ညံ့ဖျင်းကြောင်း ရှပ်ပြေးယာဉ်နစ်မြုတ်စဉ်က ပါဝင်သူအချို့မှ ပြောဆို

၂၀၊၇၊၂၀၁၂ရက်နေဗန်းမော်ဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သော ရှပ်ပြေးယာဉ်နစ်မြုတ်မှု၌ ကယ်ဆယ်ရေးပြုလုပ်ပေးခဲ့သည့် အဖွဲ့များ အနေဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် လိုအပ်ချက်များစွာရှိခဲ့ကြောင်း လွှတ်မြောက်လာသူ ဇနီးမောင်နှံနှစ်ဦးတို့ မှ  ပြောကြားခဲ့ပါသည်။

“အဓိကကတော့ ရှပ်ပြေးမှောက်ပြီး မသေဘဲပြန်လွှတ်လာတဲ့ ခရီးသည်တွေအတွက် ယာယီ နေထိုင်နိုင်မယ့် ကယ်ဆယ်ရေးစခန်း မဖွင့်ပေးခဲ့တာပါဘဲ၊ ကျွန်မတို့ခရီးသွားတယ်ဟာ ကုန်ဝယ်ရင်းသွားတာပါ၊ ကျွန်မတို့ဇနီးမောင်နှံ ရှပ်ပြေးပေါ်ရောက်တဲ့အချိန်မှာ ငွေ လက်ကျန်က မရှိတော့ဘူး၊ ၂၀၀၀၀နီးပါးပဲကျန်တယ်၊ရှပ်ပြေး မထွက်ခင်မှာ ရှပ်ပြေးမောင်းတဲ့သူဟာ အရက်စော် နံထောင်းနေအောင် သောက်ထားတယ်၊ခရီးသည်တွေလည်း ဒါကို သိကြတယ်။ ၊နောက် ရှပ်ပြေးကသေးတယ်၊ခရီးသည်နဲ့ ကုန်ပစ္စည်းတွေများလွန်းတယ်၊ ရှပ်ပြေးမှောက်တာဟာ ကမ်းနားမှာ ထပ်ပြီးရပ်ထားတဲ့ ရှပ်ပြေးအကြီး (၇)စီးထပ်လောက်ရဲ့ရှပ်ပြေး ဦးကို ကျွန်မတို့ ရှပ်ပြေးအသေးလေးနဲ့ ဘေးတိုက်ဝင်တိုက်ပြီး နစ်မြုတ်တာပါ၊ရှပ်ပြေးနစ်တော့ ခရီးဆောင်အိပ်တွေ ဘာတွေအကုန်ရေထဲပါသွားတယ်။

မြေသိမ်းခံလယ်သမားများ ထွန်စက်ရှေ့ လှဲပြီး တားဆီးဆန္ဒပြ

ဇူလိုင်လ ၂၅ ရက်နေ့က မြေသိမ်း ကုမ္ပဏီပိုင် လယ်ထွန်စက်ရှေ့လှဲပြီး ဆန္ဒပြနေသော ၀မ်းတွင်းမှ လယ်သမား ၃ ဦး (ဓာတ်ပုံ – မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်)



မန္တလေးတိုင်း မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ် အိုးပြွန်ရွာမှ ထွန်တုံးတိုက်ပွဲဝင်နေသော လယ်သိမ်းခံ လယ်သမားများ၏ မြေများတွင် ကောင်းကင် ကုမ္ပဏီက ယမန်နေ့တွင် ခြံစည်းရိုးခတ်ခြင်း၊ ထွန်စက်များဖြင့် လယ်ထွန်ခြင်းများကို ဆန့်ကျင်သည့်အနေဖြင့် ထွန်စက်များရှေ့တွင် တားဆီးဆန္ဒပြမှု လယ်ပိုင်ရှင်များက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

“ကိုကျော်ဝင်းရဲ့  အကွက်ကို ထွန်စက်တွေက စ လာထွန်တာ။ ကိုကျော်ဝင်း၊ ကိုသိန်းအောင်နဲ့ ဦးတုတ်ကြီးတို့က ထွန်စက်ရှေ့ လှဲအိပ်လိုက်တယ်။ ထွန်ချင်ရင် ကျနော်တို့ပေါ် နင်းသွား၊ ဖြတ်သွားပြီးမှ ထွန်ဆိုပြီးတော့။ အဲ့ဒီအခါမှာ ကောင်းကင်ကုမ္ပဏီ အစောင့်တဲက ကလေးက သူတို့ရုံးကို ဖုန်းလှမ်းဆက်တော့ သူတို့ရဲ့ တာဝန်ခံက ကိုဌေးလွင်က မောင်းသာဆက်မောင်းလို့ ပြောတာ။ ကားမောင်းတဲ့ ကလေးကတော့ စက်ကို ရပ်လိုက်ပြီးတော့ ကားကနေ သော့ဖြုတ်ပြီး ပြန်သွားတယ်” ဟု လယ်ပိုင်ရှင်တဦးက ပြောသည်။

ဘာလုပ်နေလဲ မြို့တော် စည်ပင်သာယာရေး ကော်မတီ......

ယနေ့ည ၇ နာရီအချိန်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းမကြီး (ယခင် တာမွေအ၀ိုင်းအနီး) ပေါ်တွင် မိုးရေများ လျှံနေလျှက်ရှိရာ ဘတ်စ်ကားကြီးများပင် သွားလာမရဘဲ ရပ်ထားကြရသည်။ အချို့ အရဲစွန့် မောင်းခဲ့သော ဆလွန်းကားများမှာ လမ်းလယ်ခေါင်တွင် ရေတစ်ဝက်မြုပ်လျှက် ရပ်သွားသည်အထိ ဒုက္ခရောက်လျှက် ရှိနေသည်။

"ကျွန်တော်တို့ က ဘတ်စ်ကားကြီးနဲ့ လာခဲ့တာ။ ရေမြုပ်နေတဲ့ နေရာမှာ ကားက စက်ရပ်သွားလို့ ဆင်းပြီးလမ်းလျှောက်လာရတယ်။ ဘယ်မြို့တော်ဝန်ဘဲ အုပ်ချူပ်အုပ်ချူပ် လမ်းတွေကတော့ မိုးရွာရင် ပင်လယ်ပြင် ဖြစ်တော့တာဘဲ။" ဟု ခြေလျှင် လမ်းလျှောက် လာသူ တာမွေမြို့နယ်သား ကိုကျော်မြင့် က ပြောသည်။

မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ရန်ကုန် မြို့တော်ကြီးကို အဆင့်မှီ မြို့တော်ကြီးဖြစ်စေရမည် ဟု ကြွေးကြော်ခဲ့သော်လည်း ယခုအချိန်အထိ တိုးတက်မှု အရိပ်အရောင်မျှပင် မြင်တွေ့ရခြင်း မရှိသေးကြောင်း အချို့ပါတီများရှိ လွှတ်တော် အမတ်များ အနေဖြင့်လည်း မဲဆွယ်သည့် အချိန်တွင်သာ ဘာလုပ်ပေးမည် ညာလုပ်ပေးမည်ဟု ပြောဆို ဂတိပေးလေ့ ရှိသော်လည်း မဲရရှိပြီးနောက် မည်သည့် အကျိုးပြုလုပ်ငန်းကိုမျှ ထိထိရောက်ရောက်လုပ်ဆောင်ခြင်း မရှိကြောင်း အဆိုပါ တာမွေသားမှ ဆက်လက်ပြောကြားခဲ့သည်။ ကိုသောင်း-(ပုလဲမြေဖ့စ်ဘုတ်ခ်စာမျက်နှာမှ)

Wednesday, July 25, 2012

"တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး" အဆိုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတင်ပြမှု

ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ "တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး" အဆိုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတင်ပြမှု အပြည့် အစုံ....
-------------------------------------------------------------------------
လေစားအပ်ပါသော လွှတ်တော်ဥက္ကဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ရှင်။ ကျမက ရန်ကုန်တိုင်းဒေသကြီး ကောမှုးမြို့နယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ကျမ အနေနဲ့ ဦးတီခွန်မြတ်ရဲ့တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်ရေးများကာကွယ် စောင့်ရှောက်ရေးနဲ့ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။

အခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာဆိုလို့ ရှိရင် တိုင်းရင်းသားလူမျိုးများဆိုတဲ့ ဝေါဟာရကိုသတ်သတ် မှတ်မှတ် အဓိပ္ပယ်ဖေါ်ထားတာ မရှိပါဘူး။၁၉၈၂ ခု နှစ် နိုင်ငံသားဥပဒေမှာဆို-ရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်ကစပြီး ဒီနေ့ နိုင်ငံမှာ မှီတင်းနေထိုင်ခဲ့တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပါယ်ဖေါ်ထားပါတယ်။ အဲ့ဒီ့အထဲမှာဗမာတွေလည်းပါပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန် ရွေးချယ်ပြီးစီး”

ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်နေရာနှင့် ဒေါ်ခင်ကြည်ဇာတ်ရုပ်နေရာအတွက် လူရွေးချယ်ပြီးကြောင်းကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီကထုတ်ပြန်ကြေငြာထားပါတယ်။

ဗိုလ်ချုပ်ဇာတ်ရုပ်နေရာတွင်

၁။ မောင်ကျောက်ခဲ (သုစိတ္တာရုံကျောင်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့)
၂။ မောင်ကျော်ကျော်မျိုး (KBZ ဘောလုံးအဆောင်၊ ရွှေအင်ကြင်းရိပ်မွန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့) ဖြစ်ပြီး

ဒေါ်ခင်ကြည်ဇာတ်ရုပ်နေရာတွင်
၁။ မဇာခြည်လင်း (အမှတ်-၂၊ ကိုးဆူကျောင်းလမ်း၊ ပုသိမ်မြို့နယ်)
၂။ မသင်းမြတ်သန္တာလှိုင် (ရ.ယ.က ၀န်း၊ သမာဓိလမ်း (၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့) တို့ကို ရွေးချယ်ထားကြောင်းသိရပါတယ်။(ပေါ်ပြူလာဂျာနယ်မှကူးယူဖော်ပြသည်။)

Tuesday, July 24, 2012

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားတို့ ဆန္ဒပြ

ဓါတ်ပုံ- ရိုက်တာ
ဓါတ်ပုံ- ရိုက်တာ
ထိုင်းနိုင်ငံရောက်မြန်မာရဟန်းသံဃာ တို့လက်တွင် " Rohingya No" ဟု ရေးထိုးကာ ယနေ့ ဘန်ကောက်မြို့ ရှိ မြန်မာသံရုံးရှေ့ တွင် မြန်မာနိုင်ငံသား တို့ နှင့်အတူ ဆန္ဒပြခဲ့ကြသည်။  ကချင်ဒေသတွင်ဖြစ် ပွားနေသောပြည် တွင်းစစ်အမြန်ဆုံးရပ်ရန်၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန်၊မြန်ပြည်ပြန်ခွင့်နှင့် ၂၀၁၅ ခုနှစ်  ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိရန် စသော  တောင်းဆိုချက်များပါဝင်သောအိပ်ဖွင့်ပေးစာတစောင်ကို သမ္မတဦးသိန်းစိန်ထံ သို့ပေးအပ်ခဲ့သည်။ (အောင်ပန်)

ရွှေည၀ါဆရာတော် ဦးပညာသီဟ အမေရိကန်ပြည်သို့ ကြွရောက်မည်

ရွှေည၀ါဆရာတော် ဦးပညာသီဟ 
မြန်မာပြည် အမျိုးသားရေးနှင့် သာသနာရေးလှုပ်ရှားမှုများတွင် ထင်ရှားသည့် ဆရာတော်တပါးဖြစ်သည့် ရွှေည၀ါဆရာတော် ဦးပညာသီဟ အမေရိကန်ပြည်ထောင်စုသို့ ခေတ္တကြွရောက်မည် ဟု ကြားသိရသည်။ ဇူလိုင်လ ၂၅ ရက် ညနေခင်းတွင် ဆန်ဖရန်စစ္စကို ဘေးဧရိယာသို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ ဥက္ကလံမြို့တော် ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်းတွင် ယာယီသီတင်းသုံးမည် ဖြစ်ကြောင်းနှင့် တရားပွဲများနှင့် ခရီးစဉ်ကို ဓမ္မအေးရိပ်ကျောင်း ဆရာတော် ဦးအရိယာစာရနှင့် ကျောင်းဝေယျာဝစ္စ ဆောင်ရွက်သူ ၊ အလှူဒါယကာတဦးဖြစ်သူ ကိုရန်အောင်တို့ထံ စုံစမ်းနိုင်ကြောင်း သိရှိရသည်။ ၎င်းလိပ်စာမှာ အောက်ပါအတိုင်းဖြစ်သည်။ 
Dhamma Aye Yake Monastery, 2523, 23rd Ave, Oakland, CA 94606
Phone – 510-610-9758
မိုးမခအထောက်တော် ၀၀၂၊ ဇူလိုင် ၂၄၊ ၂၀၁၂

Monday, July 23, 2012

ကလေး အလုပ်သမားများ ဆန္ဒပြမှု အောင်မြင်

မန္တလေး Ve Ve အချိုရည် စက်ရုံမှ ဆန္ဒပြ ကလေးအလုပ်သမားများ (ဓာတ်ပုံ – မန်းသားလေး/ ဧရာဝတီ)
မန္တလေးစက်မှုဇုန်ရှိVe Ve အချိုရည် စက်ရုံတွင်အလုပ်လုပ်နေသောကလေးအလုပ်သမားများ အပါအဝင် အလုပ်သမား ၁၀၀ ကျော်သည် လုပ်ခ လစာနှင့် အခွင့်အရေးများ အပြည့်အ၀ မရရှိသည့်အတွက်ယမန်နေ့က ထိုင် သပိတ်မှောက်ပြီး ဆန္ဒပြ တောင်းဆိုမှုများပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်းသိရသည်။

ယင်းစက်ရုံတွင် အခြေခံ လုပ်ခလစာကိုကျပ် ၁ သောင်းခွဲခန့်သာပေးပြီး ဒဏ်ကြေးနှင့် လစဉ် ဖြတ်တောက်ကြေးများပြင်းထန် သည့်အတွက် အချက် ၁၃ ချက်ကို ဆန္ဒပြ တောင်းဆိုကြခြင်းဖြစ်သည်။

မုံရွာမြို့ အ.ထ.က (၂) ကျောင်းဆောင်ပြိုကျ




၂၃၊ ၇၊ ၂၀၁၂ တနင်္လာနေ့ နေ့လည် ၂ နာရီခွဲ ခန့်တွင် မုံရွာမြို့၊ ဒေါနခြံရပ်၊ အမှတ် ( ၂ ) အခြေခံပညာအထက်တန်းကျောင်း၊ န၀မတန်းကျောင်းဆောင်( Corridor ) လူသွားစင်္ကြန် ပြိုကျမှုဖြစ်ပွားခဲ့သည်၊ ကျောင်းသူ၊ ကျောင်းသား အယောက် ( ၃၀ ) ခန့်၊ ဒဏ်ရာ ရရှိသည် ဟု သတင်းရရှိပါသည်။
(ကျော်စွာဝင်းသန့်)

နေဘုန်းလန်ရဲ့ "ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်"


"ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်" ... လို့အမည်ပေးထားတဲ့ ကျနော့်ရဲ့ ပထမဆုံး ဝတ္ထုတိုစုစာအုပ်လေး ... သြဂုတ်လဆန်းပိုင်းမှာထွက်နိုင်ဖို့ စီစဉ်နေပါတယ် ...။ စာအုပ်မိတ်ဆက်ပွဲကို နီးမှ ထပ်မံဖိတ်ကြားပါမယ်။"လို့  ဆိုပါတယ်။ (ဖေ့စ်ဘုတ်ခ်မှ)

ဒေါ်အောင်ဆန်းစုကြည်အတ္ထုပတိ မှတ်တမ်းရုပ်ရှင်

ဓာတ်ပုံ - မင်းထင်ကိုကိုကြီး
ဒေါ်အောင်ဆန်းစုကြည်အတ္ထုပတိကို မှတ်တမ်းရုပ်ရှင်(Documentary ) အဖြစ် ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဇူလိုင်လ ၂၁ရက် နံနက် ၁၀နာရီက ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း၊ခြံနံပတ် ၅၄ တွင် စတင်ရိုက်ကူးခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်၏ ကလေးဘ၀မှ လက်ရှိအချိန်အထိ အဖြစ်အပျက်၊အကြောင်းအရာများကို အင်တာဗျူး ပြုလုပ်ခဲ့ရာတစ်နာရီကြာမြင့်ခဲ့ပြီး ရိုက်ကွင်းတွင် ဖြေကြားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (သတင်း - 7Day News Journal)

ကိုမြအေး၏ မိုးကောင်းကင်၌တိမ်တိုက်များလုံးချင်းဝတ္တု ထုတ်ခွင့်ရပြီ

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ မိုးကောင်းကင်၌တိမ်တိုက်များလုံးချင်းဝတ္တု ထုတ်ခွင့်ရပြီဖြစ်ကြောင်း ကိုမြအေး ၏ ဖေ့စ်ဘုတ်ခ် တွင် မျက်နှာဖုံးပုံနှင့်အတူ "ကျွန်တော် မြအေး၏ မိုးကောင်းကင်၌တိမ်တိုက်များလုံးချင်းဝတ္တုအား စာပေစိစစ်ရေးမှ ခွင့်ပြုချက်ရပြီးဖြစ်ေ သာကြောင့် သြဂုတ်လအတွင်းတွင် ထွက်ရှိမည်ဖြစ်ပါကြောင်း။" ရေးသားချက်ကို တွေ့ရပါသည်။

ABSDF ၏ဥက္ကဌဟောင်း(၂ ) ဦး ပြည်တော်ဝင်ခွင့်ကျပြီဟု သတင်းများထွက်ပေါ်

၁၉၈၈ခုနှစ်အရေးတော်ပုံအပြီးထိုင်းမြန်မာနယ်စပ်တွင်ဖွဲ့စည်းခဲ့သော ကျောင်းသားများဒီမိုကရက်တစ်တပ် ဦး(ABSDF)၏ ပထမဆုံးဥက္ကဌဟောင်းရဲဘော်ထွန်းအောင်ကျော်နှင့် ဒုတိယမြောက် ဥက္ကဌဟောင်း ရဲဘော် မိုးသီးဇွန်တို့အားသမ္မတအမိန့်ဖြင့် ပြည်တော်ဝင်ခွင့်ပြုလိုက်ကြောင်းသတင်းများထွက်ပေါ်နေသည်။ အမေရိကန်ပြည်ထောင်စုတွင်အခြေချနေထိုင်နေသော ဥက္ကဌဟောင်း၂ဦးအပါအဝင် စုစုပေါင်း ၅ဦးအား သမ္မတဦးသိန်းစိန်အမိန့်ဖြင်ပြည်တော်ဝင်ခွင့်ပြုလိုက်ကြောင်း ယနေ့မနက် အင်တာနက်တွင်ပြောဆိုနေကြ သည်

Sunday, July 22, 2012

ကလေးအလုပ်သမားတွေ မန္တလေးမှ ဆန္ဒပြ


ဒီကနေ့ (ဇူလိုင် ၂၂) မနက် ၇း၃၀ ကစပြီး မန္တလေးစက်မှုဇုံက Ve Ve အချိုရည် စက်ရုံမှာ ထုံးစံအတိုင်း လစာကိစ္စနဲ့ ဆန္ဒပြနေကြပါတယ်။ ဒီစက်ရုံမှာ သုံးပုံနှစ်ပုံက ၁၈ နှစ်အောက်ကလေးတွေဖြစ်ပြီး၊ အယောက် ၄၀ ကျော်က ၁၃ နှစ်အောက် အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။
 

သမ္မတဦးသိန်းစိန် စီးပွားရေးရာကိစ္စများ ဆွေးနွေးရန် ထိုင်းနိုင်ငံသို့ ရောက်ရှိ

ဘန်ကောက်၊ ဇူလိုင် - ၂၂
Bangkok Post/The Nation

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ နိုင်ငံတော်အလည်အပတ်ခရီး ရောက်ရှိလာပြီး ၄င်း၏ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား စီးပွားရေးရာကိစ္စများကို အဓိကထား ဆွေးနွေးဖွယ်ရှိသည်။

ထိုင်းနိုင်ငံ ခရီးစဉ်အား နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်သည် ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး၊ မြန်မာသမ္မတကို ထိုင်းက ကော်ဇောနီခင်း ကြိုဆိုခဲ့သည်။ ဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ရက်နေ့တွင် လမ်ချာဆန်း ရေနက်ဆိပ်ကမ်းသို့ သွားရောက်မည်ဖြစ်ပြီး နောက်တစ်နေ့(ဇူလိုင် ၂၃)တွင် ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်နှင့် တွေ့ဆုံပြီး ယင်းတွေ့ဆုံပွဲအပြီးတွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်မည်ဖြစ်သည်။

ကိုမင်းကိုနိုင်၏ပထမဆုံးလုံးချင်းဝတ္ထု နောက်ကြည့်မှန်စာအုပ်မိတ်ဆက်


ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမျိုးအောင်နိုင်၊ မနီလာသိန်း၊ မမီးမီး၊ ကိုရဲလင်းတို့ ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့ ၂၁.၇.၂၀၁၂ (စနေနေ့) နံနက် ၁၁း၀၀ နာရီတွင် ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့သို့ ထွက်ခွာလာခဲ့ပါသည်။ ညနေ ၃း၃၀ တွင် မြောင်းမြသို့ ရောက်ရှိခဲ့ပြီး ညနေ ၅း၃၀ တွင် မြောင်းမြမြို့၊ (၄) ရပ်ကွက်၊ ဦးဘချိုလမ်း၊ အမှတ် (၂၈၄) Victory Store ၌ ကိုမင်းကိုနိုင်၏ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သော
နောက်ကြည့်မှန်စာအုပ်မိတ်ဆက်အဖြစ် ပရိတ်သတ်များအား အမှတ်တရ လက်မှတ်ရေးထိုး ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ (Kyaw Swar Myint facebook မှ )

Friday, July 20, 2012

အာဇာနည်ကြီးများကို ဦးညွတ် အလေး ပြု ပါသည်

ယနေ့ အာဇာနည်နေ့ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ.. တက်ရောက် လွမ်းသူပန်းခွေချ ခဲ့ပါတယ်..


လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုအပ်ပါသည်။။

Sunday, July 15, 2012

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း,,,,


ရဲဘော်တို့........

ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။

ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။

ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။ 

ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။

အစိုးရတပ်မှ ကလေးစစ်သား ၅ ဦး KIA ထိန်းသိမ်းထား

အစိုးရစစ်တပ်မှ ကလေးစစ်သားတဦး (ဓာတ်ပုံ – ဧရာဝတီ)
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာအစိုးရ စစ်တပ်တို့ ၁ နှစ်ကျော်ကြာသည် အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့စဉ် ကလေးစစ်သား ၅ ဦးအပါအဝင် မြန်မာအစိုးရ တပ်သား ၃၄ ဦးကို KIA ဘက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးရသည့် မြန်မာ့တပ်သားများနှင့် ကလေးစစ်သားများကို အစိုးရတပ်များဘက်သို့ အေးချမ်းစွာ ပြန်လည်ပို့ဆောင် ချင်ကြောင်း KIA ဒုတိယ စစ်ဦးစီးမှူး ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။

“ဒီတပ်သားတွေ အားလုံးကို သူတို့တပ်ရင်း ပြန်ပို့ချင်တယ်။ အေးချမ်းစွာနဲ့ပေါ့။ အဲဒီအထဲမှာ ကလေးစစ်သား တွေလည်းပါ တယ်။ သူတို့ တပ်ကိုပြန်ရောက်အောင်၊ ဘာပြဿနာမှ မဖြစ်အောင်တော့ လုပ်ရမှာပေါ့။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း ဦးအောင်သောင်း တို့ကို စာပို့ထားပါတယ်။ ဒါပေမယ့် ဘာမှ အကြောင်းမပြန် သေးဘူး” ဟု သူက ဆိုသည်။

Wednesday, July 11, 2012


ယနေ့နေပြည်တော်ရှိဟိုတယ်တခုတွင် ဒေါ်အောင်ဆန်းစုကြည်အား UK Trade and Investment ( UKTI )စီပွားရေးသံတမန်အဖွဲ့ဥက္ကဌ Lord Marlandမှ Churchill ဆုကိုပေးအပ်ချီးမြှင့်စဉ်။

Wednesday, July 4, 2012

ဟောင်ကောင်မင်းသား Jackie Chan မြန်မာနိုင်ငံကို ရောက်ပြီ

ဒီကနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသား Jakie Chan ဟာ မန္တလေးမြို့က မိဘမဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သွားခဲ့ပါတယ်။ သူ့ကို ဧည့်ခံကြိုဆိုဖို့ ၅ စုတိုက်ကျောင်းမှာ အစီအစဉ်လုပ်ထားခဲ့ပေမဲ့ ခဏလေးပဲလာသွားခဲ့တာမို့ သူ့ကို တွေ့ဖို့ နာရီနဲ့ချီစောင့်ခဲ့ကြသူတွေက အားမရဘူးလို့ ပြောကြပါတယ်။ 

ကလေးငယ်တွေကို ရောင်း ချမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Jakie Chan ရဲ့ ခရီးစဉ်အကြောင်း စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
ကုလကမဂ္ဂရဲ့ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အစီအစဉ်နဲ့ ၃ ရက်ခရီးနဲ့ ဒီကနေ့ ညနေ ပိုင်းမှာ မန္တလေးကို Jakie Chan ရောက်လာခဲ့တာဖြစ်ပါတယ်။ UNICEF အကျိုးဆောင် သံအမတ်ကြီး အဖြစ် Jakie Chan မန္တလေးမြို့ကို ရောက်ရောက်ချင်းမှာပဲ ချမ်းအေး သာဇံမြို့နယ်မှာရှိတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အရင်ဆုံးသွားခဲ့ပါတယ်။ အဲဒီမှာ သူ့ကို တွေ့ဆုံ နှုတ်ဆက်နိုင်ဖို့ ပရိတ်သတ်တွေ နာရီနဲ့ချီအောင် ဘုန်ကြီးကျောင်းရှေ့မှာ စောင့်နေခဲ့ကြပေမဲ့ ခဏလေးပဲတွေ့လိုက်ကြ ရတယ်လို့ မန္တလေးမြို့ခံ ကို ငြိမ်းချမ်းက ပြောပြပါတယ်။

Tuesday, July 3, 2012

ယနေ့လွှတ်ပေးမည့် အကျဉ်းသားများအနက် နိုင်/ကျဉ်းထဲမှ ကိုပြည့်ဖြိုးအောင်နှင့် ကိုသန်းဇော်တို့ပါဝင်ကြောင်း အတည်ပြု...

နံနက် ၉နာရီ၊ ဇူလိုင် ၃၊ ၂၀၁၂၊ YPI

နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ယနေ့လွှတ်ပေးမည့် မြန်မာနိုင်ငံသား အကျဉ်းသား ၄၆ ဦးအနက် နိုင်ငံရေး ပြစ်မှုဖြင့် ကျခံနေရသူများအနက်မှ ကိုသန်းဇော် နှင့် ကိုပြည့်ဖြိုးအောင်တို့ ပါဝင်ကြောင်း နိုင်/ကျဉ်း ဟောင်းများ အဖွဲ့မှ ကိုသက်ဦးက YPI အတည်ပြုပြောကြားသည်။

ကိုသန်းဇော်မှာ ၁၉၈၈ အရေးအခင်းပြီးနောက် ၁၉၈၉ ခုနှစ်တွင် သန်လျင်ဗုံးဖေါက်ခွဲမှုဖြင့် ဖမ်းဆီးသေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်ထဲတွင် ၂၃ နှစ်တာကျခံနေရပြီး ယခုအခါ သရက်အကျဉ်းထောင်မှ လွှတ်မြောက်လာမည် ဖြစ်၍ ကိုပြည့်ဖြိုးအောင်မှာ Generation Wave နှင့် ပတ်သက်၍ ဖမ်းဆီးခံထားရကာ ယခုလက်ရှိ ပြည်အကျဉ်းထောင်တွင် ကျခံနေရသူဖြစ်သည်။

လွတ်မြောက်သည့် အထဲတွင် အခြားမည်သည့် နိုင်ငံရေး အကျဉ်းသားပါဝင်ခြင်း ရှိမရှိကို စုံစမ်းမေးမြန်း နေဆဲဖြစ်သည်။ ။
(Yangon Press International)

ဘယ်သူတွေလွတ်မှန်းမသိ


အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း (၈ဝ) ဦးတို့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေး
Tuesday, 03 July 2012 07:08 administrator
E-mail Print PDF
နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင် နိုင်ခွင့်ရှိစေ ရေးအတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေး ပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲ စေရန်အတွက် လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) နှင့်အညီ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသား အကျဉ်းသူ ကိုးဦး စုစုပေါင်း ၄၆ ဦး နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအခြင်းခြင်း မိတ်ဝတ်မပျက် ဆက်ဆံရေး တို့ကို ရှေ့ရှုသောအားဖြင့် လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လည်းကောင်း နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး စုစုပေါင်း ၈၀ ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) အရ မြန်မာ သက်ကရာဇ် ၁၃၇၄ ခုနှစ်၊ ပထမဝါဆို လပြည့်နေ့(ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)

Sunday, July 1, 2012

ဒေါ်အောင်ဆန်းစုကြည်ကို လူထု သောင်းသောင်းဖြဖြ ကြိုဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပအပြန် ခရီးကို ကြိုဆိုခဲ့ကြတဲ့ ရန်ကုန်မြို့က ပြည်သူတချို့။ (ဇွန်လ ၃၀၊ ၂၀၁၂)
ဥရောပ ၅ နိုင်ငံခရီးကနေ ဒီကနေ့ ဇွန်လ ၃၀ ရက် စနေ့ မနက်က ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ အဖွဲ့ဝင်တွေအပြင် လူထုက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ရန်ကုန်က နေအိမ်မှာ ခဏနားနေပြီး ဇူလှိုင်လ ၄ ရက်နေ့ကျရင် နေပြည်တော်မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို သွားတက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်အပြန်ခရီးကို လူထုက ဘယ်လိုကြိုဆိုခဲ့ကြသလဲ ဆိုကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။